Trend

ဂျာမနီမှာ ပွဲတော်များ အောက်တိုဘာလအထိ ကျင်းပခွင့်မပြု

Want create site? Find Free WordPress Themes and plugins.

ဂျာမနီနိုင်ငံမှာ COVID-19 ကူးစက်မှုလှိုင်းသစ် ပြန်လည် ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် ကျင်းပနေကျ အထင်ကရ ပွဲတော်တွေကို အောက်တိုဘာလကုန်အထိ တားမြစ်ထားကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂလာမာကယ်လ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ပြည်နယ်က ဝန်ကြီးတွေနဲ့ စကားပြောဆိုပြီးတဲ့နောက် ဂျာမနီဝန်ကြီးချုပ်က ပြည်သူတွေကို သတိနဲ့ နေထိုင်ကြဖို့နဲ့ Social distancing ကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဥရောပရဲ့ လူဦးရေ အထူထပ်ဆုံးနိုင်ငံမှာ ကူးစက် လူနာသစ် အရေအတွက်က အနိမ့်ဆုံးအဆင့်နဲ့ တည်ငြိမ်လျက် ရှိနေကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ကန့်သတ်မှုတွေလျှော့ချပေးခဲ့ပေမယ့် Social distancing ကို လိုက်နာဖို့နဲ့ အပြင်ထွက်တဲ့အခါ Mask တပ်ဆင်ဖို့တော့ ဆက်ပြီး သတ်မှတ်ထားဆဲပါပဲ။

လက်ရှိ အချိန်မှာတော့ ဂျာမနီနိုင်ငံဟာ ကိုဗစ် ကူးစက်ခံထားရသူ အရေအတွက် ၁၉၀,၁၂၆ ယောက် ရှိနေပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ နံပါတ် ၁၁ နေရာက ရှိနေပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၈,၉၄၆ ယောက်ရှိနေပြီး ၁၇၄,၁၀၀ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာ ကိုဗစ် ကူးစက်သူ အရေအတွက် မြင့်တက်ခဲ့ပေမယ့် သေဆုံးမှုနှုန်း လျော့ကျအောင် ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကိုဗစ် စမ်းသပ် စစ်ဆေးမှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ကိုဗစ် ကူးစက်လူနာသစ် ၃၄၅ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၃၀ ယောက် ရှိခဲ့ပါတယ်။

မတ်လလယ်လောက်ကစပြီး တနိုင်ငံလုံးကို Lockdown ချခဲ့ပေမယ့် အခုချိန်မှာတော့ ဈေးဆိုင်တွေ၊ စာသင်ကျောင်းနဲ့ စားသောက်ဆိုင်တွေအပါအဝင် စက်ရုံလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်မာကယ်လ်နဲ့ ပြည်နယ်ဝန်ကြီးတွေ တွေ့ဆုံပြီးနောက် Social distancing ကို လိုက်နာဖို့ မဖြစ်နိုင်တဲ့ ဂျာမနီနိုင်ငံရဲ့အထင်ကရ ပွဲတော်တွေကို အောက်တိုဘာလကုန်ထိ ကျင်းပခွင့် မပြုဖို့ သဘောတူညီခဲ့ကြတယ်လို့ အစိုးရရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆန္ဒပြပွဲတော့ ဆက်လက် ခွင့်ပြုမှာဖြစ်ပေမယ့် ကူးစက်မှု မြင့်တက်နေတဲ့ ဒေသတွေရဲ့ ရောဂါကူးစက်နှုန်းကို လျှော့ချဖို့ အာဏာပိုင်တွေအနေနဲ့ ဆောင်ရွက်ရမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Toennies ကုမ္ပဏီဟာ သားငါးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး ဂျာမနီနိုင်ငံမှာ သားငါးထုတ်လုပ်မှု အကြီးမားဆုံး ကုမ္ပဏီလည်းဖြစ်ပါတယ်။ အဲဒီကုမ္ပဏီမှာ ကိုဗစ် ကူးစက်လူနာ ၄၀၀ တွေ့ရှိခဲ့တဲ့အတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

ဒေသခံအာဏာပိုင်တွေအနေနဲ့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ စာသင်ကျောင်းနဲ့ မူကြိုကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာ သားငါးထုတ်ပိုးမှု လုပ်ငန်းတွေကိုလည်း တားမြစ်ထားပါတယ်။

Ref: Reuters

You may also like these stories:

ဂျပန်နိုင်ငံ ရေဆိုးမြောင်းများမှ ကိုရိုနာဗိုင်းရပ်စ်ရှာဖွေတွေ့ရှိ

ထိုင်းမှာ “ညမထွက်ရအမိန့်” ရုတ်သိမ်း

တိုကျိုမှာ စီးပွားရေးလုပ်ငန်းအားလုံး ပြန်ဖွင့်တော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading