လူသားတွေမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိတတ်ကြပါတယ်။ အခုလည်း အသက် ၃ နှစ်အရွယ် ကလေးတယောက်ဟာ ၃ ရက်အတွင်း ပေ ၁၀၀၀၀ အမြင့်ရှိတဲ့ ဆွစ်တောင်တန်းကို တက်နိုင်ခဲ့ပါတယ်။ လူသားတိုင်း ခရီးထွက်ကြဖို့ စိတ်ကူးယဉ်လေ့ ရှိကြပါတယ်။ အခု ကလေးငယ်ကတော့ တောင်တက်ခရီးသွားပြီး ကမ္ဘာ့အသက်အငယ်ဆုံး တောင်တက်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကလေးငယ်ဟာ အီတလီနဲ့ ဆွစ်ဇာလန်နိုင်ငံ နယ်စပ်မှာရှိတဲ့ Piz Badile ဆိုတဲ့တောင်ကို တက်ရောက်ခဲ့ပါတယ်။ Piz Badile တောင်ဟာ ၃၃၀၈ မီတာ (၁၀၈၅၃ ပေ) အမြင့် ရှိတဲ့တောင် ဖြစ်ပါတယ်။
Jack Houlding ဆိုတဲ့ ကမ္ဘာ့အသက်အငယ်ဆုံး တောင်တက်သမားလေးဟာ Freya ဆိုတဲ့ အသက် ၇ နှစ်အရွယ် အစ်မဖြစ်သူနဲ့ တောင်တက်ခဲ့သူ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ရဲ့တောင်တက်ခရီးစဉ်ကို မိဘတွေဖြစ်ကြတဲ့ Leo နဲ့ Jess တို့က အကူအညီပေးခဲ့ပါ တယ်။
ဖခင်ဖြစ်သူ Leo ဟာ ကျွမ်းကျင်တဲ့ တောင်တက်သမားဖြစ်ပြီး အသက် ၄၀ ရှိပါပြီ။ မိခင်ဖြစ်သူ Jessica ကလည်း စွန့်စားရတဲ့ တောင်တက်ခရီးစဉ်တွေကို ဝါသနာပါသူတယောက်ဖြစ်ပြီး အသက် ၄၁ နှစ် ရှိပါပြီ။ တောင်တက်ခရီးစဉ်တွေကို ဝါသနာပါသူတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ကလေး ၂ ယောက်ကို ပေ ၁၀၀၀၀ အမြင့်အထိ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် ၇ နှစ်အရွယ် Freya က အကူအညီ မပါဘဲ တောင်တက်နိုင်ခဲ့တဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး ကလေးဖြစ်လာပြီး အသက် ၃ နှစ်အရွယ် Jackson ကတော့ ပေ ၁၀၀၀၀ အမြင့် ထိတက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ကလေးငယ် ဖြစ်လာခဲ့ပါတယ်။
ဖခင်ဖြစ်သူကလည်း သူသမီးဖြစ်သူဟာ တောင်တက်ခရီးစဉ်တလျှောက်လုံး ဘယ်သူ့အကူအညီမှ မပါဘဲ တက်ရောက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ သူက သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ အသက် ၇ နှစ် ပြည့်ခဲ့တယ်လို့ ပြောပါတယ်။
သားဖြစ်သူ Jackson ကိုတော့ ခရီးစဉ်တလျှောက်လုံးနီးပါး ဇနီးဖြစ်သူက ကုန်းပိုးပြီးသယ်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။ သူကတော့ ခရီးစဉ်အတွက် လိုအပ်တဲ့ အစားအစာနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေကို သယ်ယူခဲ့ပါတယ်။
Ref: timesofindia
You may also like these stories:
အသက် ၃၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ ဂျပန်မင်းသား Haruma Miura
အသက် ၉၆ နှစ် ရောက်မှ ဘွဲ့ရခဲ့တဲ့ အီတလီ အဘိုးအို