အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်တဲ့ ခွေးနဲ့ ကြောင်တွေမှာလည်း လူကနေတဆင့် COVID-19 ကူးစက်ခံနေ ရသလို ကျန်တဲ့ တိရစ္ဆာန်တွေလည်း ရောဂါကူးစက်ခံနေရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းက မြွေပါ မွေးမြူရေး ခြံတခြံမှာ မြွေပါ ၁ သိန်းနီး ပါး COVID-19 ကူးစက် ခံထားရတဲ့အတွက် ကျန်းမာရေးအာဏာပိုင်တွေက သုတ်သင်ရှင်းလင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း COVID-19 ဟာ လူကနေတဆင့် တိရစ္ဆာန်တွေကို ကူးစက်ပေမယ့် တိရစ္ဆာန်ကနေ လူကို ကူးစက်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ပထမဆုံး ကူးစက်ခံထားရတဲ့ ခွေးတကောင် သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခွေးဟာ အသက် ၇ နှစ်အရွယ် ရှိနေပြီး Buddy လို့ ခေါ်ပါ တယ်။ ခွေးပိုင်ရှင်ဖြစ်သူ Robert Mahoney ဟာ COVID-19 ကူးစက်ခံထားရသူ တယောက်ဖြစ်ပြီး သူကနေတဆင့် ခွေးလေး Buddy လည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။
ဧပြီလလယ်လောက်ကစပြီး ခွေးလေး Buddy ဟာ အသက်ရှူရ ခက်ခဲတဲ့ ဝေဒနာကို စတင်ခံစားခဲ့ရပါတယ်။ ဧပြီ ၂၁ ရက်ကနေ မေ ၁၅ အတွင်း ခွေးလေး Buddy ဟာ ကိုယ်အလေးချိန် ကျဆင်းခဲ့ပြီး သေ ကောင်ပေါင်းလဲ ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။ ခွေးပိုင်ရှင်ဖြစ်သူဟာ တိရစ္ဆာန်ဆရာဝန် အမျိုးမျိုးနဲ့ပြသခဲ့ပေမယ့် ခွေးလေး Buddy ရဲ့ ကျန်းမာရေးက ပြန်မကောင်းလာခဲ့ပါဘူး။
ပိုင်ရှင်ဖြစ်သူကလည်း သူဟာ COVID-19 ကူးစက်ခံထားရတယ်လို့ သံသယ ဝင်လာခဲ့ပါတယ်။ မေလ ၁၅ ရက်နေ့မှာ ဆေးစစ်ကြည့်တော့ သူကိုယ်တိုင်လည်း COVID-19 ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။
သတင်းဌာနတွေရဲ့ဖော်ပြချက်အရ COVID-19 စမ်းသပ် စစ်ဆေးမှုမှုအဖြေကို နယူးယောက်ကျန်းမာရေးဌာနက အချိန်နောက်ကျပြီးမှ ပေးခဲ့တယ်လို့ သိရပါတယ်။ ဧပြီလယ်လောက်မှာ ရောဂါကူးစက်ခံခဲ့ရတဲ့ ခွေးလေး Buddy ကတော့ ဇူလိုင် ၁၁ နေ့မှာ သေဆုံးခဲ့ပါတယ်။
ဆေးမှတ်တမ်းတွေရဲ့ဖော်ပြချက်အရ ခွေးလေး Buddy ဟာ Lymphoma လို့ ခေါ်တဲ့ ကင်ဆာဝေဒ နာတမျိုးကိုလည်း ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ကင်ဆာကပဲ ခွေးလေး Buddy ကိုရောဂါ ကူးစက်စေခဲ့တာလား၊ COVID-19 ကြောင့်ပဲ ဖျားနာခဲ့ရတာလား၊ ဒါမှမဟုတ်လည်း မတော်တဆ ရောဂါကူးစက်ခံရတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ အိမ်မွေးတိရစ္ဆာန် ၂၅ ကောင်ခန့် ရှိနေပါတယ်။
Ref: nypost, National Geographic
You may also like these stories:
အီဂျစ်မှာ ထိုင်းကျောင်းသားတဦး ကိုဗစ်ကြောင့် သေဆုံး
ယူကေမှာ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်
NASA ကနေ အင်္ဂါဂြိုဟ်ပေါ် ပထမဆုံး ရဟတ်ယာဉ်ငယ် လွှတ်တင်မည်