Trend

သြစတြေးလျမှာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့လာ

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံရဲ့ ပြည်နယ် ၂ ခုမှာ COVID-19 ကူးစက်မှုတွေ ပြန်တွေ့ရှိရပြီးနောက် နေရာတချို့ကို Lockdown ချ ကန့်သတ်ပိတ်ပင်လိုက်ရပါတယ်။ ကူးစက်မှု လျော့နည်းလာတာကြောင့် ကန့်သတ်စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက် မကြာခင်ရက်ပိုင်းက ကူးစက်မှုအသစ်တွေ ထပ်မံတွေ့ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရောဂါ ကူးစက်မှုများ ရှိနေတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ဇူလိုင် ၄ ရက်တရက်တည်းမှာတင် ကူးစက်ခံရသူ ၁၀၈ ဦး ထပ်မံ တွေ့ရှိခဲ့ပါတယ်။ မြို့တော် မဲလ်ဘုန်းက အိမ်ရာ ၉ နေရာမှာတင် COVID-19 ရောဂါ ကူးစက်မှုတွေကြောင့် Lockdown ချလိုက်ပြီး အိမ်ရာနေ လူပေါင်း ၃,၀၀၀ ကျော်လောက်ကိုလည်း အပြင်မထွက်ကြဖို့ ကန့်သတ်လိုက်ပါတယ်။

လက်ရှိမှာတော့ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ၈,၇၅၅ ယောက် ကူးစက်ခံထားရပြီး ၁၀၆ ဦးသေဆုံးခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဒယ်နီရယ် အန်ဒရူးကတော့ ထပ်မံကူးစက်လာတဲ့ အရေအတွက်အရ လူတိုင်း သတိပြုဆင်ခြင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

ကန့်သတ်ထားတဲ့ အိမ်ရာဝင်းအတွင်း နေထိုင်သူတွေကိုလည်း ၅ ရက်အတွင်း COVID-19 ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်သွားမယ်လို့ အန်ဒရူးက ဆိုပါတယ်။ ဆေးဘက်ဆိုင်ရာအရာရှိ ပေါလ်ကယ်လီကလည်း သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် စတင်နေပြီဆိုတာ ပြောကြားလိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အမြင့်ဆုံးကူးစက်ခဲ့တဲ့ မတ်လက အရေအတွက်လောက် မရောက်သေးပေမယ့် ပြည်တွင်း ကူးစက်မှုတွေဟာ လက်ရှိချိန် ကူးစက်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က ကူးစက်မှုတွေကတော့ ပြည်ပက ပြန်လည်ရောက်လာတဲ့ သြစတြေးလျ ခရီးသွားတွေကြောင့် အများဆုံးဖြစ်ခဲ့တာပါ။

ကူးစက်ခံရသူ ၁၉၁ ဦးနဲ့ တရက်တည်း ကူးစက်မှုအများဆုံး စံချိန်တင်သွားတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်မှုအသစ်တွေထဲက ၃၇ မှုကတော့ ဆက်စပ်မှုရှိနေပြီး ကျန်တဲ့ ၁၅၄ မှုကိုတော့ စုံစမ်းနေဆဲပဲလို့ သိရပါတယ်။

ကူးစက်မှု အသစ်တွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်လာပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ်ထဲက ၄ မှုဟာ Epping မြို့မှာရှိတဲ့ မြောက်ပိုင်းဆေးရုံတခုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဆေးရုံက အနီးကပ်ထိတွေ့ခဲ့တဲ့ ဝန်ထမ်း တဦးအပါအဝင် ၉ ဦးကို သီးသန့်ခွဲခြားထားပါတယ်။ ဒါ့ပြင် Truganina က ကောလိပ်ကျောင်းတွေမှာပါ ကူးစက်မှုအသစ်တွေ တွေ့ရတာကြောင့် ကျောင်းရှိ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို သီးသန့် ခွဲခြားနေထိုင်စေပါတယ်။

နောက်ထပ် ကူးစက်မှုတခုကတော့ Craigieburn မှာရှိတဲ့ မူလတန်းကျောင်းကပါ။ လက်ရှိမှာတော့ အဆိုပါ ကျောင်းကနေ ကူးစက်မှု ၁၀ ခုအထိ ရှိလာခဲ့ပါပြီ။ ဇူလိုင် ၆ ရက်မှာ ပြည်နယ်အစိုးရက ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ်ထဲက ၉၀ အရွယ်နဲ့ ၆၀ အရွယ် အမျိုးသား၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Ref: BBC, ABC

You may also like these stories:

တောင်တရုတ်ပင်လယ်သို့ အမေရိကန် လေယာဉ်တင်သင်္ဘော ၂ စင်း စေလွှတ်

မျောက်တွေ ခူးပြီးရောင်းတဲ့ ထိုင်းအုန်းသီးထုတ်ကုန်များ သပိတ်မှောက်ခံရ

ဂျပန် အလယ်တန်းကျောင်းသားတွေ ကျောင်းကို ဖုန်းယူဆောင်ခွင့်ရရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading