ဖိလစ်ပိုင်နိုင်ငံက သြဂုတ် ၁ ရက်ကစလို့ ရက်ရှည်ဗီဇာနဲ့နေမယ့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို နိုင်ငံတွင်း ဝင်ခွင့်ပြုတော့မယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၇ ရက်က ပြောကြားလိုက်ပါတယ်။ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအတွက် ဖွဲ့စည်းထားတဲ့အထူးအဖွဲ့ကနေ ခွင့်ပြုလိုက်တာကြောင့် နိုင်ငံခြားသား တွေကို ပြည်ဝင်ခွင့် ပြန်ပေးတော့မှာပါ။
ဗီဇာသက်တမ်းကျန်နေသေးတဲ့ နိုင်ငံခြားသားတွေက ရောက်လာချိန်ကစလို့ သတ်မှတ်ထားတဲ့နေရာတွေမှာ Quarantine ဝင်စောင့်ကြည့်ခံရမယ်လို့ သမ္မတ Rodrigo Duterte ရဲ့ ပြောရေးဆိုခွင့်ရှိသူ Harry Roque က ဆိုပါတယ်။ ရက်ရှည်ဗီဇာကိုင်ထားသူတွေဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်တဲ့သူတွေ ကို ရည်ညွှန်းပါတယ်လို့ ပြောပြသွားပါတယ်။
ဗီဇာအသစ်လျှောက်မယ့်သူတွေကို လတ်တလောမှာ လက်မခံသေးဘဲ ဖိလစ်ပိုင်နိုင်ငံသားတွေကိုပဲ ဦးစားပေး ပြည်ဝင်ခွင့်ပြုထားတယ်လို့ ကိုရိုနာဗိုင်းရပ်စ် အထူးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ မတ်လ ကစလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဒီတပတ်အစောပိုင်းကပဲ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်မှုအသစ်တွေ ပြန်မြင့်တက်လာတာကြောင့် မြို့တော် မနီလာ ကိုလည်း တစိတ်တပိုင်းဝင်ထွက်ခွင့် Lockdown ပြန်လည်ကန့်သတ်လိုက်ရပါတယ်။ ထုတ်ပြန်ချက်အရ အလုပ် သွားခွင့်ပြုထားပြီး Outdoor exercise လှုပ်ရှားမှုတွေကိုတော့ ပိတ်ပင်ထားပါတယ်။
ဈေးဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားပေမယ့် စားသောက်ဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပြီး Take away စနစ်နဲ့ပဲ ရောင်းဖို့ သတ်မှတ်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ကူးစက်မှုများတဲ့နိုင်ငံတွေထဲက တနိုင်ငံပါ။ ကူးစက် ခံရသူ စုစုပေါင်း ၆၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၆၆၀ ဦးရှိပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိလဲ ကူးစက်ခံရသူ ထောင်ဂဏန်းနီးပါး ကူးစက်ခံနေရဆဲပါ။
ဖိလစ်ပိုင်ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကြေညာချက်အရ ကူးစက်ခံရသူ ၁,၃၉၂ ယောက် မြင့်တက်လာသလို၊ ပြန် လည်ပျောက်ကင်းသက်သွားသူတွေလည်း ၅၀၀ ကျော် တိုးမြင့်လာခဲ့လို့ ၂၀,၀၀၀ ကျော် ရှိသွားပြီလို့ ထုတ်ပြန် ထားပါတယ်။
မနီလာမြို့ပေါ်က ဆေးရုံတွေမှာ သီးသန့်ခွဲခြားထားရသူ ၇၃ ရာခိုင်နှုန်းလောက် ပြည့်နေသလို ရောဂါလက္ခဏာပြင်းထန်တဲ့ ၆၁ ရာခိုင်နှုန်းထဲမှာ ၃၆ ရာခိုင်နှုန်းလောက်က အသက်ရှုစက်တပ်ပေးထားရ တယ်လို့ ဆိုပါတယ်။
Ref: CNA
You may also like these stories:
အမေရိကန်မှာ တရက်အတွင်း လူပေါင်း ၇၇၀၀၀ ကျော် ရောဂါ ကူးစက်
လူဦးရေ ၁၂၅ သန်းရှိတဲ့ ဘီဟာပြည်နယ်ကို Lockdown ပြန်ချ
ထိုင်းမှာ စာသင်ကျောင်းတချို့ ပြန်ပိတ်