ငွေကြေးတန်ဖိုးနဲ့ ပတ်သက်ရင် လူတွေက စတာလင်ပေါင်၊ အမေရိကန် ဒေါ်လာတို့ကို တန်ဖိုးအမြင့်ဆုံး ပိုက်ဆံအဖြစ် ယူဆထားကြပါတယ်။ တကယ်တော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးက အဲဒါတွေ မဟုတ်ပါ ဘူး။ သုံးစွဲမှု နည်းပါးပေမယ့် စတာလင်ပေါင်၊ အမေရိကန်ဒေါ်လာ တို့ထက် တန်ဖိုးမြင့်တဲ့ ပိုက်ဆံတွေ ရှိ ပါသေးတယ်။ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ပိုက်ဆံ ၁၀ မျိုးကို ဖော်ပြချင်ပါတယ်။ တန်ဖိုးတွေကိုတော့ ဒီကနေ့ ပေါက်ဈေးအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(၁) ကူဝိတ်ဒီနာ (KWD)
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ပိုက်ဆံကတော့ ကူဝိတ်နိုင်ငံမှာ အသုံးပြုတဲ့ ကူဝိတ်ဒီနာ(KWD) ပဲ ဖြစ်ပါ တယ်။ ဒီကနေ့ပေါက်ဈေးအရ ကူဝိတ် ၁ ဒီနာ (1 KWD) က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅ ဒေါ် လာနဲ့ညီမျှနေပြီး မြန်မာငွေနဲ့ဆိုရင်တော့ ၄,၅၈၆ ကျပ်နဲ့ ညီမျှနေပါတယ်။
ကူဝိတ်နိုင်ငံဟာ သေးငယ်တဲ့နိုင်ငံဖြစ်ပေမယ့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို ရေနံကနေ ရရှိနေပါတယ်။
(၂) ဘာရိန်းဒီနာ (BHD)
ဒုတိယ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးကို ပိုင်ဆိုင်ထားတာကတော့ ဘာရိန်းနိုင်ငံပါ။ ဘာရိန်း ၁ ဒီ နာ (1 BHD) ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၅ နဲ့ ညီမျှနေပြီး မြန်မာငွေ ၃,၇၄၂ ကျပ်နဲ့ ညီမျှနေပါ တယ်။ ပါရှန်ပင်လယ်ကွေ့အတွင်းမှာ တည်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးမှာ လူပေါင်း ၁ သန်းကျော် ကျော်လောက်သာ နေထိုင်ပါတယ်။
(၃) အိုမန်ရီယယ် (OMR)
တတိယ ငွေကြေးတန်ဖိုး အမြင့်ဆုံးကတော့ အိုမန်ရီယယ် (OMR) ပဲ ဖြစ်ပါတယ်။ အိုမန် ၁ ရီယယ် (1 OMR) ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၀ နဲ့ ညီမျှပြီး မြန်မာငွေ ၃,၆၆၄ ကျပ်နဲ့ ညီမျှ ပါတယ်။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်လည်း လူမှုဘဝ ဖူလုံမှုကို အပြည့်အဝ ရရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
(၄) ဂျော်ဒန်ဒီနာ (JOD)
ဂျော်ဒန်ဒီနာ (JOD) ဟာ ကမ္ဘာ့စတုတ္ထမြောက် တန်ဖိုးအမြင့်ဆုံး ငွေကြေးပါပဲ။ ဂျော်ဒန် ၁ ဒီနာ (1 JOD) ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄၁ ဒေါ်လာနဲ့ ညီမျှပြီး မြန်မာငွေ ၁,၉၈၉ ကျပ်နဲ့ ညီမျှပါ တယ်။ ဂျော်ဒန်ပိုက်ဆံက တန်ဖိုးမြင့်မားနေတာ့ ရှင်းပြရတော့ ခက်ပါတယ်။
အကြောင်းကတော့ ဂျော်ဒန်နိုင်ငံဟာ စီးပွားရေး တိုးတက်နေတဲ့ နိုင်ငံ မဟုတ်တဲ့အပြင် ရေနံလည်း မထွက်တာကြောင့်ပါ။ ဒါပေမဲ့လည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးစာရင်းမှာတော့ ပါဝင်နေပါတယ်။
(၅) စတာလင်ပေါင်
လူအများစုထင်ထားကြသလို စတာလင်ပေါင်ဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေး မဟုတ်ဘဲ အဆင့် ၅ နေရာကသာ ရှိနေပါတယ်။ စတာလင်ပေါင် ၁ ပေါင်ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၆ နဲ့ ညီမျှပြီး မြန်မာငွေ ၁,၇၇၅ ကျပ်နဲ့ ညီမျှပါတယ်။
(၆) ကေးမန်းကျွန်းဒေါ်လာ (KYD)
ကာရစ်ဘီယံပင်လယ် အနောက်ဘက်မှာ တည်ရှိတဲ့ ကေးမန်းကျွန်းဒေါ်လာကလည်း ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ငွေကြေးစာရင်းမှာ ပါဝင်ပါတယ်။ ကေးမန်းကျွန်းစု ၁ ဒေါ်လာ (1 KYD) ဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၁၉ နဲ့ ညီမျှပြီး မြန်မာငွေ ၁,၆၈၀ ကျပ်နဲ့ညီမျှပါတယ်။
(၇) ယူရို
လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ယူရိုပိုက်ဆံရဲ့တန်ဖိုးက မြင့်မားပါတယ်။ လက်ရှိမှာတော့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ၁ ယူရိုရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၃ နဲ့ညီမျှပြီး မြန်မာငွေ ၁၅၉၅ ကျပ်နဲ့ ညီမျှပါတယ်။
(၈) ဆွစ်ဇာလန်ဖရန့် (CHF)
ဆွစ်ဇာလန်နိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်သလို လူနေမှုအဆင့်အတန်း မြင့်မားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန် ၁ ဖရန့် (1 CHF) ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၀၆ ဒေါ်လာနဲ့ ညီမျှ ပြီး မြန်မာငွေ ၁,၄၉၃ ကျပ်နဲ့ ညီမျှပါတယ်။
(၉) အမေရိကန်ဒေါ်လာ
ကမ္ဘာ့စီးပွားရေးမှာ အမေရိကန်ရဲ့အရှိန်အဝါ ကြီးမားပေမယ့် ငွေကြေးတန်ဖိုးမှာတော့ အဆင့် ၉ နေ ရာသာ ဖြစ်ပါတယ်။ အမေရိကန် ၁ ဒေါ်လာဟာ မြန်မာငွေ ၁,၄၁၀ ကျပ်နဲ့ ညီမျှပါတယ်။
(၁၀) ကနေဒါဒေါ်လာ (CAD)
ကနေဒါဒေါ်လာကတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးတန်ဖိုး နေရာမှာ နံပါတ် ၁၀ နေရာက ရှိနေ ပါတယ်။ ကနေဒါ ၁ ဒေါ်လာ (1 CAD) ဟာ အမေရိကန်ဒေါ်လာ ၀ ဒဿမ ၇၄ နဲ့ ညီမျှပြီး မြန်မာငွေ ၁,၀၃၆ ကျပ်နဲ့ညီမျှပါတယ်။
Ref: fxssi
You may also like these stories:
တိုကျိုမှာ စီးပွားရေးလုပ်ငန်းအားလုံး ပြန်ဖွင့်တော့မည်
ကိုဗစ်ကာလမှာ ပိုချမ်းသာလာတဲ့ ဘီလီယံနာများ