အမေရိကန်နိုင်ငံက ကလေးငယ်တဦးဟာ COVID-19 ကပ်ရောဂါကာလအတွင်း အိမ်မှာနေကြတဲ့ ကလေးငယ် တွေအတွက် ပန်းချီပစ္စည်းအစုံထည့်ထားတဲ့ ဘူးလေးတွေကို ပေးပို့လှူဒါန်းခဲ့ပါတယ်။ အိမ်ခြေရာမဲ့ကလေးငယ် တွေနဲ့ မိဘမဲ့ကျောင်းက ကလေးငယ်လေးတွေအတွက် Art kit ဘူး ၁၅၀၀ ကျော် ပေးပို့ပေးခဲ့တာပါ။
Chelsea’s Charity ပရဟိတအဖွဲ့တည်ထောင်သူ Danbury မြို့က အသက် ၁၀ နှစ်အရွယ် Chealsea Phaire ဟာ Marker၊ ရောင်စုံခဲတံ၊ စာရွက်၊ ဆေးရောင်ခြယ်စာအုပ် စတဲ့ ပန်းချီပစ္စည်းအစုံထည့်ထားတဲ့ ဘူးလေးတွေ ကို မိဘတွေနဲ့ အတူတည်ထောင်ထားတဲ့ Chelsea’s Charity ကတဆင့် မိဘမဲ့ကျောင်းတွေနဲ့ စောင့်ရှောက်ရေး ဂေဟာတွေကို ပေးပို့လှူဒါန်းခဲ့တာပါ။
“Chelsea အသက် ၇ နှစ်လောက်က ကျမတို့ကို ပရဟိတအဖွဲ့လေးလုပ်ပေးဖို့ တောင်းဆိုလာတယ်။ နောက်ပိုင်း ဒါပဲလုပ်ပေးဖို့ အမြဲတောင်းဆိုနေတော့ အသက် ၁၀ နှစ်မှာ လုပ်မှာသေချာလား ထပ်မေးပြီး စလုပ်ဖြစ်ပေး ခဲ့တာပါ” လို့ မိခင်ဖြစ်သူ Candace Phaire က ပြောပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ် သြဂုတ်လ မွေးနေ့မှာ ပရဟိတအဖွဲ့ စတည်ထောင်ပေးခဲ့ပြီး မွေးနေ့လာတဲ့သူတွေကို လက်ဆောင် တွေအစား ပန်းချီပစ္စည်းလေးတွေ ယူလာပေးဖို့ Chealsea ပြောခဲ့ပါတယ်။ မွေးနေ့ပွဲအပြီးမှာပဲ Art kit ဘူး ၄၀ ကို နယူးယောက်မှာ ရှိတဲ့ အိမ်ခြေရာမဲ့စောင့်ရှောက်ရေးဂေဟာကို ပေးပို့လှူဒါန်းခဲ့ပါတယ်။
ပရိဟတစလုပ်ပြီး ငါးလအတွင်းမှာ Chealsea နဲ့ မိခင်ဖြစ်သူတို့ဟာ အိမ်ခြေရာမဲ့စောင့်ရှောက်ရေးဂေဟာ၊ အမျိုးသမီးငယ် များ စောင့်ရှောက်ရေးနဲ့ အကြမ်းဖက်သေနစ်ပစ်ခတ်ခံခဲ့ရတဲ့ ကျောင်းတွေဆီကို Art kit ဘူး ၁၀၀၀ ကျော် လှူဒါန်းခဲ့ ပါတယ်။
မတ်လကစလို့ တနိုင်ငံလုံးက ကျောင်းတွေပိတ်သွားချိန်မှာ Chealsea တို့သားအမိက ပြည်နယ် ၁၂ ခုက စောင့်ရှောက် ရေးဂေဟာနဲ့ ကျောင်းတွေက ကလေးငယ်တွေအတွက် Art kit ဘူး ၁၅၀၀ ကျော် ပေးပို့လှူဒါန်းခဲ့ပါ တယ်။
“ပေးလိုက်တဲ့ Art kit ဘူးတွေရလို့ ပျော်နေမယ်ဆိုရင် ကျမလည်း ဝမ်းသာပါတယ်။ အခု ကျမရဲ့ အိပ်မက်ကို ပြောပါဆိုရင် တကမ္ဘာလုံးက ကလေးငယ်တွေကို သွားတွေ့ပြီး Art kit တွေ လက်ဆောင်ပေးချင်ပါတယ်။ ဘယ်သူသိနိုင်မလဲ ကျမကနေတဆင့် နောက်မျိုးဆက်သစ် သားသမီးတွေက ဆက်လုပ်ရင်း ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာနိုင်တယ်ဆိုတာ” လို့ Chealsea က ရည်မှန်းချက်တွေအကြောင်းကို ပြောပြသွားပါတယ်။
Chealsea အသက် ၈ နှစ်အရွယ်မှာ အရမ်းချစ်ရတဲ့ ရေကူးနည်းပြ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့ Chealsea ဟာ ခံစားနေရတဲ့ဝေဒနာတွေ သက်သာလာအောင် ပန်းချီဘက်ကို ပိုအာရုံစိုက် ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဖိစီး၊ ဝမ်းနည်းမှုတွေ ခံစားနေရမယ့် ကလေးငယ်တွေအတွက် ပန်းချီပစ္စည်းတွေကို စိတ်သက်သာရာရအောင် ပေးပို့လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: edition.cnn