အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး လူပေါင်း ၄ သန်းခွဲနီး ပါး ရောဂါကူးစက်ခံထားရပါတယ်။ သေဆုံးသူ အရေအတွက်ကလည်း ၁ သိန်းခွဲနီးပါး အထိ ရှိနေပါပြီ။
ကူးစက်မှု အများဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်အာဖရိကနိုင်ငံတို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူအရေအတွက် ၁၆ သန်းခွဲ နီးပါး အထိရှိနေပြီး သေဆုံးသူပေါင်း ၆ သိန်းခွဲ ကျော်သွားခဲ့ပါပြီ။
COVID-19 ဖြစ်ပွားပြီးနောက်ပိုင်း လူတွေရဲ့နေ့စဉ်ဘဝမှာ Mask က မရှိမဖြစ် ပစ္စည်း ဖြစ်လာခဲ့ပါ တယ်။ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတာ ၂ လကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အမေရိကန်သံရုံးက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်ကို ထောင်နဲ့ချီတဲ့ Mask တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ အမေရိကန်သံရုံး ကိုယ်စားလှယ်က စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄၅၀၀ တန်ဖိုးရှိတဲ့ Mask တွေကို တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ ကောင်စစ်ဝန်ချုပ်ဖြစ်သူ Sean O’Neil က အမေရိကန်အစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နေထိုင်သူတွေကို အကူအညီပေးလိုတဲ့အတွက် အခုလို လှူဒါန်းရတာ ဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း ဒီပစ္စည်းတွေကို ထောက်ပံ့ပေးမယ်လို့ ယုံကြည် ကြောင်း ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲသူက COVID-19 ကပ်ရောဂါကာလအတွင်း Mask က မရှိမဖြစ် ပစ္စည်း ဖြစ်တာကြောင့် အခုလှူဒါန်းမှုက လူတွေကို အကူအညီပေးရာ ရောက်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှု များပြားလာခဲ့စဉ်အချိန်က Lockdown ချတာအပြင် ညမထွက်ရ အမိန့်ကိုလည်း ထုတ်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်တွင်းကူးစက်မှု မရှိခဲ့တာ၂ လရှိခဲ့ပါပြီ။
ကူးစက်လူနာသစ်တွေကလည်း ပြည်တော်ပြန်တွေသာဖြစ်ပြီး Quarantine ဝင်နေကြသူတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း COVID-19 နဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံကို ရွေးချယ်ထားပါတယ်။
အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်သူ ၄ သန်းခွဲနီးပါး ရှိနေပေမယ့် Lockdown ချတာကို ဆန့်ကျင်တဲ့ အပြင် Mask တပ်ဖို့ ဆန့်ကျင်တဲ့သူတွေကလည်း အများအပြားပါပဲ။ ဒါကြောင့်လည်း အမေရိကန် အနေနဲ့ COVID-19 ကိုထိန်းချုပ်ဖို့ ခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။
ချင်းရိုင်မှာရှိတဲ့ ကုန်သည်တွေကလည်း နယ်စပ် စစ်ဆေးရေးဂိတ်တွေကို ပြန်ဖွင့်ဖို့နဲ့ နောက်လကစပြီး ထိုင်း- မြန်မာ နယ်စပ် ကုန်သွယ်ရေးတွေ ပြန်လည်စတင်ဖို့ ထိုင်းအစိုးရကို တွန်းအားပေးနေကြပါတယ်။
ချင်းရိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Pakaimas Vierra ကလည်း နောက်လကစပြီး မယ်ဆိုင်ခရိုင်မှာရှိတဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ပြန်လည် ဖွင့်လှစ်ဖို့ အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်နဲ့ မြန်မာနိုင်ငံ တာချီလိတ်မြို့အကြားက ကုန်သွယ်မှုတွေ ရပ်တန့်သွားခဲ့တာ နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ယာယီပိတ်လိုက်တဲ့ အချိန်ကတည်းကပါ။ မတ်လကစပြီး ၂ နိုင်ငံအကြား ကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားခဲ့တယ်လို့ သူမက ပြောပါတယ်။
Ref: chiangraitimes
You may also like these stories:
ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှုအသစ် တွေ့ရှိ
အင်္ဂလန်က စူပါမားကတ်တွေမှာ Mask တပ်ဖို့ တွန်းအားပေးခြင်း မရှိ
၃ လအတွင်း ကိုဗစ်ကာကွယ်ဆေး လိုချင်ကြောင်း အင်ဒိုနီးရှား သမ္မတပြော