၂ လကျော်ကြာတဲ့အထိ ညမထွက်ရအမိန့် ထုတ်ထားပြီးတဲ့နောက် ဇွန်လ ၁၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက အမိန့်ကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ ထိုင်းမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာလည်း ၂၁ ရက် ရှိသွားပါပြီ။
ကိုဗစ်ကာလအတွင်း ထိုင်းမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့ပြီး အခုချိန်မှာတော့ ပြန်လည် ဖြေလျှော့မှုတွေကို လုပ်ဆောင်နေပါတယ်။ အရင်က စားသောက်ဆိုင်တွေမှာ အရက်ရောင်းချခွင့် မပြုပေမယ့် လက်ရှိမှာတော့ ပြန်လည် ရောင်းချခွင့် ပြုလိုက်ပါတယ်။
လူဦးရေ သန်း ၇၀ နီးပါးရှိတဲ့ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ COVID-19 ပထမဆုံး ကူးစက်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပထမဆုံး ကူးစက်လူနာကို စတင် တွေ့ရှိခဲ့ပါတယ်။ လူဦးရေပမာဏနဲ့ နှိုင်းယှဉ်ရင် ကူးစက်သူ အရေအတွက် နည်းပါးခဲ့တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်ရောဂါကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ ရောဂါကူးစက်သူပေါင်း ၃,၁၃၅ ယောက် ရှိခဲ့ပြီး ၂,၉၈၇ ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ကတော့ ၅၈ ယောက် ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ကတည်းက ထိုင်းလူမျိုးတွေ အနေနဲ့ Mask တပ်ဆင်ခဲ့သလို ပြည်တွင်း ဝင်ရောက်ခွင့်တွေလည်း ပိတ်ထားခဲ့ပြီး စီးပွားရေး လုပ်ငန်းအများစုကိုလည်း ပိတ်ထားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့ကစပြီး စာသင်ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကလေးအရေ အတွက် ၁၂၀ ထက်နည်းအောင် စီစဉ်ထားသလို အနုပညာပြခန်းတွေ၊ ကစားကွင်းတွေ အပါအဝင် ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည် ဆောင်ရွက်ခွင့် ပြုခဲ့ပါတယ်။
ဘားနဲ့ ကာရာအိုကေဆိုင်တွေကိုတော့ ပြန်လည် ဖွင့်လှစ်ခွင့် မပြုသေးပါဘူး။ လွန်ခဲ့တဲ့၂ ပတ်ကစလို့ စားသောက်ဆိုင်တွေကို Social distanting နဲ့ ပြန်ဖွင့်ခွင့်ပြုခဲ့ပြီး အရက်ရောင်းချခွင့် မပြုခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်လည် ရောင်းချခွင့် ပြုလိုက်ပါတယ်။
ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ ထိုင်းမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ၅ ရက်ဆက်တိုက် ရှိခဲ့ပြီး ရောဂါ တွေ့ရှိသူတွေကလည်း ပြည်ပကနေ ပြန်လာသူတွေပဲ ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ တဝှမ်း COVID-19 ရောဂါကူးစက်သူ ပေါင်း ၈ သန်းကျော် ရှိသွားခဲ့ပြီး သေဆုံးသူပေါင်း ၄ သိန်းကျော် ရှိသွားခဲ့ပါပြီ။
Ref: CNA
You may also like these stories:
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ
ဇွန်လအတွင်း စင်ကာပူမှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်မည်