• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဆန္ဒပြသူတွေ ဖွသွားတဲ့ အမှိုက်တွေကို ရှင်းပေးတဲ့ ဆယ်ကျော်သက် ဂုဏ်ပြုခံရ

by Aurora
8 June 2020
in Trend
A A
ပြိုင်ကား လက်ဆောင် ရရှိခဲ့တဲ့ Antonio Gwynn

ပြိုင်ကား လက်ဆောင် ရရှိခဲ့တဲ့ Antonio Gwynn

8.1k
VIEWS
Share on FacebookShare on Twitter

အမေရိကန်မှာ ဆန္ဒပြသူတွေ ဖွသွားခဲ့တဲ့ အမှိုက်တွေ၊ အပျက်အစီးတွေကို ဆယ်ကျော်သက် လူငယ်တဦးဖြစ်တဲ့ Antonio Gwynn တယောက် သူ့ရဲ့ ဇာတိမြို့ နယူးယောက်၊ Buffalo လမ်းမပေါ်မှာ မြင်လိုက်ရတယ်ဆိုရင်ပဲ အမှိုက်အိတ်တွေ သွားဝယ်ပြီး ကိုယ်တိုင်သန့်ရှင်းရေး လုပ်ဆောင်ခဲ့ပါတယ်။

သူဟာ မနက် ၂ နာရီလောက်က စလုပ်ခဲ့ပြီး ၁၀ နာရီကြာအောင် မနားတမ်း တောက်လျှောက်လုပ်ခဲ့ပါတယ်။ မနက် မိုးလင်းချိန်မှာ အိမ်နီးချင်းတွေ ထွက်လာပြီး လာကူညီပေးခဲ့ပေမယ့် သူတယောက်တည်း တော်တော်များများ လုပ်ပြီးသလောက် ဖြစ်နေပါပြီ။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
48
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
191
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
624

Gwynn ဟာ အသက် ၁၈ နှစ်အရွယ် စီနီယာအထက်တန်း ကျောင်းသားတယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ပြောပြချက်အရ သတင်းမှာ Buffalo က Bailey လမ်းပေါ် ဖန်ကွဲစတွေ၊ အမှိုက်တွေ ရှုပ်ပွနေတာတွေမြင်တော့ မနက် အလုပ်သွားဖို့ လမ်းပေါ် ကားမောင်းရမယ့်သူတွေ အဆင်ပြေအောင် အမှိုက်တွေ ရှင်းပေးဖို့ လုပ်ခဲ့တာလို့ ဆိုပါတယ်။

ချီးကျူးစရာ Gwynn ရဲ့ ဂုဏ်သတင်း မြို့နေလူထုကြား ပျံ့နှံ့သွားရာကနေ Matt Block ဆိုသူက ဂုဏ်ပြုတဲ့အနေနဲ့ ကားတစီး လက်ဆောင်ပေးခဲ့ပါတယ်။ ပေးလိုက်တဲ့ကားအမျိုးအစားကလည်း Gwynn ငယ်ငယ်လေးက ကြိုက်နှစ်သက် ရတဲ့ 2004 Mustang convertible အနီရောင်ပါ။ ဆိုရှယ်မီဒီယာပေါ်မှာ ဒီကားလေးနဲ့ ပတ်သက်ပြီး Gwynn မေးထားတာတွေ မြင်လို့ Block က သူ့ရဲ့ ပြိုင်ကားကို ပေးခဲ့တာပါ။

တကယ်တော့ Block ပေးလိုက်တဲ့ ကားလေးက သူထင်ထားတာထက် အဓိပ္ပာယ် ပိုရှိနေပါတယ်။ ၂၀၁၈ ခုနှစ် မှာ ကွယ်လွန်သွားတဲ့ Gwynn ရဲ့ မေမေကလည်း မသေခင်တုန်းက ဒီကားအနီလေးကို စီးခဲ့ပါတယ်။ ဒီလို အံ့သြဖွယ် တိုက်ဆိုင်မှုကို Gwynn ကိုယ်တိုင်အရမ်းအံ့သြသွားခဲ့ပြီး “ပြောစရာစကားတောင် ရှာမရဘူး” လို့ ဆိုသလို၊ Block ကလည်း “ကြက်သီးတောင် ထမိတယ်” လို့ ဆိုပါတယ်။

Block ရဲ့ လက်ဆောင်အကြောင်းကို သိသွားတဲ့ စီးပွားရေးလုပ်ငန်းရှင် Bob ကလည်း ကားအာမခံကို နောက်ထပ်တနှစ် အခမဲ့ ထပ်တိုးပေးခဲ့ပြန်ပါတယ်။ “ကျနော် သူ့လိုပဲ ကူညီပေးချင်တယ်ဗျာ။ တမြို့လုံးက လူတွေကို လူကောင်းလေးတွေ ရှိနေတယ်ဆိုတာ ပြပေးချင်တယ်” လို့ ဆိုပါတယ်။

ငွေကြေးအခက်အခဲကြောင့် Gwynn ဟာ အထက်တန်းအောင်ရင် ကောလိပ်တက်မယ့်အစား သက်မွေးပညာ သင်ကျောင်းပဲတက်ဖို့ ရွေးချယ်ထားပါတယ်။ ဒီအကြောင်းကို သိသွားတဲ့ Medaille ကောလိပ်တာဝန်ရှိသူတွေက ပညာသင်ဆုကြေးအပြည့်ပေးပြီး သင်ကြားဖို့ ကမ်းလှမ်းလိုက်ပါပြီ။ Gwynn ရဲ့ အိပ်မက်ကတော့ ကိုယ်ပိုင် သန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းတခု တည်ထောင်ချင်တာပါ။

Gwynn ဟာ အခုမှ ကူညီရေးအလုပ်တွေ လုပ်တာ မဟုတ်ပါဘူး။ အရင်တည်းက Kappa Phi ရဲ့ အဖွဲ့ဝင်တယောက်အဖြစ် ဘုရားရှိခိုးကျောင်းတွေမှာ သွားရောက် ကူညီပေးဖူးပါတယ်။ သူ့ကူညီပေးမှုအတွက် အသိအမှတ် ပြုခံရတာတော့ “ဒါ ပထမဆုံးအကြိမ်ပါ”လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း

ဂျော့ဖလွိုက်သေဆုံးမှုအတွက် ရဲ ၃ ဦးကို တရားစွဲဆို

ကူးစက်မှုအသစ်မရှိလို့ ကန့်သတ်ချက်တွေ ဖြေလျှော့မယ့် နယူးဇီလန်

Your Thoughts …
Tags: ဆန္ဒပြသူဆယ်ကျော်သက်အမှိုက်
Aurora

Aurora

Contributor

Similar Picks:

လေ နှင့် အတူ

လေ နှင့် အတူ

by မောင်ထင်
21 April 2024
495

လေနှင့်အတူ လွင့်နေသော အမှိုက်စကလေး တခုကို ကြည့်လျှင် ဘာမျှ အရေးမကြီးဟု ထင်စရာပင်။

ဒီစက်ဟာ ပလတ်စတစ်နဲ့ သံဘူးတွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ သင့်ကို ငွေအကြွေအချို့ ပြန်ပေးမှာ ဖြစ်ပါတယ်

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

by ဟယ်လ်သင်
19 March 2019
7.3k

စွန့်ပစ်ပစ္စည်းတွေနဲ့ အမှိုက်သရိုက်တွေကို လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာမှာတော့ The Zero Waste ဆိုတဲ့ လှုပ်ရှားမှုကို ဈေးဝယ်စင်တာ အများစုမှာ ပြုလုပ်လာနေကြပါပြီ။

ပဲခူးမြို့တွင် အပစ်ခံရသောနေရာ / ဧရာဝတီ

ဆန္ဒပြသူ ၁၅ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

by ဧရာဝတီ
28 February 2021
9.7k

7Day သတင်းက မျက်မြင်သက်သေများကို ကိုးကား၍ မော်လမြိုင်တွင် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး သေဆုံးကြောင်းလည်း ဖော်ပြထားသည်။

ဒီကျွန်းဟာ ဖို့မြေတွေနဲ့ တည်ဆောက်ထားတဲ့ ကျွန်းတကျွန်းပါ

အမှိုက်တွေကနေ ကျွန်းတကျွန်းဖြစ်အောင် တည်ဆောက်ပြလိုက်တဲ့ စင်ကာပူ

by ညီညီသူ
13 December 2018
10.9k

စင်ကာပူ နိုင်ငံသားတွေဟာ စွန့်ပစ်အမှိုက်တွေကို လျှော့ချဖို့ကြိုးစားနေတဲ့ အစိုးရစီမံကိန်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ မှပေးသော လူ့အခွင့်အရေး သင်တန်းမှ လှုပ်ရှားမှု / BWU

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံနေရတဲ့ ဆယ်ကျော်သက်တွေ

by နန်းဆိုင်နွမ်
9 June 2018
27.7k

ဆယ်ကျော်သက်ရွယ်အမျိုးသမီးတွေဟာ အနာဂတ်ရဲ့လူငယ်တွေဖြစ်လာမှာမို့ အခုအချိန်ကစပြီး အခြေခံလူ့အခွင့်အရေးနဲ့ အခြားအခွင့်အရေးပိုင်းဆိုင်ရာတွေ သိနားလည်ထားသင့်တယ်

ဧရာဝတီ မြစ်ကမ်းနံဘေးရှိ အမှိုက်ပုံများ / Thant Myanmar

ဧရာဝတီမြစ် အတွင်းသို့ နေ့စဉ် ပလတ်စတစ်အမှိုက် ၁၁၉ တန် စွန့်ပစ်နေဟုဆို

by ထွန်းထွန်း
25 July 2019
15.1k

သုတေသနပြုချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြစ်အတွင်းသို့ နေ့စဉ် ပလတ်စတစ် အမှိုက် ၃၂ တန်စွန့်ပစ်ကာ ညစ်ညမ်းမှုအများဆုံးဖြစ်ပြီး ရန်ကုန်မြစ်သည် နေ့စဉ် ပလတ်စတစ်အမှိုက် ၂၉ တန်စွန့်ပစ် ကာ ဒုတိယညစ်ညမ်းမှုအများဆုံးဖြစ်နေကြောင်း သိရသည်။

Next Post
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့

မလေးရှားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်

သရုပ်ဆောင် အေးမြတ်သူ  / Aye Myat Thu's Facebook

“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate