မလေးရှားနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနေပါတယ်။ ဒါကြောင့် လည်း ပြည်ပနိုင်ငံက ပြန်လာတဲ့ ကျောင်းသားတိုင်းကို ထိန်းသိမ်းရေးစင်တာလို နေရာမျိုးတွေနဲ့ ဟို တယ်တွေမှာ Quarantine အလကား ထားပေးမှာ မဟုတ်ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် Dutuk Seri Mohd Redzuan Md Yusof က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၉ သောင်းကျော်အထိ ရှိလာတဲ့အတွက် ပြည်တော်ပြန်လာကြမယ့် ကျောင်းသားတိုင်းကို ပြည်ဝင်ခွင့်ပြုမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။
ဝန်ကြီးဌာနရဲ့ပြောဆိုချက်အရ အစိုးရအနေနဲ့ ကြီးမားတဲ့ အသုံးစရိတ် မရှိဘူးလို့လည်း သိရပါတယ်။ တဆက်တည်းမှာပဲ သူက ပြည်ပမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား မိဘတွေထဲမှာ ဝင်ငွေ မြင့်မားသူတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတိုင်းကို Quarantine အလကားထားပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရ Quarantine ဝင်သူတွေအတွက် မလေးရှားရင်းဂစ် ၂၁၀၀ ကျော် ကုန်ကျတဲ့အတွက် မသန်စွမ်းသူတွေအတွက်ကိုသာ အကုန်အကျခံပေးသွားမယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့ ကျောင်းသားတွေအနေနဲ့ အစိုးရက သတ်မှတ်ပေးထားတဲ့ ဟိုတယ်တွေမှာ Quarantine ဝင်ရမှာဖြစ်ပြီး ၁ ရက်ကို မလေးရှားရင်းဂစ် ၁၅၀ ကုန်ကျမှာပဲ ဖြစ်ပါတယ်။
ယီမင်နိုင်ငံကနေ မလေးရှားနိုင်ငံရဲ့ ပြည်နယ်ဖြစ်တဲ့ Kelantan ကို ပြန်လာသူတွေအနေနဲ့ကတော့ မလေးရှားရင်းဂစ် ၁၈၉၀ လောက် အကုန်အကျခံဖို့ လိုအပ်ပါတယ်။ မလေးရှားအစိုးရအနေနဲ့ ဇူလိုင် ၂၄ ရက်နေ့အထိ ဟိုတယ် ၃၂၂ လုံးမှာ Quarantine ထားပေးခဲ့ပြီး ကုန်ကျငွေ ရင်းဂစ် ၁၁၅ ဒဿမ ၉ သန်း ကုန်ကျခဲ့ပါတယ်။
COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံမှာ Quarantine စင်တာ ၁,၅၇၂ ခုအထိ အသုံးပြုခဲ့ပါတယ်။ နေအိမ် Quarantine ၃၂၂ ခုမှာလည်း လူပေါင်း ၁ သိန်းကျော်အထိ Quarantine ထားပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေအနေနဲ့ လည်း Quarantine စရိတ်ကို ကိုယ်တိုင် ကုန်ကျခံရမယ်လို့ သိရပါတယ်။
Ref: thestar
You may also like these storeis:
ကိုဗစ်ကြောင့် ကိုရီးယားနာမည်ကျော် ရွှံ့ပွဲတော်ကို အွန်လိုင်းကနေ ကျင်းပ
အိန္ဒိယမှာ လက်သန့်စင်ဆေးရည် သောက်မိရာက လူ ၁၀ ဦး သေဆုံး
ဗီယက်နမ်မှာ ပထမဆုံးအကြိမ် ကိုဗစ်ကြောင့် လူသေဆုံး