Trend

ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ

Want create site? Find Free WordPress Themes and plugins.

မှတ်တမ်းတွေအရ ဖူကူအိုကာ စီရင်စုအတွင်းက Kitakyushu မြို့မှာ ဧပြီ ၃၀ ရက်ကနေ မေ ၂၂ ရက် အတွင်း COVID-19 ကူးစက်ခံရသူ မတွေ့ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၁ ရက်အတွင်းမှာတော့ ရောဂါ ကူးစက်ခံနေရသူ ၁၁၉ ယောက် တွေ့ရှိခဲ့ပါတယ်။ အခုလို ရောဂါ ကူးစက်ခံနေရသူတွေကို ပြန်လည် တွေ့ရှိနေရတဲ့အတွက် ဂျပန်နိုင်ငံအနေနဲ့ COVID-19 ဒုတိယလှိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်အထိတော့ ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ အရေအတွက် ၁၇၀၀၀ ယောက်ရှိနေပြီး ၉၀၁ ယောက် သေဆုံးခဲ့တယ်လို့ NHK သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားတဲ့ စာရင်းအရ တိုကျိုမြို့မှာ လူပေါင်း ၃၄  ယောက် ရောဂါကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

တိုကျိုမြို့အာဏာပိုင်တွေအနေနဲ့ ရောဂါကူးစက်မှု ထပ်မံ မမြင့်တက်ရအောင် သတိထားနေထိုင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ အခုလို ရောဂါကူးစက်မှုနှုန်း ပြန်မြင့်တက်လာတဲ့အကြောင်းကလည်း စတိုးဆိုင်တွေနဲ့ အားကစားခန်းမတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့အတွက်ကြောင့်ပါ။ မေလ ၂၆ ရက်နေ့မှာတော့ တိုကျိုမြို့မှာ ရောဂါကူးစက်ခံရသူ ၁၂၄ ယောက်အထိ ရှိခဲ့ပါတယ်။

နိုင်ငံအများစုအနေနဲ့ လက်ရှိအချိန်မှာ ကန့်သတ်ချက်တွေကို ပြန်လည် ရုတ်သိမ်းနေကြပါတယ်။ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပြီးနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက် ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

Kitakyusha မြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ Kenji Kitahashi ကလည်း ဂျပန်နိုင်ငံအနေနဲ့ COVID-19 ဒုတိယလှိုင်းအန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလှုံရေးဝန်ကြီးဖြစ်သူ Kosei-rodo-sho ကလည်း  COVID-19 ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်နေတဲ့မြို့တွေရဲ့ အခြေအနေတွေကို လေ့လာနိုင်ဖို့ တန်ပြန် ဆောင်ရွက်နိုင်ရေး အစီအစဉ်တွေကို စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: straitstimes, NHK

You may also like these stories:

COVID-19 ကြောင့် ဖူးခက်မှာ စတိုးဆိုင်တွေကို အချိန် အကန့်အသတ်နဲ့သာ ဖွင့်လှစ်

အိန္ဒိယမှာ တရက်အတွင်း လူ ၅၀၀၀ ကျော် COVID-19 ကူးစက်ခံခဲ့ရ

ဖိလစ်ပိုင်မှာ တရက်အတွင်း လူပေါင်း ၅၀၀ ကျော် COVID-19 ကူးစက်ခံခဲ့ရ

Did you find apk for android? You can find new Free Android Games and apps.
Loading