Trend

အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံရ

Want create site? Find Free WordPress Themes and plugins.

MMA ချန်ပီယံ ကစားသမား အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ အောင်လအန်ဆန်းဟာ တနင်္လာနေ့က COVID-19 ရောဂါ စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး ယနေ့၊ ဇူလိုင်လ ၃ ရက်နေ့မှာတာ့ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတယ်ဆိုတဲ့ အဖြေ ထွက်ရှိထားကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။

“ချစ်ခင်ရပါသော မိသားစုဝင်များနှင့် မိတ်ဆွေ သူငယ်ချင်းများ ခင်ဗျာ။ ကျနော် တနင်္လာနေ့တုန်းက COVID-19 စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး ဒီနေ့မှာတော့ ကျနော့်ဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ ဆေးစစ်ချက် အဖြေ ထွက်လာပါတယ်။ ဒါကြောင့် ကျနော်နဲ့ ကျနော့် မိသားစု Quarantine ၁၄ ရက် နေထိုင်ရတော့မှာ ဖြစ်ပါတယ်”

“နေထိုင် မကောင်းစဖြစ်တဲ့ ပထမ ၂ ရက်မှာတော့ အဖျားရှိတာ၊အသက်ရှုရ ကြပ်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ မောပန်းတာတွေ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော့် မိသားစုဝင်တွေကတော့ နေထိုင်ကောင်းပြီး ကောင်းမွန်စွာ အဆင်ပြေနေပါတယ်”လို့ အောင်လအန်ဆန်းက ဆိုပါတယ်။

ဆက်လက်ပြီး သူက “ကျနော်တို့ ဒီအခြေအနေကို အတူတကွ အကောင်းဆုံး ရင်ဆိုင်ပြီး၊ ကျနော်တို့ ရင်ဆိုင် ကျော်လွှားသွားနိုင်မှာပါ”လို့ ဆိုထားပါတယ်။

MMA ချန်ပီယံ ကစားသမား အောင်လအန်ဆန်းဟာ အမေရိကန်နိုင်ငံသား အဖြစ် ခံယူထားပြီး လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်။ မြန်မာပြည်ဖွား အောင်လအန်ဆန်းကို မြန်မာနိုင်ငံသားတိုင်းက ချစ်ခင်ကြပြီး သူ့မွေးရပ်မြေ ကချင်ပြည်နယ်မှာလည်း ကြေးရုပ်တု စိုက်ထူပြီး ဂုဏ်ပြုထားပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံဟာ COVID-19 ရောဂါ ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်း လူ ၂ သန်း ၈ သိန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၁ သိန်း ၃ သောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

You may also like these stories:

ဘော့စ်ဝါးနားနိုင်ငံမှာ ဆင် ၃၅၀ ကျော် ထူးဆန်းစွာ သေဆုံး

ဘန်ကောက်မှာ စည်းမျဉ်းသစ်နဲ့ နိုက်ကလပ်တွေ ပြန်ဖွင့်ပြီ

ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading