COVID-19 စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ခရီးသွားလာခဲ့ကြတဲ့အတွက် ဘန်ကောက်မြို့မှာရှိတဲ့ စာသင်ကျောင်း ၂ ကျောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြန်ပိတ်ထားလိုက်ပါတယ်။ ပိတ်ထားလိုက်တဲ့ စာသင်ကျောင်းတွေကတော့ Samsanwittayalai နဲ့ Sainampeung ကျောင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပိတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ကျောင်းသားတယောက်နဲ့ မိသားစုဝင်တွေဟာ COVID-19 ကူး စက်ခံထားရတဲ့ အီဂျစ်စစ်သားတွေ တည်းခိုခဲ့တဲ့ ဟိုတယ်မှာ တည်းခိုခဲ့တဲ့အတွက်ကြောင့်ပါ။
ဇူလိုင် ၈ ရက်နေ့က အီဂျစ်စစ်သားတွေဟာ Rayong မှာရှိတဲ့ U-Tapao လေဆိပ်ကို ရောက်ရှိခဲ့ကြပြီး Rayong ဟိုတယ်မှာ ရက်အနည်းငယ်ကြာတဲ့အထိ တည်းခိုခဲ့ကြပါတယ်။ အဲဒီစစ်သားတွေဟာ ၁၄ ရက် Quarantine ဝင်ရမယ့် စည်းကမ်းချက်ကို ဖောက်ဖျက်ခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံကို မပြန်ခင်မှာလည်း ဈေးဝင်စင်တာတွေကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံကို ပြန်ရောက်တဲ့အခါ စစ်သားတယောက်မှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အီဂျစ်သံရုံးက ထိုင်းနိုင်ငံက COVID-19 ထိန်းချုပ်ရေး စင်တာကို အကြောင်းကြားခဲ့ပါတယ်။
နိုင်ငံခြားသားတွေနဲ့ ချိတ်ဆက်သင်ကြားနေတဲ့ စာသင်ကျောင်းတကျောင်းဖြစ်တဲ့ Sainampeung ကျောင်းအနေနဲ့ လာမယ့် သောကြာနေ့အထိ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ပိတ်ထားရတဲ့အကြောင်းကတော့ ဆူဒန်သံတမန် တယောက်ရဲ့သမီးမှာ COVID-19 ကူးစက်ခံထားရလို့ပါ။
အခုလို ကျောင်းပြန်ပိတ်ထားရတာဟာ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကြောင့် ဖြစ်တယ်လို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ကျောင်းသားတွေကို အွန်လိုင်းကနေတဆင့် စာသင်ကြားပေးသွားမှာဖြစ်ပြီး အရေးပေါ်အလုပ်ရှိမှသာ ဝန်ထမ်းတွေကို ခေါ်ယူမယ်လို့ သိရပါတယ်။
ထိုင်းစာသင်ကျောင်းတွေမှာ Social distancing စနစ်နဲ့ ပညာသင်ကြားပေးနေတဲ့အတွက် ကျောင်းသား တယောက်မှ COVID-19 ကူးစက်ခံထားရတာ မရှိသေးပါဘူး။
Ref: chiangraitimes
You may also like these stories:
ထိုင်းမှာ တရက်တည်း လူအယောက် ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ထိုင်းပြည်သူများအား မကြောက်ရွံ့ဘဲ ပုံမှန်အတိုင်းနေဖို့ ဝန်ကြီးချုပ် တိုက်တွန်း