COVID-19 ကြောင့် နိုင်ငံအသီးသီးမှာ Lockdown ကာလ သတ်မှတ်ခဲ့ရပါတယ်။ Lockdown အမိန့်ကြောင့် ဒေသတခုမှာ ပိတ်မိနေသူတွေဟာ ကိုယ်ချစ်ခင်မြတ်နိုးရသူတွေနဲ့ ဝေးကွာခဲ့ကြရပါတယ်။ Lockdown ကာလဟာ ဘယ်လောက်ကြာမြင့်မယ်ဆိုတာ မသိရတဲ့အတွက်ကြောင့် ကိုယ့် မိသားစုဝင်တွေနဲ့ ဘယ်အချိန်မှပြန်တွေ့ရမလဲ ဆိုတာကလည်း မရေရာတဲ့ မေးခွန်းတခုပါပဲ။
အိန္ဒိယနိုင်ငံရဲ့ Lockdown ကာလအတွင်း ဒေလီမြို့တော်မှာ ပိတ်မိနေသူတွေထဲ အသက် ၅ နှစ် အရွယ် Vihaan Sharma လည်း ပါဝင်ပါတယ်။ သူဟာ ဒေလီမြို့တော်မှာပိတ်မိနေတာ ၃ လ နီးပါး ကြာမြင့်ခဲ့ပြီး မိခင်ဖြစ်သူနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာတော့ အိန္ဒိယအစိုးရက ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်တချို့ကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။
COVID-19 ကြောင့် အိန္ဒိယနိုင်ငံတဝှမ်း လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့ရတာ ကာလ အတော် ကြာခဲ့ပါတယ်။ အခုတော့ ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြန်လည် ခွင့်ပြုလိုက်တာနဲ့ တပြိုင်နက် Lockdown ကာလ အတွင်းပိတ်မိနေသူတွေဟာ ဆွေမျိုးသားချင်းတွေဆီ ပြန်ဖို့ စီစဉ်ကြပါတော့တယ်။ အဲဒီထဲမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် Vinaan Sharma လည်း ပါဝင်ပါတယ်။
Sharma ရဲ့ မိခင်ဖြစ်သူက Karnataka ပြည်နယ်အတွင်းက Bengaluru မြို့မှာနေထိုင်သူတယောက် ပါ။ ၃ လနီးပါး မတွေ့ခဲ့ရတဲ့ မိခင်ဖြစ်သူကိုပြန်တွေ့နိုင်ဖို့ Sharma ဟာ အထူးလေယာဉ်နဲ့ ဒေလီမြို့က နေ Bengaluru မြို့ကို တိုက်ရိုက် ပျံသန်းတဲ့ လေကြောင်းခရီးစဉ်နဲ့ ပါလာခဲ့ပြီး မေလ ၂၅ ရက်နေ့မှာ တော့ Kempegowda နိုင်ငံတကာလေဆိပ်မှာ စောင့်ကြိုနေတဲ့ မိခင်ဖြစ်သူနဲ့ ဆုံတွေ့ခဲ့ရပါတယ်။
မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ မိခင်ဖြစ်သူက “Sharma ဟာ ဒေလီကနေ တယောက်တည်းလာခဲ့တာဖြစ်ပြီး ၃ လနီးပါးကြာမြင့်လာချိန်မှ Bengaluru မြို့ကို ရောက်လာနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယအစိုးရက Lockdown ချထားစဉ် ကာလမှာတော့ အသက် ၅ နှစ်အရွယ် Sharma ဟာ ဒေလီမြို့က ဘိုးဘွားတွေနဲ့အတူ နေထိုင်ခဲ့ပါတယ်။
Ref: timesofindia, thehindu
You may also like these stories:
မျက်နှာကို ဆာဂျရီ အကြိမ်ပေါင်း ၃၀ လုပ်ဆောင်ခဲ့တဲ့ ထိုင်းအမျိုးသား
ကိုဗစ် ဒုတိယလှိုင်းက ကူးစက်မှု အမြင့်ဆုံး ဖြစ်နိုင်ကြောင်း WHO သတိပေး
ကားပစ္စည်းတွေ အသုံးပြုပြီး အသက်ရှုစက် တီထွင်နေတဲ့ မိန်းကလေးများ