ဂျပန်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ရေဆိုးမြောင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ကြောင်း ဂျပန်သုတေသီတွေက အတည်ပြုပြောကြားလိုက်ပါတယ်။
ရေဆိုးမြောင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိမှုဟာ ဂျပန်နိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ရောဂါပြန့်ပွားမှာကို စိုးရိမ်နေကြပါတယ်။ တိုယာမစီရင်စုတက္ကသိုလ်နဲ့ ကာနာဇာဝါတက္ကသိုလ်ကသုတေသနပညာရှင်တွေဟာ တိုယာမနဲ့ အီရှီကာဝါ စီရင်စုအတွင်းမှာရှိတဲ့ ရေဆိုးမြောင်းတွေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။
တိုယာမစီရင်စုတက္ကသိုလ်က ဟာတာအကီဟီကိုကတော့ တိကျတဲ့အဖြေတခုရဖို့ အချိန်ယူပြီး ဆောင်ရွက်ရမှာ ဖြစ်သလို ဂျပန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင် ထားဖို့လိုအပ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဂျပန်နိုင်ငံ မြူနီစီပယ်ဒေသ ၂၀ ကျော်အတွင်းက ရေဆိုးမြောင်းတွေကိုလည်း စမ်းသပ်စစ်ဆေးမှု တွေပြုလုပ်နေပါတယ်။
တကယ်တော့ ရေဆိုးမြောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတွေ့ရှိခဲ့တာ ဂျပန်နိုင်ငံတနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ သြစတြေးလျ ၊ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေမှာ ရေဆိုးမြောင်းတွေအတွင်း က ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့ဖူး ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရေဆိုးမြောင်း ၂၇ ခုကို စမ်းသပ်စစ်ဆေးခဲ့ရာမှာတော့ ၇ ခုမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပါတယ်။
ရေဆိုးမြောင်းထဲကနမူနာယူပြီး စမ်း သပ်စစ်ဆေးခြင်းက အဲဒီဒေသမှာရှိတဲ့ ကူးစက်သူအရေအတွက်ကို တယောက်ချင်းစီစစ်ဆေးနေစရာမလိုဘဲ ကူးစက်သူအရေအတွက်ကိုခန့်မှန်းနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ တိုက်ရိုက်မပါဝင်ခဲ့ပေမယ့် တိုကျိုတက္ကသိုလ်က ပါမောက္ခယူကီဖူရူစီက အခုလိုဆိုထားပါတယ်။
“ရေဆိုးမြောင်းထဲက နမူနာယူပြီးစမ်းသပ်စစ်ဆေးခြင်းက အဲဒီဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ထိ ကူးစက်နေပြီလဲဆိုတာကိုသိနိုင်တဲ့အတွက် ရောဂါလက္ခဏာမပြဘဲကူးစက်နေသူ တွေနဲ့ တခြားလူတွေကို လျင်လျင်မြန်မြန်သတိပေးနိုင်တဲ့စနစ်တခုပါပဲ” လို့ ပြောပါတယ်။
ဒါကြောင့်လည်း ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းကို ကြုံတွေ့လာရဖွယ်အခြေအနေမှာရှိ နေပါတယ်။
Ref:reuters
You may also like these stories:
စစ်မဲ့ဇုန်အတွင်း မြောက်ကိုရီးယားတပ်များ ချထားမည်
လေလွှင့်ကြောင်လို့ လူသိများတဲ့ ဇာတ်လိုက်ကျော် Bob သေဆုံး
ဆွစ်ဇာလန်မှာ ရထားပေါ် ရွှေချောင်း ကျန်ခဲ့တဲ့ ပိုင်ရှင်ကို ရှာဖွေနေ