အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့က Ford ကားကုမ္ပဏီကို သွားရောက်ချိန်မှာ ကုမ္ပဏီကပေးတဲ့ Mask ကို ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့် အနေနဲ့ ဓာတ်ပုံရိုက်ဖို့ကို ငြင်းဆိုခဲ့ပေမယ့် ရိုက်ထားမိတဲ့ ဓာတ်ပုံတွေကတော့ ပေါ်ထွက်လာပါတယ်။
“ကျုပ်က လူတွေရဲ့ နောက်ကွယ်မှာပဲ Mask ကို ဝတ်ချင်တယ်။ သတင်းထောက်တွေ ကျုပ် Mask တပ်ထားတာကို မြင်ပြီး စိတ်ချမ်းသာသွားမှာကို မလိုချင်ဘူး”လို့ ထရမ့်က ပြောပါတယ်။ အမည်းရောင် Mask ကို တပ်ထားတဲ့ ဒေါ်နယ်ထရမ့်က “Mask နဲ့လည်း ကျုပ်က လိုက်သားပဲ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ ဒေါ်နယ်ထရမ့်က သူဟာ မနက်ခင်းပိုင်းမှာ ဗိုင်းရပ်စ် စစ်ဆေးပြီး ဖြစ်တာကြောင့် Mask တပ်ရန် မလိုအပ်တာဖြစ်ကြောင်းနဲ့ သူ့ကို လာရောက် တွေဆုံမယ့်သူတွေ အားလုံးက Mask တပ်ထားပြီး ဖြစ်တာကြောင့် သူ့အနေနဲ့ အေးဆေးနေလို့ရကြောင်းတွေ ပြောဆိုခဲ့ပါတယ်။
Mask ဝတ်ဆင်ဖို့အတွက် Ford ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Bill Ford က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိများနဲ့ သီးသန့် တွေ့ဆုံချိန်မှာ Mask ကို ဝတ်ဆင်ထားခဲ့ပြီး တွေ့ဆုံမှုအပြီးမှာတော့ Mask ကို ချွတ်ပြီး အခြားသူများနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
“သမ္မတက ရှေ့ဆောင်လမ်းပြ ဖြစ်နေရမယ်။ ရောဂါပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ Mask ကို တပ်ပြရမယ်။ ဒါမှ ပြည်သူက သတိထားလာမှာဖြစ်တယ်။ ဒေါ်နယ်ထရမ့်ကတော့ စည်းကမ်းကို လိုက်နာခြင်း မရှိတဲ့ စိတ်ကောက်တတ်တဲ့ ကလေးတယောက်လိုပါပဲ”လို့ ပြည်နယ် ရှေ့နေချုပ်Nessel က CNN သတင်းဌာနကို ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် က ရှေ့နေချုပ်ဖြစ်တဲ့ Nessel ကို တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ လုပ်စရာရှိတာကို မလုပ်တဲ့ ရှေ့နေချုပ်ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
သမ္မတနဲ့ ဒုသမ္မတဖြစ်သူတို့ Mask မတပ်တာကြောင့် ဝေဖန်ရေးသမားတွေက ဝေဖန်နေကြပါတယ်။ ပြည်သူတွေအနေနဲ့လည်း သမ္မတနဲ့ ဒုသမ္မတဖြစ်သူတို့ဟာ နိုင်ငံရဲ့ စံပြဖြစ်ဖို့ လိုအပ်ကြောင်းနဲ့ အခုလို ဆိုးရွားပြင်းထန်တဲ့ ရောဂါဖြစ်နေချိန်မှာ တာဝန်ယူမှု ရှိသင့်ကြောင်း ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Ref. yahoo.com
You may also like these stories:
အင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့် ဆရာဝန်နဲ့ သူနာပြုများ သေဆုံး
တောင်ကိုရီးယားမှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်ပြီး နာရီပိုင်းအတွင်း ပြန်ပိတ်ခဲ့ရ