အမေရိကန်နိုင်ငံမှာ နေ့စဉ်လိုလို COVID-19 ကူးစက်သူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖလော်ရီဒါပြည်နယ်မှာ ကူးစက်သူ အရေအတွက် ၁၅၀၀၀ ကျော်ရှိခဲ့ပြီး စံချိန်အသစ်တင်ခဲ့ပါတယ်။ ကူးစက်မှုနှုန်း များပြားနေပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရကတော့ စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေဆဲပါပဲ။
ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ ဖလော်ရီဒါပြည်နယ်သာ နိုင်ငံတနိုင်ငံဖြစ်ခဲ့မယ် ဆိုရင် အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယပြီးရင် စတုတ္ထ COVID-19 ကူးစက်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ ဖလော်ရီဒါပြည်နယ်ကို ကန့်သတ်မှုတွေ ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။ ကန့်သတ်မှုတွေ ရုတ်သိမ်းပြီးနောက်ပိုင်း ခရီးသွားလာသူ ဦးရေနဲ့ သက်ကြီးရွယ်တွေမှာ COVID-19 ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်နေသလို ဖလော်ရီဒါပြည်နယ်မှာ နေ့စဉ် ကူးစက်သူ အရေအတွက်က စတုတ္ထနေရာမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ကူးစက်မှုနှုန်း များပြားနေတဲ့ အကြောင်းကလည်း Msak တပ်ဆင်ရေးကို ဆန့်ကျင်တာကြောင့်လည်း ပါဝင်ပါတယ်။ ပြည်နယ်အများစုမှာ Mask တပ်ဆင်ရေးကို ဆန့်ကျင်နေကြပါတယ်။
ရိုက်တာသတင်းဌာနရဲ့လေ့လာချက်အရ အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၄၀ လောက်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်ကထက် COVID-19 ကူးစက်သူ အရေအတွက် ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း လွန်ခဲ့တဲ့ ၄ ရက်အတွင်း ကူးစက်သူ အရေအတွက် ၆ သောင်းကျော် ရှိခဲ့ပါတယ်။
အများဆုံး ကူးစက်ခံနေရတာကတော့ အရီဇိုးနား၊ ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါပြည်နယ်ပါပဲ။ ဖလော်ရီဒါ ပြည်နယ်ကတော့ ကူးစက်မှု အဆိုးဆုံး အခြေအနေမှာ ရှိနေပါတယ်။
COVID-19 စတင်ဖြစ်ပွားပြီး ၇ လအကြာမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လူထု ကြားကို Mask တပ်ဆင်ပြီးပထမဆုံးအကြိမ် ထွက်လာခဲ့ပါတယ်။ အမေရိကန် သမ္မတအနေနဲ့လည်း Mask တပ်ဆင်ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ဖူးပါတယ်။ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လူပေါင်း ၁၃၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: BBC, nationalpost
You may also like these stories:
ပြင်သစ်မှာ ခရီးသည်ကို Mask တပ်ခိုင်းရာ ယာဉ်မောင်း အရိုက်ခံရပြီး သေဆုံး
သမ္မတ ထရမ့် အများပြည်သူရှေ့မှာ ပထမဆုံးအကြိမ် Mask တပ်