ပြီးခဲ့တဲ့ ၂ လအတွင်း ဘော့စ်ဝါးနားနိုင်ငံမှာ ဆင်တွေ ရာနဲ့ချီပြီး သေဆုံးခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံဖြစ်တဲ့ ဘော့စ်ဝါးနားနိုင်ငံ၊ Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ မေလကစပြီး ဆင်ပေါင်း ၃၅၀ ကျော် ထူးထူးဆန်းဆန်း သေဆုံးခဲ့တယ်လို့ ဒေါက်တာ Niall McCann က အတည်ပြုပြောကြားခဲ့ပါ တယ်။
ဘော့စ်ဝါးနားအစိုးရရဲ့ပြောကြားချက်အရ ဆင်တွေ အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ အကြောင်းရင်းကို ဘယ်သူမှ တိတိကျကျ မသိဘူးလို့ သိရပါတယ်။
အာဖရိကနိုင်ငံတွေမှာ ဆင် အရေအတွက် လျော့ကျနေပြီး ဘော့စ်ဝါးနားနိုင်ငံက တတိယနေရာမှာ ရှိနေပါတယ်။ မေလအစောပိုင်းတုန်းက Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ ဆင်ပေါင်း ၁၆၉ ကောင်သေဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် အစီရင်ခံခဲ့ပါတယ်။
အမည်မဖော်လိုသူတွေရဲ့ အပြောအရ ဇွန်လလယ်လောက်မှာ ဆင်သေဆုံးမှုနှုန်း ၂ ဆကျော် ခုန်တက်ခဲ့ပြီး သေဆုံးခဲ့တဲ့ ဆင် ၇၀ ရာခိုင်နှုန်းလောက်ကတော့ ရေတွင်းတွေမှာ စုံပုံနေခဲ့ပါတယ်။
ဘော့စ်ဝါးနား အစိုးရအနေနဲ့ ဆင်သေဆုံးရတဲ့ အကြောင်းရင်းကို ဓာတ်ခွဲစမ်းသပ်မှုတွေ မပြုလုပ်သေးသလို အခုလို ဆင်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုက လူ့ကျန်းမာရေးကို ဘယ်လို ထိခိုက်နိုင်သလဲဆိုတာကိုလည်း ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်ချေ ၂ ခုကတော့ ဆင်တွေဟာ အဆိပ်မိပြီး သေဆုံးတာ ဖြစ်နိုင်သလို ရောဂါတခုခုကြောင့် သေဆုံးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မျက်မြင်ဒေသခံတွေရဲ့အပြောအရ ဆင်တွေဟာ အာရုံကြော ချို့ယွင်းတဲ့ပုံစံ ရှိနေကြပြီး မသေဆုံးခင် စက်ဝိုင်းပုံစံ လည်ပတ်သွားလာနေခဲ့ကြတယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဆင်တွေဟာ အရွယ်အမျိုးမျိုး ဖြစ်ကြပြီး အထီး ၊ အမ ၂မျိုးစလုံးသေဆုံးခဲ့ကြတယ်လို့ ဒေသခံ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အသက်ရှင်လျက် ရှိနေသေးတဲ့ ဆင်တွေမှာတဲ့ အားနည်းတဲ့ လက္ခဏာ တွေ့နေရပြီး မကြာခင် ရက်ပိုင်းအတွင်း သေဆုံးမယ့်ပုံ ပေါ်ပါတယ်။ ဆင်သေကောင်တွေကို ရှာဖွေရ ခက်ခဲနေတဲ့အတွက် သေဆုံးမှုပမာဏက ပိုပြီးမြင့်မားလာဖွယ် ရှိနေတယ်လို့ ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်ကလည်း အဆိပ်သင့်မှုတခုကြောင့် ဘော့စ်ဝါးနားနိုင်ငံမှာ ဆင်ပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါသေးတယ်။ အခုလို ဆင်တွေ သေဆုံးနေရတာဟာ အာရုံကြောစနစ် ထိခိုက်မှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေါက်တာ McCann က ပြောပါတယ်။ အခုလို ရာနဲ့ချီပြီး ဆင်သေဆုံးမှုဖြစ်နေတဲ့ Okavango မြစ်ဝကျွန်းပေါ်ဒေသမှာ ဆင်ပေါင်း ၁၅,၀၀၀ နီးပါးရှိနေပြီး ဘော့စ်ဝါးနားနိုင်ငံရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။
Ref: BBC, theguardian
You may also like these stories:
အီတလီမှာ တောင်တက်သမားတွေကို တိုက်ခိုက်ခဲ့တဲ့ ဝက်ဝံအား သေဒဏ်ချမှတ်
လေလွှင့်ကြောင်လို့ လူသိများတဲ့ ဇာတ်လိုက်ကျော် Bob သေဆုံး
အိန္ဒိယက ဆင်သေဆုံးမှုအပေါ် အနုပညာရှင်များ ပြစ်တင်ရှုတ်ချ