Trend

စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားတပ်များ ချထားမည်

Want create site? Find Free WordPress Themes and plugins.

နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖြိုချပြီးတဲ့နောက် စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယား စစ်တပ်ကိုစေလွှတ်သွားမယ်လို့ ဒီကနေ့ ဇွန် ၁၇ရက်နေ့မှာ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

တင်းမာမှုတွေ လျှော့ချဖို့နဲ့ ၂၀၁၈ ပဋိဉာဉ်စာချုပ်အရ ပြန်လည် ရင်ကြားစေ့ရေးအတွက် အထူးသံတမန်တွေ စေလွှတ်နိုင်ဖို့ တောင်ကိုရီးယားက တောင်းဆိုခဲ့ပေမယ့် မြောက်ကိုရီးယားက ပယ်ချလိုက်ပါတယ်။

သတင်းအေဂျင်စီတခုဖြစ်တဲ့ KCNA ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ဖြစ်သူ ကင်မ်ယိုဂျုံဟာ တောင်ကိုရီးယားက တောင်းဆိုတဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ကြောင်း ဖော်ပြ ခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့အတွက် တောင်ကိုရီးယားသမ္မတဖြစ်သူ Moon Jae-in က ပြီးခဲ့တဲ့တနင်္လာနေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာအကြံပေးဖြစ်တဲ့ Chung Eui-yong နဲ့ စပိုင်အကြီးအကဲဖြစ်သူ Suh Hoon ကို အထူးသံတမန်အနေနဲ့ မြောက်ကိုရီးယားကို စေလွှတ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် မြောက်ကိုရီးယားက ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံကလည်း ကမ်းလှမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားသမ္မတကို အခုလို တိုက်ရိုက်ဝေဖန် ပြစ်တင်ပြီး ရိုင်းရိုင်း စိုင်းစိုင်း ပြောဆိုခဲ့တဲ့အတွက်ကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား ယုံကြည်မှုတွေ ဆုံးရှုံးသွားနိုင်တယ်လို့ တောင်ကိုရီးယားသမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် Yoon Do-han သတိပေးပြောဆိုလိုက်ပါတယ်။

စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဖြတ်ကျော်ငြိမ်းချမ်းရေးသဘောတူညီချက်ကိုဖျက်သိမ်းလိုက်တာက မြောက်ကိုရီးယားနဲ့ ပိုမိုရှည်ကြာတဲ့ပြန်လည်သင့်မြတ်ရေးအတွက် တောင်ကိုရီးယားဘက်က ကြိုးစားမှုတွေအတွက် ဆုတ်ယုတ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

KCNA သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံဟာ တောင်ကိုရီးယား သမ္မတကို အမေရိကန်ရဲ့ ရုပ်သေးရုပ်လို့ သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားအစိုးရဟာ အမေရိကန် သြဇာကို ငြင်းဆန်မယ်ဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက်မျိုး မြောက်ကိုရီးယားကို ပေးခဲ့တယ်လို့ ကင်မ်မောင်နှမက မြင်နေကြောင်း တောင်ကိုရီးယား နျူးကလီးယားသံတမန်ဟောင်း Chun Yung-woo က ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ တောင်ကိုရီးယားစစ်သားတွေက Paju မှာရှိတဲ့ နှစ်နိုင်ငံ စစ်မဲ့ဇုန်တံခါးကို ပိတ်ထား လိုက်ပါတယ်။

Ref: English.kyodonews

You may also like these stories:

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း ထိုးကျနေ

 

Did you find apk for android? You can find new Free Android Games and apps.
Loading