လူမည်းအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်ပြီး လူထုအုံကြွမှုတွေအပေါ် သမ္မတ ထရမ့်ရဲ့ Twitter လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ စာနဲ့ ပတ်သက်ပြီး Twitter နဲ့ ဒေါ်နယ်ထရမ့်ကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် တင်ထားတဲ့ စာကို လူမှုကွန်ရက် အသုံးပြုသူတွေ မမြင်ရအောင် ပြုလုပ်တာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်ရဲ့ ပို့စ်များကို Like ပြုလုပ်လို့ မရအောင် ပိတ်ထားတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူတင်ထားတဲ့ စာကို ဖျက်ချခဲ့ခြင်းတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ “ဒီလို ကိစ္စတခုကြောင့် ကျုပ်တို့ရဲ့ ကြီးကျယ်တဲ့ အမေရိကန်နိုင်ငံ ငြိမ်းချမ်းမှုကို ထိခိုက်တာမျိုးကို မလိုလားပါဘူး။ မြို့တော်ဝန်ရဲ့ အုပ်ထိန်းမှုတွေ ညံ့ဖျင်းလျော့ရဲတာတွေလည်း ပါဝင်ပါတယ်။ ကျုပ်အနေနဲ့ စစ်တပ်ကိုလည်း ချထားရပါလိမ့်မယ်။ ပစ်မိန့်ပေးဖို့ လိုအပ်ရင် ပစ်မိန့်ပေးရမှာပဲ။ ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။
ဒီစာကို Twitter က သူတို့ရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဆန့်ကျင်တာကြောင့် လူတိုင်း မမြင်ရအောင် ပိတ်လိုက်တာ ဖြစ်ပါတယ်။ လူမည်းအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြသူများကို ဒေါ်နယ်ထရမ့်က “လူရမ်းကားများ” လို့ ညွှန်းဆို သုံးစွဲခဲ့ပါသေးတယ်။
Minneapolis မြို့ရဲ့ မြို့တော်ဝန် Jacob Frey ကတော့ သမ္မတ ဒေါ်နယ်ထရမ့် တင်ထားတဲ့ စာကို သတင်းတွေ မေးမြန်းမှ သိရတယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့် ပြောဆိုထားတာနဲ့ ပတ်သက်ပြီး မြို့တော်ဝန် Jacob Frey က “ကျနော်တို့ မြို့အကြောင်းကို ထရမ့်က ဘာမှ မသိပါဘူး။ ကျနော်တို့ မြို့ဟာ လုပ်စရာရှိတာကို လုပ်မှာပါ။ ကျနော်တို့ အားလုံး ကျော်ဖြတ်နိုင်မှာပါ”လို့ သတင်းထောက်များကို ဖြေဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် တင်ထားတဲ့ စာကိုတော့ Twitter အနေနဲ့ ဖျက်ပစ်တာမျိုးတွေ မလုပ်ဘဲ လူသိရှင်ကြား သက်သေဖြစ်အောင် ဆက်ပြီး ထားရှိမယ်လို့ သိရပါတယ်။
Ref. NYtimes
You may also like these stories:
လူမည်းအမျိုးသားကို သေဆုံးစေခဲ့တဲ့ ရဲဝန်ထမ်း ၄ ဦး တာဝန် ရပ်နားခံရ
ဖိလစ်ပိုင်မှာ တရက်အတွင်း လူပေါင်း ၅၀၀ ကျော် COVID-19 ကူးစက်ခံခဲ့ရ
ဘင်္ဂလားဒေ့ရှ်မှာ ဆေးရုံမီးလောင်မှုကြောင့် ကိုဗစ် လူနာများ သေဆုံး