Trend

ဖီလာဒဲလ်ဖီးယားမှာ ပျမ်းမျှ တပတ်ကို ကလေး ၃ ယောက်နှုန်း သေနတ်ပစ်ခံရ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာ ၂၀၂၀ ခုနှစ်အတွင်း အသက် ၁၈ နှစ် အောက် ကလေးငယ် အနည်းဆုံး ၉၈ ယောက် သေနတ်နဲ့ ပစ်ခံခဲ့ရတာကြောင့် တပတ်ကို ၃ ယောက်နှုန်း ရှိလာတယ်လို့ ဖီလာဒဲလ်ဖီးယားရဲဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အချက်အလက်တွေအရ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၁ ယောက်အထိ ပါဝင်နေပါတယ်။ ဒီထဲမှာ အသက်ငယ်ဆုံးကတော့ ၇ လသား ကလေးငယ်ဖြစ်ပြီး ဖေဖော်ဝါရီလက ပစ်ခတ်မှုမှာ ဝမ်းဗိုက် ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ ကလေးရဲ့ မိခင်ဖြစ်သူလည်း သေဆုံးခဲ့ပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အမှုကတော့ သြဂုတ် ၅ ရက် ညပစ်ခတ်မှုမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ရင်ဘတ် သေနတ်ထိမှန်ခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ Temple University ဆေးရုံကို တင်ပို့ ကုသထားပြီး အခြေအနေ ပြန်တည်ငြိမ် ကောင်းမွန်လာပြီလို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုအတွက် သေနတ်သမားကို အခုချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

သြဂုတ်လ ၁ ရက်နေ့ကလည်း အသက် ၇ နှစ်အရွယ် ယောက်ျားလေးတဦး ဦးခေါင်းပစ်ခတ်ခံရပြီးနောက် သေဆုံးသွားမှုကို ၃ ရက်အကြာမှ ရဲဌာနဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ သေဆုံးမှုကို ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အတွင်း သေစေနိုင်လောက်တဲ့ ပစ်ခတ်မှုစာရင်းမှာ မထည့်ခဲ့သလို ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။

ဖီလာဒဲလ်ဖီးယား ရဲဌာနအကြမ်းဖက်ကာကွယ်ရေးရုံးက ပြောရေးဆိုခွင့်ရှိသူ Dave Kinchen က “အခုလို အကြမ်းဖက်မှု အရေအတွက် တိုးပွားလာတာ တကယ့်ဝမ်းနည်းစရာပါပဲ” လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ချက်ကို ပြောပြခဲ့ပါတယ်။

“အရင်အပတ်လေးတင်ပဲ ဒီမြို့ထဲမှာ သေနတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ လူတစုကို ပစ်မှတ်ထားပြီး အကြမ်းဖက်ကာကွယ်ရေး နည်းဗျူဟာတွေ လုပ်ဆောင်ဖို့ စတင်ခဲ့တာပါ။ သေနတ်ပစ်ခတ်မှုတွေ လုံးဝ ရပ်သွားတဲ့ထိ လုပ်ဆောင်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပါပြီ” လို့ Kinchen က ဆိုပါတယ်။

“ပစ်ခတ်မှုတခုကို ရပ်တန့်လိုက်နိုင်ရင် နောက်ဖြစ်လာမယ့် ပစ်ခတ်မှုတွေကိုပါ ရပ်ပစ်နိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး Kinchen က ပြောပြခဲ့ပါတယ်။ ကလေးငယ်တွေဟာ သူတို့မိခင်တွေ၊ ညီအစ်ကို မောင်နှမတွေနဲ့အတူ နေ့စဉ်လှုပ်ရှားသွားလာနေရင်း သေနတ်ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင်လ အမေရိကန်လွတ်လပ်ရေးနေ့ ပိတ်ရက်ချိန်တုန်းကလည်း နိုင်ငံတဝှမ်းမှာ အသက် ၆ နှစ်ကနေ ၁၄ နှစ် အတွင်း ကလေးငယ် ၆ ဦးခန့် ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ရပါသေးတယ်။အမေရိကန်နိုင်ငံတဝှမ်း ၂၀၂၀ ခုနှစ်အတွင်း သေနတ်ပစ်ခတ် အကြမ်းဖက်မှုတွေနဲ့ လူသတ်မှု ကျူးလွန်မှုတွေ များပြားလာတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Ref: edition.cnn

You may also like these stories:

COVID-19 ကို ထိန်းချုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

Did you find apk for android? You can find new Free Android Games and apps.
Loading