ထိုင်းနိုင်ငံက အမျိုးသားတဦးဟာ သူ့ရဲ့ မျက်နှာကို K-pop စတားတယောက်လိုမျိုး ဖြစ်စေဖို့ ပလတ်စတစ် ဆာဂျရီ အကြိမ်ရေ ၃၀ လောက် ခံယူလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Ratchadapong Prasit ဆိုတဲ့ အဲ့ဒီအမျိုးသားဟာ မွေးရာပါမျက်နှာကြောင့် သိမ်ငယ်စိတ်ဝင်ခဲ့ပြီး သူ့ရဲ့ မျက်နှာကို လုံး၀ ပြောင်းလဲပစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ နှစ်ပေါင်းများစွာကြာ ပိုက်ဆံစုခဲ့ပြီး သူ့အသက် ၂၅ နှစ် အရွယ်မှာတော့ သူ့ရဲ့ မျက်နှာကို စတင်ပြောင်းလဲခဲ့ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ခွဲစိတ်မှုတွေကို စတင်ခံယူခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် အလှကုန် ပစ္စည်းလုပ်ငန်းစဉ် ၃၀ ကြောင့် ထိုင်းဘတ် ၃ သိန်းလောက်အထိ ကုန်ကျခဲ့ပါတယ်။ ပလတ်စတစ် ဆာဂျရီကုသမှုကို ခံယူခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ပြီး ကုန်ကျခဲ့တဲ့ ပိုက်ဆံ တပြားတချပ်တိုင်းဟာ တန်တယ်လို့ သူက ဆိုပါတယ်။
အခုလိုမျိုး ခွဲစိတ်ကုသမှု ခံယူဖို့ Prasit ဟာ ဖိနပ်ရောင်းချသူတဦးအဖြစ် လုပ်ကိုင်ပြီး ငွေစုခဲ့တာပါ။ လက်ရှိမှာတော့ သူူဟာ ပတ္တယားမြို့မှာရှိတဲ့ ပြဇာတ်ရုံတခုမှာ အကသမားတဦးအနေနဲ့ လုပ်ကိုင်နေပြီး သူဟာ အောင်မြင်သူတယောက် ဖြစ်တယ်လို့ဆိုပါတယ်။
သူဟာ သူ့ရဲ့ မျက်နှာကိုတင် ပြောင်းလဲခဲ့တာ မဟုတ်ပါဘူး။ SHINEE အဖွဲ့ဝင်တဦးဖြစ်တဲ့ Minho နာမည်ကို သဘောကျလို့ သူ့ရဲ့ နာမည်ကိုလည်း Minho လို့ နာမည်ပြောင်းခဲ့ပါတယ်။
Prasit ဟာ ပလတ်စတစ်ဆာဂျရီကုသမှုကို စတင်မခံယူခင်ကတည်းက သူဟာ စတင်လူပြောများခဲ့တာပါ။ သူဟာ ၂၀၁၇ ခုနှစ် မေလတုန်းက Daily News မီဒီယာနဲ့ အင်တာဗျူးလုပ်ခဲ့ပြီးနောက်ပိုင်း လူထုရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ သူ့ရဲ့ဘဝကံကြမ္မာကို ပြောင်းလဲဖို့ ပလတ်စတစ်ဆာဂျရီတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ အဲ့ဒီတုန်းက ကြေညာခဲ့ပါတယ်။
သူဟာ လုပ်ငန်းခွင်မှာရော၊ ကိုယ်ရေးကိုယ်တာ ဘဝမှာရော မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ အကသမား တယောက်ဖြစ်ချင်ခဲ့ပြီ ပတ္တယားပြဇာတ်ရုံတခုမှာ လူရွေးပွဲကို ၇ ကြိမ်ဝင်ခဲ့ပေမယ့် အကြောင်းပြချက်တွေကြောင့် အကြိမ်တိုင်း အပယ်ခံခ့ရပါတယ်။ ဒါ့အပြင် မိန်းကလေးတွေက သူနဲ့ တွဲဖို့ တွန့်ဆုတ်နေတာကြောင့် အချစ်ကံလည်း ခေခဲ့ရတယ်လို့ ဆိုပါတယ်။
အခုတော့ ဆာဂျရီ မပြုလုပ်မီနဲ့ ပြုလုပ်ပြီး ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံတွေကြောင့် သူဟာ နာမည်ကြီးနေပြီဖြစ်ပါတယ်။ အခုတော့ သူဟာ ပတ္တယားပြဇာတ်ရုံမှာ အလုပ်လုပ်ကိုင်နေရုံသမာက ထိုင်းနိုင်ငံရဲ့ “One Man” အစီအစဉ်မှာလည်း နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲဝင် ဖြစ်နေပါပြီ။ သူဟာ ထိုင်းရုပ်သံ အစီအစဉ်တော်တော်များများမှာလည်း ပါဝင်လာခဲ့ပြီး အခုတော့ ဆိုရှယ်မီဒီယာမှာပါ နာမည်ကြီးနေပြီ ဖြစ်ပါတယ်။
သူဟာ ခွဲစိတ်မှုခံယူခဲ့ပြီးတဲ့နောက် Daily News မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ ကမ္ဘာကို သူ့ရဲ့ ပလတ်စတစ် ဆာဂျရီ ပြုပြင်ပြောင်းလဲမှုအကြောင်း ဝေမျှဖို့ ရှက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူ့လိုမျိုးပဲ ပလတ်စတစ် ဆာဂျရီကြောင့် ပြောင်းလဲသွားခဲ့တဲ့ နောက်တဦးကတော့ Miyyo Rizone ဆိုသူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ ကာတွန်းဇာတ်ကောင်ပုံစံ ရရှိဖို့ ခွဲစိတ်ကုသမှုများစွာကို ခံယူခဲ့ပါတယ်။
Ref: nestia
You may also like these stories:
Facial Recognition စနစ်က ဘတ်စ်ကားပေါ်က ကြော်ငြာဓာတ်ပုံကို မှားယွင်းအရေးယူမှု ဖြစ်ပွ
ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာတဲ့ မင်းသမီး ဖန်ပင်းပင်း