COVID-19 ကပ်ရောဂါဆိုး ပြန့်ပွားမှုက လူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေပါတယ်။ ဒီကာလ အတွင်း ကျောင်းပြန်တက်ကြရမယ့် ကလေးတွေလည်း ရှိနေပါတယ်။
ကိုဗစ် ကူးစက်ရောဂါ ပြန့်ပွားနေမှုကြောင့် ကလေးတွေအပါအဝင် မိဘတွေအနေနဲ့ ရောဂါကူးစက်မှာ ကြောက်ရွံ့နေသလို စိတ်လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ ကိုဗစ် ကပ်ရောဂါဆိုးကြီးက လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပစ်ခဲ့ပါတယ်။
ကျောင်းပြန်တက်မယ့် ကလေးတွေအတွက်တော့ ဒီလို ကာလကြီးဟာ စိုးရိမ်စရာကောင်းနေတာတော့ အမှန်ပါပဲ။ ကျောင်းပြန်တက်မယ့် ကလေးတွေကို ကိုဗစ် အပါအဝင် တခြား ရာသီပေါ်ရောဂါတွေ မကူးစက်အောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဓိကကတော့ ကလေးတွေကို စိတ်ခွန်အားပေးဖို့ပါပဲ။
ကလေးတွေကို ပွင့်ပွင့်လင်းလင်း စကားပြောပေးခြင်းက စိုးရိမ်မှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ ကျောင်းပြန်တက်မယ့် ကလေးတွေကို Mask အပါအဝင် အခြားကျန်းမာရေးဆိုင်ရာပစ္စည်းတွေကို ယူဆောင်စေပြီး ကျောင်းတက်ခိုင်းသင့်ပါတယ်။
ကိုဗစ် ကာလအတွင်းမှာ အရေးကြီးဆုံးကတော့ လက်ဆေးတာနဲ့ Mask တပ်ဆင်တာပါပဲ။ ဒါကြောင့်လည်း ကျောင်းသားရော၊ ဆရာတွေမှာပါ လက်ကို မကြာခဏ ဆေးကြောသင့်ပါတယ်။ ကိုဗစ်ကာလအတွင်း ကလေးတွေကို အကောင်းမြင် စိတ်ထားဖို့ ပိုပြီးသင်ကြားပေးသင့်ပါတယ်။ ဒါမှလည်း တဦးနဲ့တဦး သံသယ မရှိဘဲ ကျောင်းသင်ခန်းစာတွေကို ကောင်းမွန်စွာ သင်ကြားနိုင်ပါလိမ့်မယ်။
ကိုဗစ်ကာလမှာ နောက်ထပ်အရေးကြီးတာတခုကတော့ Social distancing ပါ။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ စာသင်ကျောင်းတွေမှာ Social distancing ထားပေးဖို့ လိုအပ်ပါတယ်။ ကိုဗစ်အပါအဝင် အခြားရောဂါတွေကနေ ကင်းဝေအောင် လက်မကြာခဏ ဆေးဖို့တော့ လိုအပ်ပါတယ်။
နောက်ထပ် အရေးကြီးတာကတော့ ကျောင်းတက်နေတဲ့ ကလေးတွေကို ပျော်ရွှင်အောင် ထားပေးနိုင်ဖို့ပါ။ စာသင်ခန်းအတွင်း ကလေးတွေ ကြိုက်နှစ်သက်တဲ့ သီချင်း၊ ဒါမှမဟုတ် အက စတာတွေကို ကလေးတယောက်ချင်း ပြုလုပ်ခိုင်းသင့်ပါတယ်။ ရောဂါပိုးမွှားတွေဟာ လက်တွေမှာ ဘယ်လိုရှင်သန်နိုင်ကြောင်း ကလေးတွေ သေသေချာချာသိအောင် သင်ကြားပေးဖို့ လိုပါတယ်။ ဒါမှလည်း လက်ဆေးဖို့ ကလေးတွေ သဘောပေါက်လာပါလိမ့်မယ်။
အရေးကြီးတာကတော့ ဆရာနဲ့ မိဘ ပူးပေါင်းပြီး ကလေးတွေကို စိတ်ခွန်အားပေးနိုင်ဖို့ပါပဲ။ ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း ကလေးတွေကို ပြောပြဖို့ လိုအပ်ပါတယ်။
ကလေးတွေရဲ့စိတ်ခံစားချက်က အမြဲလိုလို ပြောင်းလဲနေတတ်တဲ့အတွက် ခံစားချက် အပြောင်းအလဲကို သေသေချာချာ စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ ကျောင်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် ကလေးတွေကို ပုံဆွဲတာနဲ့ ကစားခိုင်းတာမျိုး ဆောင်ရွက်သင့်ပါတယ်။
COVID-19 ကပ်ရောဂါဟာ လူကြီးတွေရဲ့စိတ်ကိုမှ ထိခိုက်စေတာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ စိတ်ခံစားမှုကိုလည်း ထိခိုက်စေတဲ့အတွက် ကျောင်းပြန်တက်မယ့် ကလေးတွေကို စိတ်ခွန်အားပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှလည်း ကျောင်းပြန်တက်ကြမယ့် ကလေးတွေအနေနဲ့ အပြုသဘောဆောင်တဲ့ အပြုအမူမျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
Ref: UNICEF
You may also like these stories:
နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်
ပတ္တရားက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ဈေးနှုန်း တဝက် လျှော့ချမည်
အာရှနိုင်ငံများနှင့် ကိုဗစ် ဒုတိယလှိုင်း အန္တရာယ်