သဲကန္တာရဟာ ခရီးသွားလာရတာ ခက်ခဲတဲ့ အရပ်ဒေသ ဖြစ်ပေမယ့် အလွယ်တကူ ဖြတ်ကျော်သွားလာ နိုင်ဖို့ တိရစ္ဆာန်တမျိုးကို သဘာဝက ဖန်တီးပေးထားပါတယ်။ အဲဒီတိရစ္ဆာန်ကတော့ အဖိုးတန်တဲ့ ကု လားအုတ်ပါ။ လူတွေကို ကျေးဇူးပြုနေတဲ့ သတ္တဝါတမျိုး ဖြစ်တဲ့အတွက်ကြောင့်လည်း ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဆေးရုံနဲ့ သုတေသနဌာနကို ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီ ကုလားအုတ်ဆေးရုံဟာ ကမ္ဘာ့အကြီးဆုံး ဆေးရုံဖြစ်သလို အမေရိကန်ဒေါ်လာ ၂၆ ဒဿမ ၇ သန်း (ဆော်ဒီ ရီယယ် သန်း ၁၀၀ကျော်) အကုန်အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ ကုလားအုတ်ဆေးရုံဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ဆေးရုံ အမျိုးအစားပါ။ ဆော်ဒီနိုင်ငံက တည်ဆောက်လိုက်တဲ့ ကုလားအုတ်ဆေးရုံဟာ စတုရန်းမီတာ ၇၀၀၀၀ ကျယ်ဝန်းတယ်လို့ သိရပါတယ်။
ဆေးရုံ ဖွင့်ပွဲကိုတော့ ဒေသအုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါက်တာ Faisal bin Mishaal တက်ရောက်ခဲ့ပါ တယ်။ အရင်ကတော့ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ မြို့တမြို့ ဖြစ်တဲ့ ဒူဘိုင်းနဲ့ ကာတာနိုင်ငံရဲ့ ဒိုဟာမြို့မှာသာ ကုလားအုတ်ဆေးရုံ ရှိခဲ့ပါတယ်။
ဒူဘိုင်းမြို့ရဲ့ ကုလားအုတ်ဆေးရုံကိုတော့ အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကာတာနိုင်ငံမှာရှိတဲ့ ကုလားအုတ် ဆေးရုံကိုတော့ ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အသစ်ဖွင့်လှစ်လိုက်တဲ့ ဆော်ဒီအာရေဗျ ကုလားအုတ်ဆေးရုံမှာတော့ ဌာန ၆ ခု ပါဝင်ပြီး ဝန်ထမ်းပေါင်း ၂၀၀ နဲ့ ၃၀၀ ကြား ခန့်ထားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
တိရစ္ဆာန်တိုင်းမှာ ထူးခြားတဲ့အချက် ရှိသလို ကုလားအုတ်တွေမှာလည်း ထူးခြားချက် ရှိပါတယ်။ ကုလားအုတ်တွေရဲ့ ထူးခြားချက်ကတော့ သူ့ခေါင်းနား ကပ်လာရင် အကြောင်းရှာ မရဘဲ ဒေါသထွက်တတ်ခြင်းပါ။ အဲဒီလို ဒေါသထွက်ပြီဆိုရင် နီးရာလူကို ကိုက်ခဲတတ်တာမျိုး၊ ကန်တာမျိုး ပြုလုပ်လေ့ ရှိပါတယ်။
အရင်ကတော့ ကုလားအုတ်တွေကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့ ခေတ်မှတော့ ကုလားအုတ်စီးပြိုင်ပွဲနဲ့ အလှပြတွေအဖြစ် ပြောင်းလဲ ကျင်းပလာခဲ့ကြပါတယ်။ ကုလားအုတ်ပွဲတော်ကို လူထောင်ပေါင်းများစွာ လာရောက်လေ့ရှိသလို ဝင်ငွေများစွာလည်း ရရှိလေ့ ရှိပါတယ်။ နိုင်ငံတကာခရီးသွားတွေအတွက် ကုလားအုတ်ပွဲတော်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်ပါပဲ။
၂၀၁၁ ခုနှစ်စာရင်းတွေအရ အာရေဗျကျွန်းဆွယ်မှာ ကုလားအုတ်ပေါင်း ၁ ဒဿမ ၆ သန်းနီးပါးရှိခဲ့ ပြီး ၅၃ ရာခိုင်နှုန်းကိုတော့ ဆော်ဒီအာရေဗျနိုင်ငံက ပိုင်ဆိုင်ပါတယ်။
Ref: English.alarabiya.net
You may also like these stories:
၂၀၂၀ ခုနှစ်အတွက် အပျော်ရွှင်ဆုံးနိုင်ငံများ
ကိုဗစ်ကြောင့် သြစတြေးလျမှာ ပြည်တော်ပြန် အရေအတွက် လျှော့ချ
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ