ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်မှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတယ်လို့ အမေရိကန်မရိန်းတပ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အိုကီနာဝါတာဝန်ရှိသူတွေဘက်က တော့ အဆိုပါကူးစက်မှုတွေအတွက် စစ်တပ်ဘက်က ထိထိရောက်ရောက်လုပ်ဆောင်တာမျိုး မတွေ့ရဘူးလို့ ပြောကြားလိုက်ပါတယ်။
အိုကီနာဝါကျွန်းမှာ ကူးစက်မှုအသစ်မပါ ဖေဖော်ဝါရီလကစလို့ ဒေသတွင်းကူးစက်မှု ၁၄၈ မှုရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ COVID-19 ကို ထိန်းချုပ်လာနိုင်ခဲ့ပြီဆိုပေမယ့် အခုကူးစက်မှုအသစ်တွေက ဒေသခံတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။
အမေရိကန်မရိန်းတပ်သားပေါင်း ၂ သောင်းကျော် တာဝန်ထမ်းဆောင်နေတဲ့ အိုကီနာဝါကျွန်းပေါ်က စစ်အခြေစိုက်စခန်း တွေမှာ ကူးစက်မှု ၉၈ မှု တွေ့ရှိခဲ့တယ်လို့ ဒေသခံအစိုးရ ထုတ်ပြန်ကြေညာထားပါတယ်။ အိုကီနာဝါ အုပ်ချုပ်ရေးမှူး ဒန်နီ တာမာကီ က အမေရိကန်စစ်တပ်နဲ့ ဆက်စပ်နေတဲ့သူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုအရေအတွက်ဟာ ရက်အနည်းငယ်အတွင်း မြင့်တက်လာတာကြောင့် တုန်လှုပ်မိတယ်လို့ ဆိုပါ တယ်။
အမေရိကန်နိုင်ငံက ရောဂါကာကွယ်ရေး ဆောင်ရွက်မှုတွေကိုလည်း သံသယဖြစ်မိတဲ့အကြောင်း တာမာကီ က ပြောဆိုလိုက်ပါတယ်။ ဒါ့ပြင် အမေရိကန်စစ်သားတချို့ဟာ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် မြို့ထဲနဲ့ ကမ်းခြေမှာ ပါတီကျင်းပခဲ့တာတွေရှိတယ်လို့ အုပ်ချုပ်ရေးမှူးက တာမာကီ ကဆိုပါတယ်။
ဂျပန်နိုင်ငံမှာ ရောဂါကာကွယ်ထိန်းချုပ်လာနိုင်ခဲ့တာကြောင့် မေလကုန်ကစပြီး နိုင်ငံအဆင့် အရေးပေါ်ကြေညာ ချက်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ကာ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က တိုကျိုမြို့ပေါ်မှာ နေ့စဉ်ဆက်တိုက်ဆိုသလို ကူးစက်မှုအသစ်တွေ ပြန်ရှိလာခဲ့ပြီး ကူးစက်ခံရသူအများစုဟာ ညဘက်အပြင်ထွက်လည်လေ့ရှိတဲ့ အသက် ၂၀ နဲ့ ၃၀ အရွယ် လူငယ်တွေဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်တပ်ကလဲ အမေရိကန်နိုင်ငံကပြန်လည်ရောက်ရှိလာတဲ့ စစ်သား ၁၁ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဇူလိုင် ၁၃ ရက်က ကြေညာခဲ့ပါတယ်။ အမေရိကန် စစ်တပ်ဟာ မတ်လတုန်းက Theodore Roosevelt လေယာဉ်တင်သင်္ဘောကြီးပေါ်မှာ အုပ်စုလိုက်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးကတည်းက အမေရိကန်အခြေစိုက်စခန်းတွေမှာ နောက်ထပ် အုပ်စုလိုက်ကူး စက်မှုမဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေခဲ့တာပါ။
ထုတ်ပြန်ချက်အရ အိုကီနာဝါကျွန်းပေါ်က အခြေစိုက်စခန်းတွေထဲက Futenma နဲ့ Camp Hansen က အများဆုံး ကူးစက်ခံထားရပြီး၊ လေတပ်အခြေစိုက်စခန်း Kadena၊ Camp McTureous နဲ့ Camp Kinser တို့မှာလဲ ကူးစက်မှုတချို့ ရှိခဲ့ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းတွေက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူ ၁၃၀ ဦး ကိုလည်း ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Ref: The New York Times
You may also like these stories:
ဖလော်ရီဒါမှာ တရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိ
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ