နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်ပိတ်ဆို့ထားမှုတွေ ဖြေလျော့လာတာကြောင့် Stay home ကာလလွန်မြောက်ပြီး သွားလာခွင့်ရနေပြီဖြစ်ပါတယ်။ ပြန်လည်သွားလာခွင့်ပြုလိုက်ပြီးဖြစ်တဲ့ အများပြည်သူသွားလာ နိုင်တဲ့နေရာတွေဟာ စိတ်ချရမှုရှိနေပြီလားဆိုတဲ့ မေးခွန်းထုတ်စရာရှိနေပါတယ်။
အားကစားရုံတွေနဲ့ ရေကူးကန်တွေမှာ မကူးစက်နိုင်ဘူးလို့ တထစ်ချမပြောနိုင်သလို ကိုရိုနာဗိုင်းရပ်စ်ဟာ ရေက တဆင့်ကူးစက်တယ်ဆိုတဲ့ သက်သေပြချက်လည်း မရှိပါဘူး။ ဒါပေမယ့် ပညာရှင်တွေကတော့ အာကစားရုံနဲ့ ရေကူးကန်တွေကို လူအများလာတာဖြစ်လို့ ကူးစက်နိုင်ချေ အဆင့် ၁၀ မှာ ၇ ကနေ ၈ လောက်ထိ ရှိနေတယ် လို့ဆိုပါတယ်။
တချို့ကတော့ ရေကူးကန်မှာသုံးတဲ့ ကလိုရင်းဆေးဟာ ဗိုင်းရပ်စ်ပိုးတော်တော်များများကို သေစေနိုင်တယ်လို့ ပြောပေမယ့် လာမယ့်သူတွေဟာ နှာခေါင်းစည်း Mask မတပ်ကြသလို Social distancing အရ ၆ ပေ အကွာ မနေခဲ့ရင် ကူးစက်နိုင်ချေရှိနေပါတယ်။
ဒါ့ပြင် တခြားတယောက်က ကိုင်တွယ်အသုံးပြုသွားတဲ့ပစ္စည်းတွေကို ထိတွေ့မိတဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက် နိုင်တာကြောင့် ပညာရှင်တွေကတော့ ဖြစ်နိုင်ရင် အသွားအလာများတဲ့နေရာတွေကို ရှောင်ကြည်ကြဖို့ တိုက်တွန်းထားပါတယ်။
လေ့လာချက်တခုမှာ အခန်းတွင်း Outdoor နေရာတွေက Indoor နေရာတွေထက် ဗိုင်းရပ်စ်ကူးစက်မှု အခွင့် အလမ်းပိုနည်းတယ်လို့ ဖော်ပြထားပါတယ်။ ကန့်သတ်ထားတဲ့စည်းမျဉ်းတွေကို ဖြေလျော့ပေးလိုက်ပေမယ့် ရောဂါကူးစက်မှုတွေ ရှိနေသေးတာကြောင့် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ လို အပ်နေပါသေးတယ်။
လက်ရှိအချိန်မှာ အများပြည်သူသွားလာရေးယာဉ်တွေနဲ့ လေကြောင်းသွားလာမှုတွေဟာ ဗိုင်းရပ်စ်ကူးစက်နိုင်ချေ မြင့်မားနေသေးတာကြောင့် အကာအကွယ် Mask တပ်ဆင်ထားသင့်သလို၊ လက်ကို မကြာခဏဆေးကြ ဖို့နဲ့ ခရီးဝေးသွားတဲ့အခါမျိုးမှာ ကိုယ်ပိုင် လက်ဆေးဆပ်ပြာ၊ တရှူးနဲ့ တခြားတကိုယ်ရည်သုံးပစ္စည်းတွေ သယ်သွားဖို့ အကြံပေးထားပါတယ်။
အများသုံးအိမ်သာနဲ့ နားနေဆောင်တွေဟာ လူအများထိတွေ့ကိုင်တိုင်မှုများတာကြောင့် အတတ်နိုင်ဆုံး ကိုယ်ပိုင်သုံး သန့်စင်ပစ္စည်းတွေ ဆောင်ကြဖို့နဲ့ ထိတွေ့ကိုင်တွယ်ပြီးတိုင်း မကြာခဏလက်ဆေးဖို့ လိုပါတယ်။ တယောက်နဲ့တယောက် အတတ်နိုင်ဆုံး ၆ ပေအကွာမှာနေပြီး လက်ကိုမျက်နှာနဲ့မထိအောင် ဂရုစိုက်ရပါမယ်။
လူများတဲ့အချိန်ကိုရှောင်ပြီး သွားလာကြဖို့နဲ့ အမြဲတမ်း နှာခေါင်းစီး Mask တပ်ဆင်ထားတာဟာ သင်ကိုယ်တိုင် ကစပြီး ကာကွယ်တာဖြစ်လို့ မိသားစုထံမကူးစက်နိုင်သလို အပြင်ထွက်မယ်ဆိုရင် ကျန်းမာရေးဌာနက ထုတ် ပြန်ထားတဲ့ စည်းမျဉ်းတွေကို အတိအကျလိုက်နာကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
Ref: edition.cnn
You may also like these stories:
နှစ်ကုန်မှာ COVID-19 ကာကွယ်ဆေး သန်းနဲ့ချီထုတ်နိုင်မယ်လို့ WHO မျှော်လင့်
ရောဂါပျောက်ကင်းသွားတဲ့ ဗီယက်နမ်အမျိုးသမီးမှာ ကိုဗစ်ပိုး ပြန်တွေ့
ဂျာမနီမှာ ပွဲတော်များ အောက်တိုဘာလအထိ ကျင်းပခွင့်မပြု