Trend

ရွှေ့ပြောင်းအလုပ်သမားတွေကို နီပေါအစိုးရ ပြန်လည်ခေါ်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ကာလအတွင်း ပြည်ပရောက်နေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပြီး တချို့လည်း အမိမြေကို ပြန်လာနိုင်ခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း ပြည်ပရောက်နေပြီး အလုပ် မရှိတော့လို့အိမ်မပြန်နိုင်တော့တဲ့ ရွှေ့ပြောင်းနီပေါအလုပ်သမားတွေကို နီပေါ အစိုးရကပြန်လည်ခေါ်ဆောင်ပေးဖို့ နီပေါတရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။

အခုလိုအမိန့် ချမှတ်လိုက်တာဟာ လူ့အခွင့်အရေးကိုဆောင်ရွက်နေတဲ့ နီပေါရှေ့နေတွေရဲ့ အသနားခံစာကို ပြန်လည်တုန့်ပြန်လိုက်ခြင်းပဲ ဖြစ်တယ်လို့ တရားရုံးချုပ်ကပြောပါတယ်။

နီပေါအစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကို ပြန်လည် ခေါ်ဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ တရားရုံးချုပ်ကပြောပါတယ်။ ပြည်ပမှာရောက်ရှိနေတဲ့ နီပေါရွှေ့ပြောင်းအလုပ်သမား ၂၅၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်နေပြီး နီပေါ နိုင်ငံကိုပြန်လာနိုင်ခြင်းမရှိသေးပါဘူး။

ပြန်မလာနိုင်သေးတဲ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ တရားရုံးချုပ်ကပြောပါတယ်။

တရားရုံးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Bhadrakali Pokharel ကလည်း အခုလိုဆိုထားပါတယ်။

“ကုန်ကျစရိတ်မတတ်နိုင်လို့ အိမ်မပြန်နိုင်ဖြစ်နေတဲ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ယူဖို့ အစိုးရက တာဝန်ယူရမှာ ဖြစ်သလို ကုန်ကျစရိတ်ကိုလည်း အစိုးရကသာ ကျခံရမှာဖြစ်တယ်” လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေနဲ့ မလေးရှား ၊ တောင်ကိုရီးယားကို သွားရောက်လုပ်ကိုင်ကြတဲ့ နီပေါရွှေ့ပြောင်း အလုပ်သမားတွေကနေ နေအိမ်ကိုပြန်ပို့တဲ့ငွေက ဒေါ်လာ၃၂ ဘီလီယံရှိပြီး စုစုပေါင်းတိုင်း ပြည်ဝင်ငွေရဲ့ ၂၅ရာခိုင်နှုန်းရှိပါတယ်။

ကိုဗစ်ကူးစက်မှာကိုစိုးရိမ်တဲ့အတွက် ပြည်ပရောက်ရွှေပြောင်းအလုပ်သမားတွေကို ပြည်ဝင်ခွင့်ကန့်သတ်လိုက်တဲ့ အတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို ပြည်ဝင်ခွင့်ပေးဖို့နဲ့ လိုအပ်တဲ့အကူအညီတွေဆောင်ရွက်ပေးဖို့ နီပေါအစိုးရကို နီပေါတရားရုံးချုပ် က ပြီးခဲ့တဲ့ဧပြီလကတည်းက အမိန့်ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် နီပေါအစိုးရကလိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိဘဲကန့်သတ်မှုတွေလျှော့ချလိုက်တဲ့အချိန်မှသာ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ဆောင်ဖို့ပြင်ဆင်လာပါတယ်။ နီပေါနိုင်ငံမှာလွန်ခဲ့တဲ့ ရက် အနည်းငယ်ကစပြီး ကန့်သတ်မှုတွေလျှော့ချခဲ့ပါတယ်။

ပြည်ပရောက်နီပေါရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ လေယာဉ်စီစဉ်ပေးမှာဖြစ်ပေမယ့် လက်မှတ်ခကို အစိုးရကကုန်ကျပေးမှာ မဟုတ်ဘူးလို့ အစိုးရပိုင်းက ပြောဆိုနေပါတယ်။

တရားရုံးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Bhadrakali Pokharel က ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ နိုင်ငံခြားအလုပ်အကိုင်လူမှုဖူလုံရေးရန်ပုံငွေကိုအသုံးပြုဖို့ အစိုးရကို တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့တယ်လို့ပြောပါတယ်။

အဲဒီရန်ပုံငွေဟာ ပြည်ပရောက်ရွှေ့ပြောင်း အလုပ်သမားတွေနာမကျန်းဖြစ်တဲ့အခါမျိုးမှာသုံးဖို့ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင် တွေရဲ့ ပညာရေးမှာထောက်ပံ့နေဖို့အတွက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရရန်ပုံငွေ ဒေါ်လာ ၄၁ သန်း ရှိတယ်လို့ နီပေါအစိုးရက တရားဝင်ပြောကြားထားပါတယ်။

Ref:thestar

Did you find apk for android? You can find new Free Android Games and apps.
Loading