COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့တာ ၆ လကျော် သွားခဲ့ပါပြီ။ တရုတ်နိုင်ငံ၊ ဝူဟန်ကနေ စတင် ဖြစ်ပွားခဲ့ပြီး ဝူဟန်မြို့သားတွေမှာ စိတ်ပိုင်းဆိုင်ရာ အမာရွတ်တွေ ကျန်နေသေးပေမယ့် ပုံမှန်အခြေအနေကို ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ ဝူဟန်မြို့သားတွေအနေနဲ့ အပြင်ထွက်တဲ့အခါ Mask တော့ တပ်ဆင်နေရဆဲပါပဲ။
ကိုဗစ် စတင်ဖြစ်ပွားပြီးတဲ့နောက် လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို အာဏာပိုင်တွေက Lockdown ချခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ကိုဗစ် ကူးစက်သူအရေအတွက် ၈၃,၅၃၄ ယောက် ရှိနေပြီး ၄,၆၃၄ ယောက် သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူနဲ့ သေဆုံးသူ အများစုကတော့ ဝူဟန်မြို့ပါပဲ။
ဝူဟန်မြို့မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတယောက်ကလည်း ကူးစက်မှု အန္တရာယ် နည်းပါးတဲ့ နေရာတွေမှာ Mask တပ်ဆင်တာမျိုး မပြုလုပ်ကြပေမယ့် ဝူဟန်မြို့သား အများစုကတော့ အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ဆင်လေ့ရှိကြတယ်လို့ ဝူဟန်မြို့ရဲ့ လက်ရှိ အခြေ အနေကို ပြောပြပါတယ်။ အပြင်ထွက်တိုင်း Mask တပ်ဆင်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကတော့ ကျန်နေတုန်းပဲလို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ် ကူးစက်မှုကတော့ ရှိနေဆဲပါပဲ။ ဒါကြောင့်လည်း စမ်းသပ်စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေဟာ လူတွေကို ထိတ်လန့်နေဆဲပါပဲ။
ရောဂါကူးစက်ပြန့်ပွားမှုက မိသားစုဝင်တွေအတွက် စိုးရိမ်သောက ပိုစေခဲ့တယ်လို့ အသက် ၃၂ နှစ်အရွယ် Li Chao က ပြောပါတယ်။ ဒါပေမဲ့လည်း အစိုးရနဲ့ပြည်သူ ပူးပေါင်းပြီး ကပ်ရောဂါကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ Li က ပြောပါတယ်။
ဝူဟန်မြို့မှာ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီးတဲ့နောက် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုများလာခဲ့သလို ဈေးဝယ် စင်တာတွေမှာလည်း လူတွေ ပြည့်နှက်နေပါတယ်။ ဝန်ထမ်းတွေလည်း အလုပ် ပြန်ဝင်နေကြပြီဖြစ်သလို ကိုယ်အပူချိန် တိုင်းတာမျိုးတွေကိုတော့ ဆောင်ရွက်နေဆဲပဲလို့ သိရပါတယ်။
ဝူဟန်မြို့မှာ အခြေအနေ ပြန်လည် ကောင်းမွန်လာခဲ့ပေမယ့် ဘေဂျင်းမြို့မှာတော့ ရောဂါကူးစက်သူ အရေအတွက် တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်နိုင်ငံမှာ ကူးစက်လူနာသစ် ၁၉ ယောက်ရှိခဲ့ပြီး ဘေဂျင်းမြို့က ၇ ယောက် ပါဝင်ပါတယ်။
Ref: economictimes, china-briefing
You may also like these stories:
ဝူဟန်မှာ ကိုဗစ် စစ်ဆေးဖို့ ယွမ် သန်း ၉၀၀ ကျော် အသုံးပြုခဲ့
အများပြည်သူကြားထဲ COVID-19 ကူးစက်မခံရအောင် နေထိုင်နည်း
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာအသစ်များ ထပ်မံ တွေ့ရှိလာ