Trend

စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ

စင်ကာပူနိုင်ငံမှာ ထပ်မံတွေ့ရှိထားတဲ့ COVID-19 ရောဂါ ကူးစက်ခံရသူ တဝက်လောက်ဟာ ရောဂါလက္ခဏာ မပြသူတွေလို့ အစိုးရရဲ့ရောဂါတိုက်ဖျက်ရေး ပူးတွဲအကြီးအကဲက ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတင်မက အာရှနိုင်ငံတွေထဲမှာလည်း ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံပါ။ လက်ရှိအချိန်ထိ စင်ကာပူမှာ ရောဂါကူးစက်သူပေါင်း ၃၈,၀၀၀ ကျော်သွားခဲ့ပါပြီ။ စင်ကာပူနိုင်ငံမှာ ကူးစက်မှုနှုန်း မြင့်မားရတဲ့ အကြောင်းကတော့ အဆောင်တွေမှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေကြောင့်ပါ။

၂ လကြာ Lockdown ချထားတဲ့ ကာလအပြီးမှာတော့ စင်ကာပူအစိုးရက စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတချို့ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အသစ် တွေ့ရှိထားတဲ့ ကူးစက်လူနာတွေ မှာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်နေတာကြောင့် အသွားအလာ ကန့်သတ်မှုတွေကို တဖြည်းဖြည်း လျှော့ချသွားဖို့ စဉ်းစားနေပါတယ်။

“မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရ ရောဂါကူးစက်ခံနေရ လူတချို့ဟာ ရောဂါလက္ခဏာ တခုမှ မပြဘဲ ကူးစက်နေကြသူတွေ ဖြစ်တယ်”လို့ စင်ကာပူနိုင်ငံ အမျိုးသားဖွံ့ ဖြိုးရေးဝန်ကြီး Lawrence Wong က ပြောကြားခဲ့ပါတယ်။

အရင်မှတ်တမ်းတွေမှာတော့ ဒီအချက်ကို မှတ်တမ်းတင်ထားတာမျိုး မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတော့ စမ်းသပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် အခုလို တွေ့ရှိလာခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်ကတော့ လူပေါင်း ၆,၂၉၄ ယောက်မှာ ရောဂါတွေ့ရှိခဲ့ပြီး အများစုကတော့ ရွှေ့ပြောင်းလုပ်သားတွေပါ။

ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာလည်း ရောဂါလက္ခဏာ မပြသူ ၃၀၀ ရှိခဲ့ပါတယ်။ လက္ခဏာ မပြဘဲ ကူးစက်ခံနေရသူတွေဟာ ချောင်းဆိုး၊ နှာချေတာမျိုး မရှိတဲ့အတွက် တခြားသူတွေကို ကူးစက်နိုင်ခြေနည်းတယ်လို့ Wong က ပြောပါတယ်။ ရောဂါကူးစက်မှုတွေကို ခြေရာခံနိုင်ဖို့ စင်ကာပူအစိုးရအနေနဲ့ နည်းပညာအသုံးပြုဖို့ စဉ်းစားနေတယ်လို့ သူက ပြောပါ တယ်။

Ref: thejakartapost

You may also like these stories:

တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ

နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ

တရုတ်ရိုးရာ တိုင်းရင်းဆေးတွေကို ပြက်ရယ်ပြုသူများအား အရေးယူမည်

Loading