Trend

တရုတ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လူသေဆုံးမှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက်ကြောင့် နိုင်ငံအလယ်ပိုင်းပြည်နယ်ဖြစ်တဲ့ ဟူဘေးပြည်နယ်မှာ လူ ၅ ယောက်သေဆုံးပြီး ၁ ယောက်ပျောက်ဆုံးနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကစပြီး ဟူဘေးပြည်နယ် အနောက်တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ Enshi Tujia နဲ့ Miao စီရင်စုထဲက Jianshi ကောင်တီအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြေပြိုမှုတွေဖြစ်ပွားခဲ့တယ်လို့ Jianshi ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ဒါကြောင့်လည်း တရုတ်အစိုးရက အရေးပေါ်အဆင့်၂ ကြေညာထားရာကနေ အဆင့် ၁ အထိ တိုးမြှင့်ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အရေးအပေါ်အဆင့် ၄ ဆင့် ခွဲထားပြီး အခြေအနေအလိုက် အရေးပေါ်အဆင့်ကို ကြေညာလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ရေကြီးမှု အခြေအနေက အရေးပေါ်အဆင့် အမြင့်ဆုံးအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

Guizhou ပြည်နယ်အတွင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် အနည်းဆုံး လူ ၁ ယောက်သေဆုံးပြီး ၁၀ ယောက်ပျောက်ဆုံးနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေအစောပိုင်းကလည်း Guizhou ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြို့ပေါင်း ၁၀၀ ကျော် အထိနာခဲ့ပြီး လူပေါင်း ၇၉၀၀၀ နီးပါး ထိခိုက်ခဲ့တယ်လို့ ပြည်နယ်ရေကြီးမှုနှင့် မိုးခေါင်မှု ကယ်ဆယ်ရေးဌာနချုပ်က ပြောပါတယ်။

အိမ်ပေါင်း ၁၈၄ အိမ် ပျက်စီးခဲ့ပြီ လူပေါင်း ၃ သောင်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို စီးပွားရေးထိခိုက်မှု တန်ဖိုး သန်း ၃၃၀ ယွမ်နီးပါးရှိတယ်လို့ ကယ်ဆယ်ရေးဌာနချုပ်က ပြောပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက တရုတ်တနိုင်ငံလုံး အတိုင်းအတာ မဟုတ်ဘဲ Guizhou ပြည်နယ်ရဲ့ ဆုံးရှုံးမှု ပမာဏသာ ဖြစ်ပါတယ်။

Zhenfeng ကောင်တီမှာလည်း ရေကြီးမှုကြောင့် လူ ၁ ယောက် သေဆုံးခဲ့ပြီး Tongchuan မြို့အတွင်းက ကျေးရွာတရွာမှာလည်း ရွာသား ၇ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံရဲ့ ပြည်နယ်တွေဖြစ်တဲ့ Anhui ၊ Jiangsu ၊ Hubei ၊ Jiangxi ၊ Hunan နဲ့ Guangxi Zhuang စတဲ့ပြည်နယ်တွေမှာ ဘေးဒုက် ခဖြစ်ပွားနေပြီး အင်္ဂါနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာနေမယ်လို့ သိရပါတယ်။

ဟူဘေးပြည်နယ်မှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းနေတဲ့အတွက်ကြောင့် လူပေါင်း ၁၆၀၀၀၀ ကျော် ထိခိုက်ခဲ့ပြီး လူ ၆၀၀၀၀ ကျော်ကို ကယ်ဆယ်ခဲ့ရပါတယ်။ မြေဟက်တာ ၂၉၀၀ ခန့်ပျက်စီးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

Ref: xinhuanet, en.people.cn

You may also like these stories:

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

တိုကျိုမှာ ကိုဗစ် ကူးစက်သူ တိုးလာတာကြောင့် အိမ်မှာနေကြဖို့ တိုက်တွန်း

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှုအသစ် တွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading