COVID-19 ကာလအတွင်းမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသန်းမှုကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်း တောင်ကိုရီးယားအစိုးရရဲ့ကြေညာချက်အရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးမှု အရေအတွက်က ဆက်လက် မြင့်တက်လာဖို့ ရှိနေပြီး ၁၃ ယောက်ကလည်း ပျောက်ဆုံးနေပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မြို့မှာ မြေပြိုမှုတွေဖြစ်ပေါ်နေသလို လယ်ယာမြေ ဟက်တာ ၅၇၅၁ ကျော် (၁၄၂၁၁ ဧက) ရေလွှမ်းမိုးမှု ခံနေရပြီး အဓိက အဝေးပြေးလမ်းတွေလည်း ရေလွှမ်းမိုးမှု ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတ Moon Joe-in ကလည်း တနိုင်ငံလုံးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်းမှာတော့ ရေလွှမ်းမိုးမှု ရှိနေတဲ့ လမ်းအများစုနဲ့ တံတားတွေကို ပြန်လည်ပတ်နိုင်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းနေသလို ပြီးခဲ့တဲ့ ရက်သတ္တလောက်ကလည်း တ ရုတ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် နိုင်ငံအလယ်ပိုင်းပြည်နယ်ဖြစ်တဲ့ ဟူဘေးမှာလည်း လူသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါကြောင့်လည်း တရုတ်အစိုးရအနေနဲ့ အရေးပေါ်အဆင့် ၂ ကြေညာထားရာကနေ အဆင့် ၁ အထိ တိုးမြှင့် ကြေညာခဲ့ရပါတယ်။ Guizhou ပြည်နယ်အတွင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် အနည်းဆုံးလူ ၁ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Ref: CNA
You may also like these stories:
လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ
ကိုဗစ်ကြောင့် ကိုရီးယားနာမည်ကျော် ရွှံ့ပွဲတော်ကို အွန်လိုင်းကနေ ကျင်းပ
အိန္ဒိယမှာ လက်သန့်စင်ဆေးရည် သောက်မိရာက လူ ၁၀ ဦး သေဆုံး