Trend

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှု ပြန်တွေ့

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံအနေနဲ့ ပြည်တွင်း COVID-19 ကူးစက်မှုကို လပေါင်းအတော်ကြာတဲ့အထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ COVID-19 ကြောင့် ဗီယက်နမ်နိုင်ငံမှာ လူသေဆုံးမှု မရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကစပြီး ပြည်တွင်းကူးစက်မှုတွေ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အကုန်လောက်မှာတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှာ ပြည်တွင်းကူးစက်မှု တွေ့ရှိခဲ့ပြီး လူ ၃ ယောက် ရောဂါကူးစက်ခံခဲ့ရတယ်လို့ ဗီယက်နမ်အစိုးရက တရားဝင်ပြောကြားခဲ့ပါတယ်။ ပြည်တွင်းကူးစက်မှု တွေ့ရှိပြီးတဲ့နောက် ဒါနန်းမြို့ကို ရောက်ရှိနေတဲ့ ပြည်တွင်းခရီးသွား ၈၀၀၀၀ ကျော်ကို ဗီယက်နမ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါနန်းမြို့ရဲ့ လေကြောင်းလိုင်းတွေဟာ နေ့စဉ် ဗီယက်နမ်နိုင်ငံရဲ့ မြို့ပေါင်း ၁၁ မြို့ကို ပြေးဆွဲနေလျက်ရှိ ပြီး ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှုတွေဟာ အနည်းဆုံး ၄ ရက်အထိ ကြာမယ်လို့ ဗီယက်နမ် အစိုးရရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ဧပြီလကစပြီး ပြည်တွင်းကူးစက်မှု မရှိခဲ့ပေမယ့် ဇူလိုင်လမှာတော့ ပြည်တွင်း ကူးစက်လူနာတွေ ပြန်တွေ့နေတဲ့အတွက် သတိပေးချက်ကို အမြင့်ဆုံး အခြေအနေအထိ ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်း ကူးစက်လူနာသစ်တွေ တွေ့ရှိနေချိန်မှာပဲ မြောက်ကိုရီးယားအစိုးရက လည်း COVID-19 သံသယလူနာတယောက် တွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းကလည်း ဗိုင်းရပ်စ်ဟာ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ Kaesong မြို့ကို Lockdown ချထားပါတယ်။ မြောက်ကိုရီးယား အစိုးရကတော့ တောင်ကိုရီးယားက ပြန်လာသူတယောက်မှာ COVID-19 ကူးစက်ခံထားရတယ်လို့ ယူဆထားပါတယ်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ သံသယလူနာဟာ တောင်ကိုရီးယားက ကူးစက်ခံရတာ မဟုတ်ဘဲ တရုတ်နိုင်ငံကနေ ကူးစက်ခံရသူဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ COVID-19 ဟာ ဇူလိုင်လအတွင်း ကူးစက်မှု ပိုမိုများပြားလာနေပြီး လူပေါင်း ၅ သန်းကျော် ရောဂါကူးစက်ခံထားရပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာ ၁၆ ဒဿမ ၆၅ သန်းကျော်ရှိနေပြီး လူပေါင်း ၆ သိန်းခွဲ သေဆုံးခဲ့ရပါတယ်။

ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နိုင်ငံတွေမှာလည်း ကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားနေပါ တယ်။ သြစတြေးလျနိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတဲ့အတွက်ကြောင့် မဲလ်ဘုန်းမြို့ကို Lockdown ပြန်ချထားရပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်မှာ ကူးစက် လူနာသစ် ၆၈၀၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၄ ရက်အတွင်း COVID-19 ကြောင့် လူ ၁၀၀၀ ကျော် နေ့စဉ်သေဆုံးခဲ့ရပါတယ်။

Ref:chiangraitimes

You may also like these stories:

ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှုအသစ် တွေ့ရှိ

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသမီး Aishwarya Rai တို့သားအမိ ဆေးရုံကဆင်းပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading