Trend

တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့

Want create site? Find Free WordPress Themes and plugins.

တချိန်ကတော့ ဘန်ကောက်မြို့ဟာ နိုင်ငံခြားသားခရီးသည်တွေနဲ့ စည်ကားနေလေ့ ရှိတဲ့ မြို့တမြို့ပါ။ လက်ရှိ အချိန်မှာတော့ ဘန်ကောက်မြို့ရဲ့ ဟိုတယ်တွေမှာ တည်းခိုကြမယ့် နိုင်ငံခြားသားခရီးသွားတွေ မရှိတော့တဲ့ ဟိုတယ်အများစုကို ပိတ်ထားရပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ် ကန့်သတ်မှုတွေကို ပြည်လည် လျှော့ချပေးခဲ့ပေမယ့် ဘန်ကောက်မြို့မှာ တိတ်ဆိတ်နေဆဲပါပဲ။

ဘန်ကောက်မြို့ရဲ့ ဒေသခံတဦး ဖြစ်သူ အာနန်ကလည်း သူ့ဘဝတလျှောက်မှာ ဘန်ကောက်မြို့ ဒီလောက်တိတ်ဆိတ်နေတာ မကြုံခဲ့ဖူးဘူးလို့ ပြောပါတယ်။ အာနန်ဟာ Sukhumvit 24 အနီးမှာ နေထိုင်သူတယောက်ဖြစ်ပြီး အဲဒီ ဧရိယာဟာ ထင်ရှားတဲ့ စားသောက်ဆိုင်တွေ၊ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ ဈေး ဝယ်စင်တာကြီးတွေကြောင့် နာမည်ကျော် နေရာလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ တချိန်ကထင် ရှားခဲ့တဲ့ ဧရိယာဟာ တိတ်ဆိတ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်း ကူးစက်ခံရသူ မရှိတဲ့ရက် ၃၅ ရက် ဆက်တိုက်အထိ ရှိခဲ့ပါပြီ။ ကူးစက်လူနာသစ်တွေဟာလည်း ပြည်ပက ပြန်လာသူတွေဖြစ်ကြပြီး Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဧပြီလကတည်းက ညမထွက်ရအမိန့် ထုတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ပြန်လည် ရုတ်သိမ်းခဲ့ပြီးဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်လည်ပတ်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း တံခါးအများစုကတော့ ပိတ်ထားဆဲပါပဲ။

ဘန်ကောက်မြို့မှာ နေထိုင်သူတယောက်ကလည်း တချိန်က ဘန်ကောက်မြို့ဟာ နိုင်ငံခြားခရီးသွားတွေအများဆုံး လာရောက် လည်ပတ်တဲ့မြို့ ဖြစ်ပေမယ့် အခုကြုံနေရတဲ့ အခြေအနေကတော့ ယုံနိုင်စရာ မရှိဘူးလို့ ဆင်ဟွာ သတင်းဌာနကို ပြောပါတယ်။

အနှိပ်ခန်းပိုင်ရှင်တယောက်ဖြစ်သူ ရာဒါကလည်း နိုင်ငံခြားခရီးသွား မရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက နှေးကွေးနေတုန်းပဲလို့ ပြောပါတယ်။ အရင်ကဆိုင်မှာ အလုပ်လုပ်ကိုင်နေသူ ၁၅ ယောက် ရှိခဲ့ပေမယ့် ကိုဗစ်ကြောင့် နေရပ်ပြန်သွားခဲ့ကြပါတယ်။ အလုပ်လုပ်ဖို့ ပြန်လည် ခေါ်ယူရာမှာတော့ ၅ ယောက်သာပြန်လာခဲ့တယ်လို့ ရာဒါက ပြောပါတယ်။

တကယ်တော့ ဘန်ကောက်မြို့တမြို့တည်း တိတ်ဆိတ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ ခရီးသွားတွေအလာများတဲ့ ဖူးခက်နဲ့ ပတ္တရားလို နေရာမှာလည်း တိတ်ဆိတ်နေတဲ့အတွက် ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ ဆုံးရှုံးမှုတွေကို ခံစားနေရပါတယ်။

နိုင်ငံခြားသားခရီးသွားတွေ လာရောက်မှု မရှိဘဲ ဟိုတယ်၊ စားသောက်ဆိုင်တွေကို ပြန်ဖွင့်ဖို့ မလွယ်ကူပါဘူး။ ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေဟာ တိုင်းပြည်စီးပွားရေးရဲ့ ၁၈ ရာခိုင်နှုန်းအထိ ရှိပြီး နိုင်ငံတကာ ခရီးသွားတွေကနေ နှစ်စဉ် ထိုင်းဘတ် ၂ ထရီလီယံအထိ ဝင်ငွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ လအတွင်း ထိုင်းမှာ ဝင်ငွေ ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

Ref: Chiangraitimes

You may also like these stories:

အရှေ့တောင်အာရှရဲ့ ပထမဆုံး Uniqlo သီးသန့် အထည်ဆိုင် ဘန်ကောက်တွင် ဖွင့်လှစ်

ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရုတ်သိမ်းမှု ပိုများလာ

Did you find apk for android? You can find new Free Android Games and apps.
Loading