Trend

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှမှာ အများဆုံးတွေ့ရတဲ့ Civet cat ကြောင်လေးကို လှောင်အိမ်ထဲထည့်ပြီး ဆိုရှယ်မီဒီယာ ပေါ်တင်ရောင်းနေတဲ့ ကြော်ငြာတခုဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ Facebook ကနေ ဖြုတ်ချခဲ့တဲ့ တရားမဝင် ရာနဲ့ချီ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ရေး ကြော်ငြာတွေထဲက တခု ဖြစ်ပါတယ်။

“မရိုင်းမယဉ် တောကောင်လေးတွေ စိတ်ဝင်စားရင် ဖုန်းခေါ်လိုက်ပါ…” ဆိုတဲ့ မြန်မာနိုင်ငံက Facebook အသုံးပြုသူ တောကောင် အရောင်းအဝယ် သမားတယောက်က တင်ထားတာပါ။ Facebook က တိရစ္ဆာန် ရောင်းချတာတွေကို တားမြစ်ထားပါတယ်။

၂၀၂၀ ခုနှစ်ရဲ့ ပထမ ၅ လအတွင်း World Wide Fund (WWF) ရဲ့ လေ့လာချက်တွေအရ မြန်မာနိုင်ငံ တနိုင်ငံတည်းမှာတင် တောရိုင်းတိရစ္ဆာန်မျိုးကွဲ ၉၄ မျိုးနဲ့ အကောင်ပေါင်း ၂,၁၄၃ ကောင်ကျော် ရောင်းဝယ် ဖောက်ကားမှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေးပို့စ်တွေထဲက အဓိက ၉၂ ရာခိုင်နှုန်းက သားရဲငှက်အရှင်တွေနဲ့ တောကြောင်၊ ရှားပါးမျောက်မျိုးစိတ်တွေ၊ အောက်ချင်းငှက်မျိုးနွယ်တွေကို ဝယ်ယူမှုများပြားတယ်လို့ ဆိုပါတယ်။

တောရိုင်းတိရစ္ဆာန် ကူညီရေးအဖွဲ့အစည်းတွေဘက်ကလည်း ကိုယ်ပိုင်အကောင့်၊ Group စတဲ့ ပို့စ်ပေါင်း ၅၀၀ ကျော်ကို ဧပြီကနေ ဇူလိုင်အတွင်း Facebook ကို သတင်းပို့ခဲ့တာကြောင့် ပျက်သွားတယ်လို့ ပြောပြပါတယ်။ Facebook ဘက်ကလည်း သတိပေးချက်တွေနဲ့ ညှိနေတဲ့ content တွေကို သတိထားမိတာနဲ့ ချက်ချင်း ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တရားမဝင် တောရိုင်းတရိစ္ဆာန်ရောင်းဝယ်မှုကို ကိုင်တွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက အာဏာပိုင်တွေ ချမှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ ကူညီလုပ်ဆောင်နေပါတယ်” လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဟာ ဒေါ်လာထောင်နဲ့ချီ ဝင်ငွေရှိနေတဲ့ ကမ္ဘာ့လုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေးအတွက် အဓိကနေရာဖြစ်နေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ အဓိကအနေနဲ့ ဆိုရှယ်မီဒီယာ အသုံးများလာတာဟာ အရင်ထက် ရောင်းဝယ်ဖောက်ကားမှုတွေ အလွယ်တကူ လုပ်လာနိုင်တာကြောင့် ဖြစ်ပါတယ်။

“နိုင်ငံတိုင်းမှာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေ မြင့်တက်လာတာပါ။ ၂၀၁၅ ခုနှစ်ကစလို့ online ပေါ်ကနေ တောရိုင်းတိရစ္ဆာန် ပစ္စည်းရောင်းချမှုဟာ ၂ ဆ မြင့်တက်လာတယ်” လို့ WWF ရဲ့ ဒေသတွင်း ပရိုဂရမ် မန်နေဂျာ Jedsada Taweenkan က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် ၁၇၅ မျိုးကို သားပေါက်နိုင်ဖို့အတွက် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်းကို သစ်တောဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အွန်လိုင်းပေါ်ကနေ တရားမဝင် တောရိုင်းတိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုတွေအတွက် ဒေသအသီးသီးက အစိုးရတွေမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲပါလို့ TRAFFIC က အကြီးတန်းဆက်သွယ်ရေးအရာရှိ Elizabeth John က ဆိုပါတယ်။

TRAFFIC က လေ့လာချက်တွေအရ ဇူလိုင်လအစောပိုင်းမှာတင် အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက Facebook နဲ့ Instagram က တဆင့် ဆင်စွယ်ရောင်းဝယ်မှု ၂,၄၈၉ ခု တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပို့စ်ပေါင်း ၆၀၀ ကျော်ကနေ ၅၅၇ ခုကိုလည်း Facebook ကနေ ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်ပါတယ်။ WWF ရဲ့ ပြောပြချက်အရ မြန်မာနိုင်ငံက Facebook အကောင့် ၄ ခုနဲ့ အဖွဲ့ဝင် ထောင်ကျော်ရှိတဲ့ Facebook Group တွေကိုလည်း ဖြုတ်ချလိုက်နိုင်ပြီလို့ ဆိုပါတယ်။

Ref: Bangkok Post

You may also like these stories:

မြန်မာနိုင်ငံတွင် မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သတ္တဝါ မျိုးစိတ်ပေါင်း ၃၀၀ ကျော်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading