အိန္ဒိယပြည်နယ်ဟာ လူဦးရေများပြားလွန်းတဲ့ နိုင်ငံတနိုင်ငံပါ။ အိန္ဒိယနိုင်ငံမှာ COVID-19 စတင် ပြန့်ပွားလာပြီးနောက်ပိုင်း နိုင်ငံကို Lockdown ချခဲ့ပေမယ့် လူ သန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါ တယ်။ စီးပွားရေး ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတဲ့အတွက် Lockdown ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။
Lockdown ပြန်ရုတ်သိမ်းပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ ကူးစက်သူ အရေအတွက်နဲ့ သေဆုံးသူ အရေအတွက် မြင့်မားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ ၁ သန်းကျော်ရှိသွားခဲ့ပြီး ၂၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ အိန္ဒိ ယနိုင်ငံရဲ့ ကိုဗစ် ကူးစက်မှုနှုန်းက တတိယ နေရာမှာ ရှိနေပါတယ်။
အိန္ဒိယနိုင်ငံမှာ တရက်အတွင်း လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး လူဦးရေ ၁၂၅ သန်းနီးပါး နေထိုင်တဲ့ ဘီဟာပြည်နယ်ကို ၁၅ ရက်ကြာ Lockdown ချလိုက်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဘီဟာပြည်နယ်ဟာ ဆင်းရဲနွမ်းပါးတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
လူဦးရေ ၁၃ သန်း နေထိုင်ပြီး အိုင်တီအချက်အချာ ဒေသဖြစ်တဲ့ Bangalore မြို့ကိုလည်း တပတ်ကြာ Lockdown ချထားတယ်လို့ သိရပါတယ်။ ဘီဟာပြည်နယ်မှာဆိုရင်လည်း စာသင်ကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားပေမယ့် ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ပြုထားပါတယ်။
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဂိုအာမြို့ကိုလည်း ၃ ရက် Lockdown ချထားပြီး ညမထွက်ရအမိန့်ကို သြဂုတ်လ ၁၀ ရက်နေ့အထိ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာတဝှမ်း လူပေါင်း ၁၃ ဒဿမ ၄ သန်းကျော်ရောဂါ ကူးစက်ခံနေရပြီး ၆ သိန်းနီးပါး သေဆုံးခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာလည်း ကူးစက်မှုနှုန်းမြင့်မားနေပြီး ၂၄ နာရီအတွင်း လူပေါင်း ၆၇,၀၀၀ ကျော် ကူးစက်ခံခဲ့ရပါတယ်။
နိုင်ငံအများစုမှာလည်း စီးပွားလုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေတာတွေကို ပြန်လည် ရုတ်သိမ်းနေကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှာ နောက်လအတွင်း သေဆုံးသူ ၁ သိန်းခွဲ ရှိမယ်လို့ သိရပါတယ်။
Ref: CAN, hindustantimes
You may also like these stories:
ဘရာဇီးလ်တွင် ကိုဗစ် ကူးစက်ခံရသူ ၂ သန်းရှိပြီ
အောင်လအန်ဆန်း COVID-19 ရောဂါ ပျောက်ကင်းပြီ
ထိုင်းမှာ စာသင်ကျောင်းတချို့ ပြန်ပိတ်