ကမ္ဘာတဝှမ်း COVID-19 ရောဂါ ကာကွယ်ဆေးကို ရှာဖွေနေကြပါတယ်။ လက်ရှိအချိန်မှာတော့ ကိုဗစ်ကာကွယ် ဆေးရှာဖွေနေတာ နည်းလမ်းပေါင်း ၁၅၀ နီးပါးအထိ ရှိနေပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ဆေးပညာဂျာနယ်ဖြစ်တဲ့ PLoS က ကိုဗစ် ကာကွယ်ဆေး မတွေ့ရှိသေးခင် ကပ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းလမ်း ၃ ခုကို ဖော်ပြခဲ့ပါတယ်။
ဂျာနယ်ရဲ့ဖော်ပြချက်အရ လက်ကို ပုံမှန်ဆေးတာ၊ အပြင်ထွက်တိုင်း Mask တပ်ဆင်တာနဲ့ တဦးနဲ့ တဦး သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်တာက COVID-19 ကပ်ရောဂါကို ရပ်တန့်နိုင်တဲ့ အပြုအမူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မတွေ့ရှိသေးရင်တောင် ဒီနည်းလမ်း ၃ ခုကို လိုက်နာခြင်းက အကောင်းဆုံး ကာကွယ်မှုဖြစ်တယ်လို့ လေ့လာမှုတွေအရ တွေ့ရှိထားပါတယ်။
သုတေသီတွေရဲ့လေ့လာမှုဟာ နယ်သာလန်မှာရှိတဲ့ လူတွေရဲ့ အပြန်အလှန် ဆက်နွယ်မှုကို အခြေခံ ထားပေမယ့် ဒီနည်းလမ်းတွေဟာ အနောက်နိုင်ငံတွေအတွက်လည်း သင့်တော်တယ်လို့ နယ်သာလန်နိုင်ငံ၊ Utrecht မြို့ရှိ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်စင်တာမှ သုတေသီတွေက ပြောပါတယ်။ တကယ်လို့သာ ဒီအစီအမံတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကျော်သာ ထိရောက်မှုရှိခဲ့မယ်ဆိုရင် ကပ်ရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ဒီအချက်တွေကို လိုက်နာမှု နှေးကွေးနေကြပေမယ့် သူတို့ရဲ့အပြုအမူတွေကိုသာ တကယ် ပြောင်းလဲနိုင်ခဲ့ကြမယ်ဆိုရင် ကူးစက်ပမာဏကို လျှော့ချနိုင်မှာဖြစ်သလို အများအပြားကူး စက်မှုကိုလည်း နှောင့်နှေးစေမယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။
ကိုဗစ် ကူးစက်ပြီးနောက်ပိုင်း ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ အစိုးရအနေနဲ့ အဆောတလျင်ပဲ နိုင်ငံကို Lockdown ချတာမျိုး လုပ်ခဲ့ပေမယ့် ထပ်မံကာကွယ်တဲ့ နည်းလမ်းတွေကို မပြုလုပ်ခဲ့ရင် ကူးစက်မှုကိုလျှော့ချနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အမြင့်ဆုံးကူးစက်မှုက ၃ လအတွင်း ဖြစ်နိုင်ပြီး ကူးစက်မှု နောက်ကျမယ်ဆိုရင်တောင် ၇ လအတွင်းမှာ အမြင့်ဆုံးအထိ ရောက်လာနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
လူတွေရဲ့ရောဂါဆိုင်ရာ အသိအမြင်နဲ့ ကပ်ရောဂါကာလအတွင်း သတိနဲ့ နေထိုင်မှုကိုသာ အစိုးရက ချ မှတ်ထားတဲ့ သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်မှုနဲ့ ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် Social distancing ရုတ်သိမ်းခဲ့ရင်တောင် အမြင့်ဆုံးကူးစက်မှုကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း လူတွေရဲ့ပေါင်းစပ်မှုက အကျိုးသက်ရောက်မှုများစွာ ရှိနေပါတယ်။ နိုင်ငံတနိုင်ငံရဲ့ လူ ၉၀ ရာခိုင်နှုန်းက လက်ဆေးခြင်းနဲ့ Social distancing ကိုသာ လိုက်နာခဲ့မယ်ဆိုရင် ကြီးမားတဲ့ ကူးစက်မှုမျိုး ရှိမှာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း အစိုးရတွေအနေနဲ့ ကိုဗစ် ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ် သလို လူတွေအနေနဲ့လည်း Social distancing ၊ လက်ဆေးခြင်းနဲ့ Mask တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ရောဂါပြန့်ပွားမှုကို ရပ်တန့်နိုင်ပါတယ်။
Ref:CNN
You may also like these stories:
တောင်အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာ
ထိုင်းကို ပြန်လာတဲ့ စစ်သားတွေမှာ COVID-19 ရောဂါ တွေ့
မလေးရှားမှာ မဖြစ်မနေ Mask တပ်ရန် အမိန့်ထုတ်