Trend

ရောဂါပျောက်ကင်းသွားတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ကိုဗစ်ပိုး ပြန်တွေ့

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေး ပြန်ကောင်းလာလို့ ဆေးရုံက ဆင်းသွားတဲ့ ဗီယက်နမ် အမျိုးသမီးတယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိခဲ့တယ်လို့ ပြည်နယ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရောဂါပိုး ပြန်လည် တွေ့ရှိခဲ့တဲ့ အမျိုးသမီးဟာ အသက် ၃၄ နှစ် အရွယ်ရှိသူဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ ကိုဗစ်လူနာ အမှတ် ၃၂၅ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ် ကူးစက်လူနာအသစ် ထပ်မံ မတွေ့ရှိတော့ဘူးလို့ ကြေညာထားခဲ့ပေမယ့် ကျန်းမာရေး ပြန်ကောင်းလာသူ တယောက်မှာ ရောဂါပိုး ပြန်လည် တွေ့ရှိခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ ရုရှားနိုင်ငံမှာ ရောဂါကူးစက်ခံခဲ့ရသူဖြစ်ပြီး ရုရှားနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ရောဂါပိုး ကင်းစင်ပြီး ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် မေလ ၂၃ ရက်နေ့ မှာ ဗီယက်နမ်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Hai Duong မြို့ကို ပြန်လည် ရောက်ရှိပြီး စမ်းသပ်မှုတွေ ပြုလုပ်တဲ့အခါမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်တွေ့ရှိခဲ့တဲ့အတွက် Hai Duong ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။

ကျန်းမာရေး ပြန်ကောင်းလာခဲ့တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့မှာ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ရောဂါပိုးပြန်တွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ထပ်မံပြီး စမ်းသပ် စစ်ဆေးတဲ့အခါမှာလည်း ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ဆေးကုသမှု ပြန်လည် ခံယူနေရပါတယ်။

ရောဂါပိုး ပြန်တွေ့ရှိတဲ့အတွက်ကြောင့်လည်း သူ့ရဲ့ သားဖြစ်သူ အပါအဝင် လူ ၁၅ ယောက်ကို Quarantine ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။

ဗီယက်နမ် ဆရာဝန်တွေကတော့ ရောဂါ ကူးစက်ခံထားရပြီး ပြန်လည် ကျန်းမာလာခဲ့သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည် တွေ့ရှိမှုတွေ ရှိခဲ့ပေးမယ့် တခြားသူကို မကူးစက်နိုင်ဘူးလို့ ပြောပါတယ်။ ဓာတ်ခွဲ အတွေ့အကြုံတွေအရ အဲ့လိုလူနာတွေမှာ ဗိုင်းရပ်စ် ပြန်လည်ကြီးထွားလာတာမျိုး မတွေ့ရဘူးလို့ ဟနွိုင်း အမျိုးသားဆေးရုံက ဆရာဝန် Nguyen Van Kinh က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၂ ယောက် ရှိပြီး ၃၂၅ ယောက် ကျန်းမာရေး ပြန်ကောင်းမွန်လာခဲ့သလို ကိုဗစ်ကြောင့် လူသေဆုံးမှုလည်း မရှိခဲ့ပါဘူး။

Ref: vietnaminsider.vn

You may also like these stories:

ဆွစ်ဇာလန်မှာ ရထားပေါ် ရွှေချောင်း ကျန်ခဲ့တဲ့ ပိုင်ရှင်ကို ရှာဖွေနေ

လေလွှင့်ကြောင်လို့ လူသိများတဲ့ ဇာတ်လိုက်ကျော် Bob သေဆုံး

COVID-19 နဲ့အတူ ကြီးထွားလာတဲ့ ကလေးအလုပ်သမား ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading