COVID-19 ကြောင့် လူသေဆုံးမှု ပမာဏကို ရယူရာမှာ ကွဲပြားမှုတွေ ရှိနေပါတယ်။ နိုင်ငံအများစု အနေနဲ့ COVID-19 ကြောင့် သေဆုံးမှုစာရင်းကို ကောက်ယူတဲ့အခါမှာ ဆေးရုံမှာ သေဆုံးသူတွေကိုသာ ကောက်ယူလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း တိကျတဲ့ ကိန်းဂဏန်းရဖို့ဆိုတာ မလွယ်ကူတဲ့အကြောင်းက ဆေးရုံပြင်ပမှာလည်း COVID-19 ကြောင့် သေဆုံးသူတွေ ရှိနေကြပါတယ်။
ဗြိတိန်နိုင်ငံမှာ COVID-19 ကြောင့် အနည်းဆုံးလူပေါင်း ၄၁,၀၀၀ သေဆုံးခဲ့ရပြီး အင်္ဂလန်နဲ့ ဝေလနယ်မှာတင် ဆေးရုံပြင်ပ သေဆုံးသူပေါင်း ၁ သောင်းနီးပါးရှိတယ်လို့ မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။ ဆေးရုံပြင်ပမှာ သေဆုံးကြသူတွေဟာ COVID-19 ရောဂါကြောင့် နေအိမ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။
မေလ ၈ ရက်နေ့အထိ ဗြိတိန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူတွေကို သေစာရင်း မှတ်ပုံတင်ထားရာမှာ ၄၁,၀၂၀ ယောက် ရှိနေတယ်။ ဒီအရေအတွက်ထဲမှာ ဆေးရုံပြင်ပ သေဆုံးသူတွေလည်း ပါဝင်ပါတယ်။
လက်ရှိမှာလည်း ဗြိတိန်နိုင်ငံမှာ COVID-19 ကြောင့် နေ့စဉ် လူပေါင်း ရာချီပြီး သေဆုံးနေရပါတယ်။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်လည်း သေဆုံးမှုနှုန်း အများဆုံးနိုင်ငံဖြစ်နေတဲ့ ဗြိတိန်ဟာ ဒုတိယ အမေရိကန် ဖြစ်လာနေပါတယ်။ ဗြိတိန်အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရ Positive တွေ့ရှိရတဲ့ လူနာတွေအနက်က လူပေါင်း ၃၅,၃၄၁ ယောက် သေဆုံးခဲ့တယ်လို့သာ မှတ်တမ်းတင်ထားပါတယ်။ သေဆုံးသူ စာရင်းတွေမှာ ကွာခြားချက်တွေ ရှိနေပါတယ်။
အမှန်တကယ် သေဆုံးသူ အရေအတွက်က အနည်းဆုံး ၄၁,၀၀၀ ဖြစ်ပြီး COVID-19 ကို ကိုင်တွယ်ပုံညံ့ဖျင်းတဲ့အတွက် ဘောရစ်ဂျွန်ဆင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဝေဖန်မှုတွေ ခံနေရပါတယ်။ COVID-19 ရောဂါကို စမ်းသပ်ရာမှာလည်း အကန့်အသတ်နဲ့သာ စမ်းသပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်နေကြပါတယ်။
ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ Matt Hancock ကတော့ နေအိမ်တွေမှာ သေဆုံးနေရတဲ့ COVID-19 လူနာအရေအတွက်က ကျဆင်းလာနေတယ်လို့ ပြောပါ တယ်။
Ref: CNA