Trend

အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံမှာ COVID-19 ကို မယုံကြည်ကြသူတွေရှိနေပြီး COVID-19 ဟာ လိမ်လည်မှုတခုပဲလို့ လက်ခံနေကြသူတွေ ရှိပါတယ်။ ဒါကြောင့်လည်း လူစုလူဝေးလုပ်တာမျိုးတွေ၊ Mask မတပ်ဆင်တာမျိုးတွေကို လုပ်ဆောင်နေကြဆဲပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်မှာ ကိုဗစ်ပါတီဆိုပြီး ကျင်းပခဲ့ကြပါတယ်။ အဲဒီပါတီကို တက်ရောက်ခဲ့တဲ့ အသက် ၃၀ နှစ်အရွယ် လူနာတယောက် သေဆုံးခဲ့တယ်လို့ တက္ကဆက်ဆေးဘက်ဆိုင်ရာ အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

လူနာဖြစ်သူဟာ မသေဆုံးခင်အချိန်မှာတော့ သူနာပြုဖြစ်သူကို သူ့အနေနဲ့ အမှားလုပ်မိပြီလို့ ဝန်ခံသွားခဲ့သလို COVID-19 ကို လိမ်လည်မှုတခုလို့ တွေးထားပေမယ့် လိမ်လည်မှု မဟုတ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ ဒေါက်တာ Jane Appleby က ပြောပါတယ်။

အမေရိကန်မှာ ကျင်းပတဲ့ ကိုဗစ် ပါတီဆိုတာဟာ ရောဂါကူးစက်ခံထားရသူ တယောက်ယောက်က တခြားလူတွေကို စုရုံးပြီး ဗိုင်းရပ်စ် တကယ်ရှိ၊ မရှိ စမ်းသပ်ပြီး ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စမ်းသပ်လေ့ရှိတဲ့ ပါတီပါ။

ဒေါက်တာ Appleby ကတော့ ဒီဗိုင်းရပ်စ်ဟာ ကူးစက်မှုမြန်ဆန်ပြီး လူတွေကို ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်တဲ့ ဗိုင်းရပ်စ်တမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း Mask တပ်ဆင်ကြဖို့၊ မလိုအပ်ဘဲ အိမ်ပြင် မထွက်ကြဖို့၊ လူစုလူဝေးပွဲတွေမပြုလုပ်ကြဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောကြဖို့ သူမက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကစပြီး တက္ကဆက်ပြည်နယ်မှာ ကူးစက်မှုနှုန်း မြင့်တက်လာခဲ့သလို လူသေဆုံးမှုနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ လူပေါင်း ၈,၁၉၆ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၈၀ ယောက် သေဆုံးခဲ့ပါတယ်။

ဆေးရုံမှာ ဆေးကုသမှု ခံနေသူ အရေအတွက် ၁၀,၄၁၀ ယောက် ရှိနေပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်ကစပြီး အမေရိကန်ရဲ့ ပြည်နယ်အချို့မှာ ကိုဗစ်ပါတီတွေကို စတင် ကျင်းပလာကြပါ တယ်။ ကိုဗစ်ပါတီ တက်ရောက်ပြီး သေဆုံးသွားသူဟာ အမျိုးသားတယောက်ဖြစ်တယ်လို့ သိရပါ တယ်။

လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၃ သန်းခွဲနီးပါး ရှိနေပြီး လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: theguardian, bangkokpost

You may also like these stories:

ဖလော်ရီဒါမှာ တရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိ

အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading