ကိုဗစ်ကာလအတွင်း ကမ္ဘာတဝှမ်းက လူတွေအနေနဲ့ စိတ်ပင်ပန်းခဲ့ကြရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အပျော်ရွှင်ဆုံးနိုင်ငံတွေ အကြောင်းကို ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။ ကုလသမဂ္ဂအနေနဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို စာရင်းပြုစုပြီး ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေကို ဖော်ပြပေးခဲ့ပါတယ်။
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေ အကြောင်းကို လူမှုပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို မူတည်ပြီး စာရင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွက် အပျော်ရွှင်ဆုံးနိုင်ငံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖင်လန်နိုင်ငံ
၂၀၂၀ ခုနှစ်အတွက် အပျော်ရွှင်ဆုံး နိုင်ငံစာရင်းထဲမှာ ပထမနေရာက ရပ်တည်နေတဲ့ နိုင်ငံကတော့ ဖင်လန်နိုင်ငံပါ။ ဖင်လန်နိုင်ငံဟာ တဦးနဲ့တဦး ဂရုစိုက် စောင့်ရှောက်တဲ့ နေရာမှာ တခြားနိုင်ငံတွေ ထက်ပိုပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေတာ ၃ နှစ် ဆက်တိုက် ရှိသွားခဲ့ပါပြီ။
ဖင်လန်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ အဋ္ဌမမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ အကျဲဆုံး နိုင်ငံပါ။ ဖင်လန်နိုင်ငံမှာ နေထိုင်သူ လူဦးရေ ၅ ဒဿမ ၄ သန်းကျော်သာ ရှိပါတယ်။
(၂) ဒိန်းမတ်နိုင်ငံ
ကုလသမဂ္ဂရဲ့ကြေညာချက်အရ ၂၀၂၀ ခုနှစ်အတွင်း ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဒုတိ ယနေရာက ရပ်တည်နေပါတယ်။ ၂၀၁၂ ၊ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်မှာတော့ ဒိန်းမတ်နိုင်ငံက ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
(၃) ဆွစ်ဇာလန်နိုင်ငံ
၂၀၁၅ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းမှာ ထိပ်ဆုံးနေရာက ရှိခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ နဂိုကလည်း လှပတဲ့နိုင်ငံဖြစ်သလို ဥရောပတိုက်ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး တောင်တန်းတွေ ဝန်းရံထားတဲ့ နိုင်ငံတနိုင်ငံပါ။
(၄) အိုက်စလန်နိုင်ငံ
ကမ္ဘာပေါ်မှာ အပျောရွှင်ဆုံး နိုင်ငံစာရင်းကို ကြည့်ရင် ဥရောပတိုက်က ပိုမိုများပြားနေတာ တွေ့ရပါ တယ်။ မကြာသေးမီ နှစ်တွေအတွင်း အိုက်စလန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကလည်း ပိုပြီးကောင်း မွန်လာခဲ့ပါတယ်။
(၅) နော်ဝေနိုင်ငံ
၂၀၁၇ ခုနှစ်မှာတော့ နော်ဝေနိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဥရောပ နိုင်ငံတွေထဲမှာဆိုရင်လည်း နော်ဝေက ဒုတိယမြောက် လူဦးရေ သိပ်သည်းမှု အနည်းဆုံး နိုင်ငံ တနိုင်ငံပါ။ ၂၀၂၀ ခုနှစ်မှာတော့ နော်ဝေနိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ နေရာက ရပ်တည်နေပါတယ်။
(၆) နယ်သာလန်နိုင်ငံ
ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ ဆဋ္ဌမနေရာက ရပ်တည်နေတာ ကတော့ နယ်သာလန်နိုင်ငံပါ။ အမ်စတာဒမ်မြို့ဟာ နိုင်ငံတကာခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ မြို့တမြို့ ဖြစ်သလို အနုပညာနဲ့ သမိုင်းဆိုင်ရာ နှစ်သက်သူတွေအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတွေ နဲ့ ပြည့်နှက်နေတဲ့ မြို့တမြို့ပါ။
၂၀၂၀ ခုနှစ်အတွက် နောက်ထပ် အပျော်ရွှင်ဆုံးနိုင်ငံတွေကတော့ ဆွီဒင်၊ နယူးဇီလန်၊ သြစတြီးယားနဲ့ လူဇင်ဘတ် နိုင်ငံတို့ ဖြစ်ကြပါတယ်။
Ref: contiki
You may also like these stories:
ကိုဗစ်ကြောင့် သြစတြေးလျမှာ ပြည်တော်ပြန် အရေအတွက် လျှော့ချ
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ