Trend

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှုအသစ် တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံမှာ ၃ လအတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှု ပြန်လည် တွေ့ရှိခဲ့တာကြောင့် COVID-19 ကူးစက်မှု သတိပေးချက်တွေ ထွက်ပေါ်ခဲ့ရပါတယ်။ ဗီယက်နမ်အလယ်ပိုင်း Danang မှာ ကူးစက်မှု အသစ်တွေကို ကျန်းမာရေးအရာရှိတွေ ရှာဖွေတွေ့ခဲ့ကြတာပါ။

နိုင်ငံတွင်းမှာ တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်း Quarantine နဲ့ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့တာတွေကြောင့် ဗိုင်းရပ်စ် ကူးစစ်မှု ၄၁၆ ခုနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပြည်တွင်းကူးစက်မှုမရှိတာ ရက်ပေါင်း ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ COVID-19 ရောဂါကြောင့် သေဆုံးသူ တဦးတယောက်မှ မရှိခဲ့ပါဘူး။ ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ ခရီးသွားဧည့်သည် အလာများတဲ့ Danang မှာ နေထိုင်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအမျိုးသားနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူအယောက် ၅၀ ကိုလည်း သီးသန့် စောင့်ကြည့်ထားပါတယ်။ ဒါ့အပြင် ရောဂါပိုးရှိကြောင်း တွေ့ရှိပြီးနောက် လူနာနဲ့ ထိတွေ့ခဲ့တဲ့ လူအယောက် ၁၃၀ ကိုလည်း စစ်ဆေးပေးခဲ့ရာ အားလုံး ကူးစက်မှု မရှိကြောင်း အဖြေ ထွက်ပေါ်ခဲ့ပါတယ်။

ပြည်တွင်း ကူးစက်မှုအသစ်ကို အစိုးရဘက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေမယ့် ကူးစက်ခံခဲ့ရပုံအသေးစိတ်ကိုတော့ ထုတ်ပြန် ပြောကြားခြင်း မရှိပါဘူး။ ကူးစက်ခံရသူဟာ တလအတွင်း Danang ကနေ ထွက်ခွာဖူးခြင်း မရှိသလို၊ အမိုးနီးယားရောဂါကိုပါ ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံက နိုင်ငံတကာ စီးပွားရေးဆိုင်ရာ လေကြောင်းခရီးစဉ်တွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ချိန်နဲ့ ပြည်တွင်း ခရီးစဉ်တွေ ပြန်အသက်ဝင်နေချိန်မှာ အခုလို ပြည်တွင်း ကူးစက်မှုအသစ်ကို တွေ့ရှိခဲ့တာပါ။ ကူးစက်မှုအသစ် တွေ့ရှိကြောင်း ကြေညာအပြီး ဟနွိုင်းက အများပြည်သူ လူထူထပ်ရာနေရာတွေမှာ နှာခေါင်းစည်း Mask ပြန်တပ်ကြဖို့ တိုက်တွန်းနေပါတယ်။

လွန်ခဲ့တဲ့ ၃ လအတွင်း ဗိုင်းရပ်စ် ကူးစက်မှု ၁၅၀ ဟာ ပြည်ပက ပြန်လာသူတွေမှာသာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီထဲက ၁၃၀ လောက်က အာဖရိကတိုက်အလယ်ပိုင်း Equatorial Guinea နိုင်ငံက နေရပ်ပြန် ဗီယက်နမ်လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လတုန်းက Danang မှာ ပြည်တွင်းကူးစက်မှု ၆ ခု တွေ့ခဲ့ရပြီး အဲ့ဒီ့အချိန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော Theodore Roosevelt ကမ်းကပ်ချိန်ပါ။ အဆိုပါကူးစက်မှုတွေက လေယာဉ်တင်သင်္ဘောနဲ့ ဆက်စပ်မှုကိုတော့ အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

Ref: Japan Times

You may also like these stories:

ထိုင်းကို ပြန်လာတဲ့ စစ်သားတွေမှာ COVID-19 ရောဂါ တွေ့

တောင်အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာ

COVID-19 ကူးစက်မှုကို ရပ်တန့်နိုင်တဲ့ နည်းလမ်း ၃ ခု

Did you find apk for android? You can find new Free Android Games and apps.
Loading