Trend

ကမ္ဘာတဝှမ်းရှိ Zara ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်ကို ပိတ်သိမ်းမည်

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် Zara အမှတ်တံဆိပ် ဆိုင်ခွဲပေါင်း ထောင်ကျော်ကို ၂၀၂၁ ခုနှစ်မတိုင်ခင် ပိတ်သိမ်းတော့မယ်လို့ ဆိုပါတယ်။ ဆိုင်အသေး ၁၂၀၀ ကျော်ကို ပိတ်သိမ်းပြီး ဆိုင်ကြီးတွေနဲ့ Online အရောင်းဘက်ကို ပိုင်ရှင် Inditex group က အာရုံစိုက်ချင်နေပါတယ်။

တခြားနာမည်ကျော် (Massimo Dutti, Pull & Bear, Bershka) တို့လို အမှတ်တံဆိပ်အခွဲပါတဲ့ စပိန်အဝတ်အစား အမှတ်တံဆိပ်စုံ ကုမ္ပဏီကြီးကနေ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေ ပထမဆုံးအကြိမ် အရှုံးပေါ်ခဲ့ပြီးနောက် အခုလိုကြေညာခဲ့တာပါ။

ဖေဖော်ဝါရီကနေ ဧပြီ ပထမ လေးလပတ်အတွင်း ရောင်းအား ၄၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး ယူရိုငွေ ၄၀၉ သန်း (အမေရိကန်ဒေါ်လာ ၄၆၅ သန်း) အသားတင် အရှုံးပေါ်နေတယ်လို့ Inditex က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ နဲ့ ၂၀၂၁ ကာလအတွင်း ပိတ်သိမ်းသွားမယ့် ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်အတွက်လည်း ယူရိုငွေ ၃၀၈ သန်း တွက်ချက်ထားတာ ဖြစ်ပါတယ်။

ဆိုင်ကြီးတွေကိုတော့ ၂၀၂၀ ကနေ ၂၀၂၂ အတွင်း ဈေးဝယ်နေရာ ပိုကျယ်လာအောင် ၂ ဒဿမ ၅ ရာခိုင်နှုန်းလောက် တိုးချဲ့သွားဖို့ ရည်မှန်းထားပါတယ်။ နောက်ထပ် အာရုံစိုက်မယ့် Online အရောင်းကဏ္ဍအတွက် ယူရို ငွေ ၂ ဒဿမ ၇ ဘီလီယံစိုက်ထုတ်ပြီး ဆိုင်တွေမှာ Online ကနေပါ ရောင်းချနိုင်အောင် နည်းပညာတွေတိုး မြှင့်ပေးသွားမှာဖြစ်လို့ လက်ရှိထက် ၂၀၂၂ ခုနှစ် ပထမလေးလပတ် အရောင်းမှာ ၁၄ ရာခိုင်နှုန်းလောက် တိုးတက်သွားမယ်လို့ ဆိုပါတယ်။

နောက်ထပ် အဝတ်အစား အမှတ်တံဆိပ်ဖြစ်တဲ့ H&M ကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုတွေကြောင့် ကမ္ဘာ့အနှံ့ Lockdown ချထားစဉ်ကာလမှာ ဈေးဝယ်သူတွေ အိမ်မှာပဲနေရတာကြောင့် ရောင်းအား ကျဆင်းခဲ့ပါတယ်။ မတ်လကနေ မေလ ပထမလေးလပတ် ဆုံးရှုံးမှုဟာ ဆယ်စုနှစ်တွေအတွင်း များနိုင်တယ်လို့ ဆိုပါတယ်။

ပိတ်သိမ်းမယ့်ဆိုင်တွေက ဝန်ထမ်းတွေကို Online အရောင်းဘက် စတဲ့နေရာတွေမှာ ပြန်ပေးသွားဖို့ ရှိပါတယ်။ ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲပေါင်း ၇၅၀၀ နီးပါးကနေ ထပ်မံဖွင့်လှစ်မယ့် ဆိုင်ခွဲ ၄၅၀ အပါအဝင် ၆၉၀၀ ကျော်လောက်ပဲ ထားရှိတော့မှာဖြစ်တယ်လို့ Inditex က ဖော်ပြထားပါတယ်။

အာရှနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံက Zara ဆိုင်တွေမှာတော့ ရောင်းအားက မနှစ်ကအတိုင်း ရှိနေဆဲပဲလို့ ဥက္ကဋ္ဌ Pablo Isla က ဆိုပါတယ်။

Ref: Channel News Asia

You may also like these stories:

ကိုရိုနာကြောင့် “The Batman” ရုပ်ရှင် ရိုက်ကူးရေး သီတင်းနှစ်ပတ် ရပ်ဆိုင်း

ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter

Did you find apk for android? You can find new Free Android Games and apps.
Loading