Trend

ဂျပန် အလယ်တန်းကျောင်းသားတွေ ကျောင်းကို ဖုန်းယူဆောင်ခွင့်ရရှိ

ဂျပန်နိုင်ငံပညာရေးဝန်ကြီးဌာနကနေ အလယ်တန်းကျောင်းသားတွေကို အမှန်တကယ်လိုအပ်တဲ့အခြေအနေ တွေမှာ အသုံးပြုနိုင်ဖို့အတွက် စမတ်ဖုန်းတွေကို ကျောင်းကို ယူဆောင်ခွင့်ပြုလိုက်ပါပြီ။ ကျောင်းသားတွေဟာ အရေးပေါ်ကိစ္စရပ် တွေမှာ ဆက်သွယ်အကြောင်းကြားနိုင်ဖို့အတွက် ခွင့်ပြုပေးလိုက်တာပါ။

ဒါပေမယ့်လည်း မူလတန်းကျောင်းသားတွေကတော့ ကျောင်းကို စမတ်ဖုန်းယူဆောင်လာခွင့် တားမြစ်ထားဦး မှာ ဖြစ်ပါတယ်။ မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေကို ၂၀၀၉ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနကနေ ကျောင်းကို စမတ်ယူဆောင်လာခွင့် တားမြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စမတ်ဖုန်းကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာတဲ့အပြင် မိဘတွေကလည်း သူတို့ရဲ့ကလေး တွေကို ဘေးအန္တရာယ်အရေးပေါ်ကိစ္စရပ်တွေမှာ ဆက်သွယ်နိုင်အောင် ကျောင်းကို စမတ်ဖုန်းယူဆောင်ခွင့်ပေး ဖို့ တောင်းဆိုမှုတွေ များလာတာကြောင့် အခုလို ခွင့်ပြုပေးခဲ့တာပါ။

အရေးပေါ်ကိစ္စရပ်တွေမှာ သုံးစွဲနိုင်ဖို့အတွက် ပြန်လည်ခွင့်ပြုဖို့ စိစစ်တဲ့နေရာမှာ လိုအပ်တဲ့စည်းမျဉ်းတွေချမှတ် နိုင်ဖို့ ဝန်ကြီးဌာနဟာ မိဘတွေ၊ ကျောင်းသားတွေ၊ ဆရာတွေနဲ့ပါ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး အန္တရာယ်ရှိတဲ့ Website တွေကိုလည်း ကန့်သတ်ခဲ့ကြပါတယ်။

စမတ်ဖုန်းယူဆောင်လာဖို့အတွက် ကျောင်းသားတွေမိဘတွေဘက်က လိုအပ်တဲ့အချက်အလက်တွေ ဖြည့်စွက် ပေးရမှာဖြစ်သလို ကျောင်းသားတွေဘက်ကလည်း ကျောင်းရောက်တာနဲ့ သက်ဆိုင်ရာ Locker ထဲမှာပဲ သိမ်း ဆည်းထားရမယ်လို့ သတ်မှတ်ထားပါတယ်။

စိစစ်ထားတာတွေကို ဇူလိုင်လအတွင်း နောက်ဆုံးတင်ပြချက်အပြီးမှ ပညာရေးဝန်ကြီးဌာနဘက်က နိုင်ငံတဝှမ်း က အလယ်တန်းကျောင်းတွေကို အကြောင်းကြားသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အကြိုသဘောတူ ထားပြီး တရားဝင်သဘောတူညီချက် မထွက်ရှိသေးပါဘူး။

၂၀၁၈ ခုနှစ်၊ ဇွန်လမှာ အိုဆာကာမှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီးမှာ ဒေသတွင်းပညာရေးဌာနက ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျော့ပေးပြီး ကျောင်းသားတွေ ကျောင်းကို စမတ်ဖုန်းသယ်ဆောင် ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့်လည်း ပညာရေးဝန်ကြီးဌာနကပါ ၂၀၁၉ ခုနှစ်၊ မေလမှာ အဆိုပါစည်းမျဉ်းကို ပြန် လည်ပြင်ဆင်ဖို့အတွက် စတင်လုပ်ဆောင်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အိုဆာကာမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မူလတန်းကျောင်းသားတွေအပါအဝင် လူအများ အပြားသေဆုံးခဲ့ရပါတယ်။

Ref: Japan Times

You may also like these stories:

အောင်လအန်ဆန်း COVID-19 ရောဂါ ကူးစက်ခံရ

ဘော့စ်ဝါးနားနိုင်ငံမှာ ဆင် ၃၅၀ ကျော် ထူးဆန်းစွာ သေဆုံး

ဘန်ကောက်မှာ စည်းမျဉ်းသစ်နဲ့ နိုက်ကလပ်တွေ ပြန်ဖွင့်ပြီ

Loading