• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကားသော့နေရာမှာ အစားထိုးလာတော့မယ့် iPhone နည်းပညာသစ်

by Aurora
30 June 2020
in Trend
A A
နောက်ဆုံးပေါ်ကားသစ်တွေမှာ Car key တခုလို အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ အဆင်မြင့်တင်သွားဖို့ရှိပါတယ်။

နောက်ဆုံးပေါ်ကားသစ်တွေမှာ Car key တခုလို အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ အဆင်မြင့်တင်သွားဖို့ရှိပါတယ်။

15.5k
VIEWS
Share on FacebookShare on Twitter

Apple ကနေ သူတို့ရဲ့ စမတ်ဖုန်းတွေကို ကားသော့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပါပြီ။ နည်းပညာကုမ္ပဏီကြီးကတော့ နောက်ဆုံးပေါ် iPhone တွေမှာ Car key အနေနဲ့ပါ အသုံးပြုနိုင်မယ့် Feature ထည့်သွင်းသွားမယ့် အကြောင်းကို Worldwide Developer Conference (WWC) အခမ်းနားမှာ ပြောကြားသွားခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
212
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
229
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

စမတ်ဖုန်းကတဆင့် Car key အဖြစ် အသုံးပြုနိုင်တဲ့အပြင် စက်နှိုးနိုင်တဲ့အထိ သုံးနိုင်အောင် ဖန်တီးထားပါတယ်။ Apple ဟာ သူတို့ရဲ့ နှစ်ရှည်မျှော်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ကား တည်ဆောက်ရေး အိပ်မက်ဟာ အကောင်ထည် မပေါ် သေးပေမယ့် CarPlay infotainment system ကတော့ ၉၇ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။

နောက်ဆုံးပေါ်ကားသစ်တွေမှာ Car key တခုလို အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ အဆင်မြင့်တင်သွားဖို့ရှိပါတယ်။ Apple ဟာ အဆိုပါ feature အသစ်ကို 2021 BMW 5 Series မှာ စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတခြား ကားအမျိုးအစားတွေမှာပါ အသုံးပြုနိုင်အောင် ပြင်ဆင်နေပါတယ်။

Apple က စီနီယာ မန်နေဂျာတယောက်ဖြစ်တဲ့ Emily Schubert က iPhone ကနေတဆင့် ကားကို Unlock ဘယ်လိုလုပ်လို့ရကြောင်း သရုပ်ပြရှင်းပြသွားခဲ့သလို၊ ဖုန်းကတဆင့် ကားစက်နှိုးနိုင်တဲ့ အပိုင်းကိုပါ ပြသခဲ့ပါတယ်။

အဆိုပါ နည်းပညာသစ်ဟာ အနီးအနားက device တွေ အချင်းချင်း wireless ဆက်သွယ်တဲ့နည်းပညာလို့ သိကြတဲ့ Near Field Communication စနစ်ကို အမှီပြုထားတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်အောင် နည်းပညာအသစ်တွေပါ ထပ်ဖြည့်သွားဖို့ ရှိပါတယ်။

BMW ကားပိုင်ရှင်တွေကတော့ အချင်းချင်း iMessage ကတဆင့် ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Volvo ကားကုမ္ပဏီကလည်း စမတ်ဖုန်းကတဆင့် အဆိုပါ နည်းပညာနဲ့ ဆင်တူတဲ့ Feature တွေ အသုံးပြုနိုင်ဖို့ ကမ်းလှမ်းနေတာမျိုးတွေ ရှိပါတယ်။

Apple ကလည်း အဆိုပါ နည်းပညာကို ကားအမျိုးအစားအစုံမှာ အသုံးပြုနိုင်အောင် ချဲ့ထွင်သွားဖို့အတွက် ပြင်ဆင်နေပါပြီ။ Apple ရဲ့ စီနီယာ Vice president ဖြစ်တဲ့ Federighi က နောက်နှစ်မှာ ဒီ့ထက် ပိုကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်လာနိုင်ပြီး ကားအသစ်တွေမှာ ထည့်သွင်းအသုံးပြုသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

မေလတွင်းက Car Connectivity Consortium အဖွဲ့စည်းကနေ စံသတ်မှတ်သုံး ဒစ်ဂျစ်တယ် Car key ကို ကြေညာနိုင်ခဲ့ပါတယ်။ စမတ်ဖုန်းနဲ့ ကားတွေကြား ချိတ်ဆက်အသုံးပြုနိုင်အောင် ဖော်ဆောင်ရေးမှာ အဖွဲ့ဝင်တွေအဖြစ် Apple, BMW, GM, Honda, Hyundai, Samsung နဲ့ Volkswagen တို့ ပါဝင်နေပါတယ်။

Ref: edition.cnn

အရှေ့တောင်အာရှရဲ့ ဒုတိယမြောက် Apple Store ကို ဘန်ကောက်မှာ ဖွင့်တော့မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ဖုန်းဈေးကွက် ရောင်းအား ထက်ဝက်ကျော် ကျဆင်း

iPhone မသုံးရေး လှုံ့ဆော်မှု တရုတ်လူမှုကွန်ရက် Weibo တွင် စတင်လာ

Your Thoughts …
Tags: iPhoneကားသော့နည်းပညာသစ်
Aurora

Aurora

Contributor

Similar Picks:

AI ပါလာပြီ ဖြစ်တဲ့ iPhone 16 Series

AI ပါလာပြီ ဖြစ်တဲ့ iPhone 16 Series

by ဧရာဝတီ
15 September 2024
2.3k

ကယ်လီဖိုးနီးယား၊ ကူပါတီနိုမှာ ရှိတဲ့ Apple ရုံးချုပ်မှာ ကျင်းပတဲ့ပွဲမှာ Hardware အသစ်တွေကို ကြော်ငြာ သွားခဲ့ပြီး ၎င်းပစ္စည်းတွေနဲ့ AI ဘယ်လို ပေါင်းစပ်ထားသလဲ ဆိုတာကိုလည်း...

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

သတင်း မှားယွင်း ဖော်ပြမှုကြောင့် Apple AI ကို ဖယ်ရှားပစ်ဖို့ RSF တိုက်တွန်း

by ဧရာဝတီ
29 December 2024
1.9k

RSF နည်းပညာ နဲ့ ဂျာနယ်လစ်ဇင် ဌာန အကြီးအကဲ Vincent Berthier က ဒီ feature ကိုဖယ်ရှားပစ်ပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Apple ကို တောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့...

အသစ်ထွက်ရှိလာတဲ့ iPhone 8, 8 Plus နဲ့ iPhone X

အသစ်ထွက်ရှိလာတဲ့ iPhone 8, 8 Plus နဲ့ iPhone X

by သီဟတိုး
14 September 2017
17.5k

iPhone X ရဲ့အရှေ့ဘက်အခြမ်းမှာ ပါဝင်တဲ့ True Depth Camera က မျက်နှာပေါ်က မတူညီတဲ့ ကြွက်သား ၅၀ ရဲ့ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး အသုံးပြုသူရဲ့မျက်နှာသွင်ပြင်ကို 3D Sensor ကနေ လှုပ်ရှားနေတဲ့ Emoji...

iPhone X ရောင်းအားကျတာက Samsung ကို ဘာကြောင့် ထိခိုက်ရတာလဲ

iPhone X ရောင်းအားကျတာက Samsung ကို ဘာကြောင့် ထိခိုက်ရတာလဲ

by သက်နိုင်ဦး (UCSL)
24 February 2018
11.3k

တကယ်တော့ iPhone X ရောင်းအား လျော့ကျတဲ့ အနေအထားဟာ Samsung ကိုလည်း အကျပ်ရိုက်စေတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

စွန့်ပစ်ပလတ်စတစ်ပြဿနာဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စရပ်တခု ဖြစ်လာနေပါတယ်

စွန့်ပစ်ပလတ်စတစ်ကနေ လျှပ်စစ်ထုတ်နိုင်မယ့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိ

by Aurora
15 December 2019
6.3k

နန့်ယန်းနည်းပညာတက္ကသိုလ်မှာ ဓာတ်ခွဲလေ့လာခဲ့သမျှ ပလတ်စတစ်တွေကို ဓာတုပစ္စည်းတွေနဲ့ရောပြီး နေရောင်ခြည် အတုသုံးကာ ချေဖျက်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

ဖိတ်စာမှာ ကြေးရောင်စက်ဝိုင်း တခုကိုသာ ဖော်ပြထားပြီး၊ "Gather round" လို့ ရေးထားတာ တွေ့ရပါတယ်

iPhone အသစ်ထွက် မိတ်ဆက်မည့် ရက်ကို Apple တရားဝင်ကြေညာ

by Nigma
31 August 2018
6.2k

Apple ဟာ ယခုပွဲအတွက် မီဒီယာဖိတ်စာမှာ ကြေးရောင်စက်ဝိုင်း တခုကိုသာ ဖော်ပြထားပြီး၊ "Gather round" လို့ ရေးသားထားတာ တွေ့ရပါတယ်။

Next Post
စစ်တွေမြို့မ ရဲစခန်း / မင်းအောင်ခိုင် / ဧရာဝတီ

စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ

ဟာသ သရုပ်ဆောင် ကောင်းစံ

“ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate