Trend

အွန်လိုင်းစနစ်ကြောင့် ထိုင်းမှာ ကလေး ၇ သိန်းနီးပါး ပညာသင်ကြားခွင့် မရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ပညာသင်ကြားရေးစနစ်ကို အွန်လိုင်းကနေ သင်ကြားပေးနိုင်ဖို့ စီစဉ်နေပါ တယ်။ အွန်လိုင်းပညာရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးတဲ့ ကလေး ၇ သိန်းနီးပါး ပညာသင်ကြားနိုင်ဖို့ အခွင့်အရေး မရနိုင်တော့ပါဘူး။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးနှင့် လူမှုဖွံ့ ဖြိုးရေးကောင်စီကလည်း ဆင်းရဲမွဲတေမှုဟာ အခြေခံကျတဲ့ အကြောင်းတရပ် ဖြစ်နေတဲ့အတွက် ကလေးတွေအနေနဲ့ ပညာသင်ကြားရေးစနစ်နဲ့ လွဲချော်နိုင်ဖို့ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ကောင်စီရဲ့ အစီရင်ခံစာထဲမှာတော့ ပညာရေးစနစ်ကို လက်လှမ်းမမီနိုင်တဲ့ ကလေးအရေအတွက် ပိုမိုများပြားလာနေတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ကလေး ၂၀ ရာခိုင်နှုန်းဟာ မူလတန်းပညာရေးကို ပြီးမြောက်အောင် မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒီလိုဖြစ်လာရတဲ့အကြောင်းကလည်း ဆင်းရဲမွဲတေမှုကြောင့်ပါ။ ဝင်ငွေ မညီမျှတဲ့အတွက်ကြောင့်လည်း ပညာသင်ကြားရေးစနစ်မှာ ကြီးမားတဲ့ ကွာဟမှုတွေ ဖြစ်ပေါ်နေကြောင်း ကောင်စီရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လူဦးရေကို အချိုးချကြည့်မယ်ဆိုရင်လည်း ၆၃ ရာခိုင်နှုန်းလောက်သာ တက္ကသိုလ် တက်ရောက်ပြီး ပညာသင်ကြားနိုင်တာကို တွေ့ရပါတယ်။

ပညာသင်ကြားရေးစနစ်နဲ့ ဝေးကွာနေတဲ့အတွက်ကြောင့် လူ့စွမ်းအား အရင်းအမြစ်တွေကို ဆုံးရှုံးနေရကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုဖွံ့ ဖြိုးရေးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Thosaporn Siriisumphand က ပြောပါတယ်။ ဒါကြောင့်လည်း ဆင်းရဲနွမ်းပါးသူ အများစုဟာ ဆင်းရဲ သံသရာထဲကမလွတ်မြောက်နိုင်ကြသေးပါဘူး။

ပညာရေးစနစ်ကို ပြည့်ပြည့်ဝဝ မတက်ရောက်နိုင်ခဲ့အတွက် ထိုင်းနိုင်ငံရဲ့လုပ်ငန်းခွင်တွေမှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို တိုက်ရိုက် အကျိုးသက်ရောက်မှုတွေ ရှိနေကြောင်း. Mr. Thosaporn က ပြောပါတယ်။

ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပညာရေးစနစ်က ချောမွေ့ဖို့ လိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ စာသင်ခန်း ပြင်ပမှာလည်း သင်ယူတတ်မြောက်ဖို့ လိုအပ်တယ်လို့ Mr.Thosaporn က ပြောပါတယ်။

Ref: chiangraitimes

You may also like these stories:

ဘင်္ဂလားဒေ့ရှ်မှာ ဆေးရုံမီးလောင်မှုကြောင့် ကိုဗစ် လူနာများ သေဆုံး

အိန္ဒိယမြောက်ပိုင်းမှာ အပူလှိုင်း ကျရောက်နေ

COVID-19 ကြောင့် အမေရိကန်မှာ လူ ၁ သိန်းကျော် သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading