အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံဟာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် အများဆုံး နိုင်ငံတနိုင်ငံပါ။ လက်ရှိအချိန်ထိ စင်ကာပူမှာ ကိုဗစ် ကူးစက်ခံရသူ ၄၃,၀၀၀ ကျော် ရှိနေပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ ၃၇,၀၀၀ ကျော် ရှိပါတယ်။ သေဆုံးသူ အရေအတွက် ၂၆ ယောက်သာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ စင်ကာပူ – မလေးရှား နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို နှစ်နိုင်ငံအကြား သဘောတူညီမှု ရခဲ့ပါတယ်။ ခရီးသွားလာခွင့် ရရှိခဲ့ကြသူတွေကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားခရီးသွားအုပ်စုတွေ ဖြစ်ကြပါတယ်။
ဇွန်လ ၂၆ ရက်နေ့မှာတော့ နှစ်နိုင်ငံဝန်ကြီးချုပ်တွေ တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြပါတယ်။ ဇွန်လ ၂၇ ရက်နေ့မှာတော့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အခြားခရီးသွားအုပ်စုတွေကိုလည်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့် ပြုခဲ့ပါတယ်။
ခရီးသွားတွေအနေနဲ့ ကိုဗစ် ကြိုတင်ကာကွယ်ရေး စီမံချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက်ကြောင့်လည်း နှစ်နိုင်ငံစလုံးမှာ ပြည်သူ့ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေကိုဆောင်ရွက်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ သဘောတူညီခဲ့ကြပါတယ်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြမယ့် လူဦးရေကို သတ်မှတ်ချက် မထားသလို ပိုပြီးလွယ်ကူနိုင်မယ့် နည်းလမ်းတွေကိုလည်း နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဆွေးနွေးနေကြပါတယ်။ ကိုဗစ်ကာလဖြစ်နေတဲ့အတွက်ကြောင့်လည်း နှစ်နိုင်ငံခရီးသွားတွေအနေနဲ့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေကိုလိုက်နာဖို့ လိုအပ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီချက်အရ ကိုဗစ်ကာလအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေအနေနဲ့ မိခင်မြေကို ပြန်လာနိုင်တော့မယ်လို့ သိရပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာတော့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Vivian Balakrishnan က ကိုဗစ် စစ်ဆေးမှုတွေကို မပြုလုပ်ဘဲ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့်လည်း နယ်စပ်ဂိတ်တွေကို တဆင့်ပြီးမှတဆင့် ပြန်ဖွင့်သွားမယ်လို့ ပြောခဲ့ပါတယ်။ ကိုဗစ် စစ်ဆေးမှုကို လိုက်နာမယ်ဆိုရင်တော့ နှစ်နိုင်ငံအကြား ခရီးသွားနိုင်ပါမယ်။ မလေးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူပေါင်း ၈,၆၃၄ ယောက် ရှိနေပြီး ၁၂၁ ယောက် သေဆုံးခဲ့ပါတယ်။ မလေးရှားနိုင်ငံဟာ စင်ကာပူနိုင်ငံထက် ကူးစက်သူ အရေအတွက် နည်းပေမယ့် သေဆုံးသူ အရေအတွက် ပိုများပါတယ်။
Ref: CNA
You may also like these stories:
အီတလီမှာ တောင်တက်သမားတွေကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံအား သေဒဏ်ချမှတ်
ကမ္ဘာ့ဆံပင်အရှည်ဆုံး အမျိုးသမီးတွေ နေတဲ့ရွာ
အိန္ဒိယမှာ မိုးကြိုးပစ်ခံရပြီး လူ ၁၀၀ ကျော် သေဆုံး