မကာအိုမြို့မှာ ကာစီနိုအင်ပါယာကို ထူထောင်ခဲ့သူ၊ တချိန်က ရေနံဆီကုန်သည်ဖြစ်ခဲ့တဲ့ မစ္စတာ Stanley Ho ဟာ အသက် ၉၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ လတ်စ်ဗေးဂတ်မြို့ပြီးရင် ကမ္ဘာ့အကြီးဆုံး လောင်းကစားမြို့တော်ဖြစ်စေဖို့ လောင်းကစားဘုရင်ကြီးလို့ လူသိများကြတဲ့ မစ္စတာ Ho ဟာ ၁၉၆၁ ခုနှစ်က လောင်းကစားလိုင်စင် ရရှိခဲ့ပြီးနောက် ပေါ်တူဂီ ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ တရုတ်ပိုင် အဲ့ဒီကျွန်းမြို့လေးမှာ လောင်းကစားဝိုင်းတွေကို စတင်ထူထောင်ခဲ့ပါတယ်။
သူ့ရဲ့ SJM Holdings ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး တံခါးဖွင့်ဝါဒကို ကျင့်သုံးချိန်မှာပဲ လောင်းကစားနဲ့ ချမ်းသာမှုအရှိန်ကို တိုးစေခဲ့ပါတယ်။ အခုတော့ SJM ကုမ္ပဏီဟာ ၂၆ စတုရန်းကီလိုမီတာပဲရှိတဲ့ ကျွန်းလေးပေါ်က ကာစီနိုဝိုင်း ၂၀ ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
မစ္စတာ Ho ရဲ့ ချမ်းသာမှုမြင့်မားလာမှုဟာ တရုတ်နိုင်ငံရဲ့ တခြားနေရာဒေသတွေကို ကျော်လွန်ပြီး အာရှရဲ့ လတ်စ်ဗေးဂတ်မြို့ဖြစ်တဲ့အထိ စီးပွားရေးပိုင်းမှာ တန်ခိုးထွားလာခဲ့ပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ များပြားလာတာနဲ့အမျှ သူဟာ မကာအိုကျွန်းရဲ့ အလွန် ဟောင်ကောင်မှာ အိမ်ယာတွေရဲ့ အစိုးရအဆောက်အဦတွေကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။
၁၉၈၄ ခုနှစ်မှာတော့ သူဟာ ပေါ်တူဂီနိုင်ငံမှာ ကာစီနိုဝိုင်းတခုကို လုပ်ကိုင်ဖို့ လိုင်စင် ရရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံမှာ Casino Pyongyang ကိုဖွင့်လှစ်ဖို့ ဒေါ်လာ သန်း ၃၀ သုံးစွဲခဲ့ပါတယ်။ မစ္စတာ Ho ရဲ့ မကာအိုမှာ တဦးတည်းလုပ်ကိုင်ခွင့်ဟာ ပေါ်တူဂီထံကနေ တရုတ်ကနေ ထိန်းချုပ်မှုပြန်လည်ရရှိခဲ့ပြီး ၂ နှစ်အကြာ၊ ၂၀၀၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် တရုတ်ဟာ မစ္စတာ Sheldon Adelson ရဲ့ Las Vegas Sands နဲ့ Wynn Resorts တို့ အပါအဝင် ယှဉ်ပြိုင်ဖက်တွေကို လိုင်စင်တွေ ချထားပေးခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ယှဉ်ပြိုင်ဖက်တွေ တိုးလာတာဟာ မစ္စတာ Ho အပေါ် ထိခိုက်မှုရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ကမ္ဘာ့လောင်းကစားစုံချက်အဖြစ် မကာအိုမြို့ ဖြစ်လာစေဖို့ နှစ်ဆ အရှိန်ကောင်းစေခဲ့ရာကနေ သူ့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ဒီရေအလား တိုးတက်ခဲ့ပါတယ်။
မကာအိုမြို့ရဲ့ လောင်းစကားဝိုင်းတွေကနေ ရတဲ့ဝင်ငွေဟာ တရုတ်စီးပွားရေးကို တိုင်းထွာနိုင်တဲ့အထိ ကြီးထွားခဲ့ပါတယ်။ ကာစီနိုဝိုင်းဝင်ငွေကြောင့် တရုတ်နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်ခဲ့ရပေမယ့် ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကမ်းပိန်းလုပ်ဆောင်ခဲ့မှု၊ အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြို့ကို လူဝင်နှုန်းကျဆင်းမှုတွေကြောင့် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ဖြစ်ခဲ့ရပါတယ်။
မစ္စတာ Ho ဆီမှာ ဇနီး ၄ ယောက်နဲ့ သားသမီး ၁၇ ယောက်ရှိပါတယ်။ သူဟာ SJM ကနေ ၂၀၁၈ ခုနှစ်နှစ်လယ် ပိုင်းလောက်မှာ အနားယူခဲ့ပြီး သူ့ရဲ့ ဆက်ခံသူတွေထံ ထိပ်တန်းရာထူးတွေ လွှဲပေးခဲ့ပါတယ်။ သမီးဖြစ်သူ Daisy Ho က ဥက္ကဋ္ဌနဲ့အမှုဆောင်ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပါတယ်။ SJM မှာ ဒုတိယအများဆုံး ရှယ်ယာပိုင်ဆိုင်သူ စတုတ္ထဇနီး Angela Leong ဟာလည်း ပူးတွဲဥက္ကဋ္ဌနဲ့ အမှုဆောင်ညွှန်ကြားရေးမှုးဖြစ်လာခဲ့ပါတယ်။
Ref: straitstimes
You may also like these stories:
တရုတ်နိုင်ငံကို အလည်သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ
Donnie Yen ရဲ့ ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့် အံ့သြခဲ့ရတဲ့ Mulan ဒါရိုက်တာ