ပြင်သစ်က ကမ္ဘာကျော် Louvre ပြတိုက် ပြန်ဖွင့်ပြီ
ကမ္ဘာပေါ်မှာ နှစ်စဉ် ဝင်ရောက်
ပြန်ဖွင့်ပေးလိုက်ပေမယ့် ပြတိုက်ရဲ့ သုံးပုံတပုံကတော့ ပိတ်ထားဦးမှာ ဖြစ်ပါတယ်။ ပြင်သစ်ဘုရင်တွေရဲ့ နန်းတော်ဟောင်းဖြစ်ခဲ့တဲ့ Louvre ပြတိုက်ကြီးဟာ COVID-19 ကြောင့် ၄ လနီးပါး ပိတ်ထားခဲ့စဉ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်း (ယူရိုငွေ သန်း ၄၀ ) ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒါရိုက်တာအဖွဲ့ဝင် Jean-Luc Martinez က ဝန်ခံပြောကြားပါတယ်။
ပုံမှန်အခြေအနေတိုင်း ပြန်ဖြစ်ဖို့ဆိုရင်တော့ နှစ်အနည်းငယ်လောက် ရုန်းကန်ရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း Mona Lisa ပန်းချီကားလို နာမည်ကျော်တွေရဲ့ လက်ရာ အများအပြားရှိတဲ့ ပြတိုက်ကြီးမှာ တချို့နေရာတွေကိုတော့ Social distancing အရ ကန့်သတ် ပိတ်ပင်ထားရဆဲ ဆိုပေမယ့် ဖွင့်ပေးထားတဲ့ နေရာတွေနဲ့တင် ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်
Louvre ပြတိုက်ကို နှစ်စဉ် ဝင်ရောက်ကြည့်ရှုသူ ၇၀ ရာခိုင်နှုန်း လူဦးရေ ၉ ဒဿမ ၆ သန်းကျော်ဟာ နိုင်ငံတကာခရီးသွားတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခရီးသွားလာမှုတွေ ကန့်သတ်ထားတာကြောင့် ဧည့်သည် အရေအတွက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“ကျနော်တို့ ဧည့်သည် ၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားနိုင်ပါတယ်။ မနှစ်က နွေရာသီတုန်းကဆို တနေ့ကို ဧည့်သည် ၄ ထောင်ကနေ ၁ သောင်းကြားရှိတယ်” လို့ Martinez က ဆိုပါတယ်။ လျော့နည်းသွားတဲ့ နိုင်ငံတကာခရီးသွားတွေ နေရာမှာ ဒေသခံ ပြင်သစ်လူမျိုးတွေ ပိုဝင်လာအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၈,၃၃၅ ရှိခဲ့ပြီး သေဆုံးသူ ၂၉,၉၂၀ ဦးရှိခဲ့ပေမယ့် ကူးစက်မှုအသစ် မတွေ့ရတာကြောင့် ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျော့ပေးနေတာ ဖြစ်ပါတယ်။
Ref: Bangkok Post
You may also like these stories:
ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ
တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့
စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆေးကုသမယ့်သူတွေ ထိုင်းသို့ ဝင်ရောက်ခွင့်ပေး