လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးပြုသူများလာတာနဲ့ အမျှ အွန်လိုင်းပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီးလာကြသူတွေလည်း မနည်းပါဘူး။ Food Blogger၊ Travel Bolgger ၊ Beauty Blogger တွေအပြင် Social Influencer စတဲ့ အရာတွေနဲ့ နာမည်ကြီး လူသိများသူတွေလည်း ပေါ်ထွက်လာကြပါတယ်။
အရင်က Facebook ပေါ်မှာ “မောင်မောင်စေတန်” ဆိုတဲ့ Page တခုရှိခဲ့ပြီး ဒီ Page ကနေ ရေပန်းစားနေတဲ့ မင်းသမီး၊ မော်ဒယ်တချို့ရဲ့ ခပ်ဟော့ဟော့ ပုံတွေကို တင်လေ့ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဒီ Page က ပုံတွေက ရေပန်းစားခဲ့ပါတယ်။ သူကတော့ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ တင်ခဲ့တာတော့ မဟုတ်ပါဘူး။
အခုဆိုရင်တော့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ Facebook ပေါ်မှာ Follower များပြီး Sexy ဆန်ဆန် ပုံများကို တင်ကာ အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို ရရှိလာခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင်တွေ အများအပြား ရှိလာခဲ့ပါပြီ။ ဒီထဲကမှ Follower များပြီး၊ အထူးသဖြင့် အမျိုးသား ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အမျိုးသမီး Sexy မော်ဒယ်တွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
သင်ဇာဝင့်ကျော်
အရင်က နာမည်ကြီး ထိပ်တန်းမင်းသမီးတဦး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရင်နဲ့ မတူ ခန္ဓာကိုယ်အသားပေး ဖော်ပြမှုများနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို တဖန်ပြန်လည် ရယူထားနိုင်သူပါ။ အရင်က ပွဲလမ်းသဘင်တွေမှာဆို သင်ဇာဝင့်ကျော် ပွဲတက်မှ ဒီပွဲက လူစိတ်ဝင်စားမှုအမြင့်ဆုံးကို ဖြစ်စေနိုင်ခဲ့သူပါ။ သူမရဲ့ ပွဲတက်လာတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှ ဖော်ပြထားတဲ့ ဖက်ရှင်တွေကြောင့်ပါ။
သင်ဇာဝင့်ကျော်က ဒီလိုဖက်ရှင်တခုတည်းကြောင့်လည်း သူမကို ပရိသတ်စိတ်ဝင်စားစေခဲ့တာ မဟုတ်ပါဘူး။ သူမရဲ့ ခန္ဓာကိုယ်ကိုလည်း အချိုးအစားကျအောင် Gym ကစားရင်း အပင်ပန်းခံရင်းနဲ့ ပြုပြင်ပြောင်းလဲယူခဲ့သူပါ။
Facebook ပေါ်မှာ Follower သိန်း ၂၀ နီးပါး ရှိပြီး သူမ တင်တဲ့ ပို့စ်တွေကလည်း အမြဲတမ်းလိုလို ခန္ဓာကိုယ် အလှအပကို ဖော်ပြထားတဲ့ပုံတွေ များပါတယ်။ ဝေဖန်မှုအခံရဆုံး အနုပညာရှင်ထဲမှာ ပါဝင်ပေမယ့် သင်ဇာဝင့်ကျော်ကတော့ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှုအခံရဆုံး အဖြစ်လည်း တည်ရှိနေပါတယ်။
လုလုအောင်
ကချင်တိုင်းရင်းသူ မော်ဒယ် လုလုအောင်ကတော့ သူမရဲ့ Page မှာ Follower ၉ သိန်းကျော် ရှိတဲ့ Sexy မော်ဒယ်တဦးဖြစ်ပြီး သူမကတော့ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာသူပါ။ သူမရဲ့ အချိုးကျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့အတူ Sexy Pose တွေကြောင့် ဆိုရှယ်မီဒီယာအသုံးပြုတဲ့ အမျိုးသားထုကြားမှာ ရေပန်းစားလာခဲ့သူပါ။
Single Mother လို့ ကိုယ်တိုင်ဝန်ခံထားပြီး ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြတတ်လို့ သူမကို ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကြော်ငြာတွေပါ ရိုက်ကူးလာခဲ့ရပြီး Pose တခုကို Like အနည်းဆုံး တသိန်းကျော်ကနေ ရှိနေတတ်သူပါ။
လုလုအောင်၊ သင်ဇာဝင့်ကျော်နဲ့ ရွှေအိမ်စည်တို့ ၃ ဦးအတူ ပါဝင်ထားတဲ့ ဓာတ်မြေသြဇာ ကြော်ငြာတခုကတော့ ပရိသတ်တွေ အတော်စိတ်ဝင်စားခဲ့ကြတဲ့ ကြော်ငြာ ဖြစ်ခဲ့ပါတယ်။ သူတို့ ၃ ဦးရဲ့ ဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်အလှကို ပြသခဲ့ရတဲ့ ကြော်ငြာလည်း ဖြစ်နေလို့ပါ။ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် အောင်မြင်ခဲ့တဲ့ ကြော်ငြာလို့ ပြောလို့ ရပါတယ်။
နန်းမွေစံ
ခန္ဓာကိုယ်အလှ Sexy ပုံများကို မကြာခဏ Facebook ပေါ်တင်တာကြောင့် ဆေးကုသခွင့် ဆမ လက်မှတ်ကို အသိမ်းခံခဲ့ရပြီး ပရိသတ်များကြား စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ နန်းမွေစံကတော့ လက်ရှိမှာ လူမှုကွန်ရက် အသုံးပြုသူများကြား ရေပန်းအစားဆုံး Sexy Model တဦး ဖြစ်နေပါတယ်။
ဝတ်လစ်စလစ်နဲ့ သူ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Porn Hub ဝက်ဘ်ဆိုက်မှာ တင်ခဲ့လို့ စိတ်ဝင်စားမှု အခံရဆုံးနဲ့ ဝေဖန်မှုအခံရဆုံး ဖြစ်နေတာပါ။ နန်းမွေစံရဲ့ Facebook Page က Follower ၉ သိန်းကျော်ပဲ ရှိပေမယ့် အခုဆိုရင် သူတင်တဲ့ ပို့စ်တွေကိုတော့ ပရိသတ်တွေက စောင့်ကြည့်ရလောက်အောင် ဖြစ်လာခဲ့သူပါ။
နွယ်နွယ်ထွန်း
“အိန်ဂျယ်ရစ်ရစ်” လို့ Facebook ပေါ်မှာ လူသိများတဲ့ နွယ်နွယ်ထွန်းကလည်း သူ့ရဲ့ ခရီးသွားရင်း အလှရိုက်ထားတဲ့ Sexy ဆန်ဆန် ပုံများကြောင့် လူသိများပါတယ်။ သူကတော့ Follower ၅ သိန်းကျော် ရှိပေမယ့် သူတင်တဲ့ Pose တခုချင်းစီက ပရိသတ် Like ၂သိန်းကျော်က စပြီး ရရှိထားသူပါ။
အလွမ်းစာသားတွေနဲ့ ခရီးသွားပုံတွေ တင်တတ်သလို မကြာခဏ ရေကူးကန်ထဲက ခန္ဓာကိုယ်ပေါ်ပုံတွေတင်တတ်လို့ အမျိုးသားထုကြားမှာ “ရစ်” ဆိုပြီး ရေပန်းစားသူတဦးပါ။
နွယ်နွယ်ထွန်းကတော့ လူမှုကွန်ရက်ပေါ်မှာသာ ပုံတွေတင်လေ့ရှိပြီး အနုပညာနဲ့ ပတ်သက်လို့ လှုပ်ရှားမှု မရှိသူ တဦးလည်း ဖြစ်ပါတယ်။ အရင်တော့ မဂ္ဂဇင်းကာဗာ၊ အလှပုံတွေမှာ ဖော်ပြခြင်းခံခဲ့ရပြီး အခုချိန်မှာတော့ လူမှုကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာ နာမည်ကြီးနေသူ တဦးပါ။
သဇင်ဦး
ကိုဗစ်ကာလမှာ Mask တွေကို ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ Two Pieces ပုံစံတပ်ဆင်ပြီး ရိုက်ခဲ့လို့ လူမှုကွန်ရက်မှာ ဝေဖန်ခံခဲ့ရသူကတော့ သဇင်ဦးပါ။ သူမကတော့ ပညာပေးဆိုတဲ့ ပုံစံနဲ့ ဒီလိုရိုက်ကူးခဲ့ပေမယ့် Mask တွေနဲ့ မရိုက်သင့်ဘူးဆိုပြီး ဝေဖန်ခံခဲ့ရသူပါ။
သဇင်ဦးကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြီးကြီးမားမား မရှိသေးဘဲ Facebook ပေါ်မှာသာ ခန္ဓာကိုယ် အနောက်ပိုင်းအလှတွေကို မကြာခဏ တင်လေ့ရှိသူဖြစ်လို့ အမျိုးသား ပရိသတ်တွေ ကြိုက်နှစ်သက်ခြင်း ခံနေရသူပါ။ ကိုယ်တိုင်လည်း Sexy Model လို့ ခံယူထားပြီး တင်တဲ့ ပို့စ်တိုင်းကလည်း ခန္ဓာကိုယ် အသားပေးပုံတွေချည်းပဲ ဖြစ်ပါတယ်။
သူမတင်တဲ့ ပို့စ်တိုင်းကလည်း Facebook Like အနည်းဆုံး ၂ သောင်းကျော်ကနေ စတင် ရရှိထားသူဖြစ်လို့ လူမှုကွန်ရက်မှာ Sexy Model အဖြစ် လူသိများတဲ့အထဲမှာ ပါဝင်နေသူပါ။
You may also like these stories:
ခန္ဓာကိုယ်က တက်တူးတွေအကြောင်းပြောပြတဲ့ Sexy မော်ဒယ် နန်းသီရိမောင်
၂၀၁၇ – ၂၀၁၈ အတွက် ကမ္ဘာ့ထိပ်တန်း အလှဆုံးအမျိုးသမီး ၁၀ ဦး